မင်းပြောက် သီဟပတေ့

စစ်ကိုင်းဘုရင်
(မင်းပြောက် မှ ပြန်ညွှန်းထားသည်)


မင်းပြောက် သီဟပတေ့ (၁၃၀၅–၁၃၆၄) သည် ၁၃၅၂ ခုနှစ်မှ ၁၃၆၄ ခုနှစ်အထိ စစ်ကိုင်းထီးနန်းကို အုပ်စိုးခဲ့သော ဘုရင်တစ်ပါး ဖြစ်သည်။ စိုးမင်းကိုယ်တော်ကြီးမင်းသမီးအား လက်ထပ်ကာ အာဏာ ရရှိလာသူ ဖြစ်သည်။ သူသည် စစ်ကိုင်းနေပြည်တော်၏ လှုပ်လှုပ်ရှားရှားအချိန် (၁၃၅၆−၆၄) ကာလတွင် စစ်ကိုင်းထီးနန်းကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ပင်းယနေပြည်တော်နှင့် ငြိမ်းချမ်းရေးထူထောင်ထားသည့် ကာလတွင် ဖြစ်သော်လည်း မောဝ်ရှမ်းတို့၏ လာရောက်တိုက်ခိုက်မှုနှင့် တွေ့ကြုံခဲ့ရသည်။ ၁၃၆၄ ဧပြီတွင် စစ်ကိုင်းသို့ မောဝ်ရှမ်းတို့ လာရောက်တိုက်ခိုက်ချိန်တွင် အာဏာဆုံးရှုံးခဲ့ရပြီး ထွက်ပြေးခဲ့သည်။ သို့သော် စစ်ကိုင်းတောင်ဘက် ကြခတ်ဝရာတွင် တူတော် သတိုးမင်းဖျားသတ်သဖြင့် ကွယ်လွန်ခဲ့သည်။

မင်းပြောက် သီဟပတေ့
စစ်ကိုင်းဘုရင်
နန်းသက်၂၃ ဖေဖော်ဝါရီ ၁၃၅၂ – ဧပြီ ၁၃၆၄
နန်းတက်ချိန်၂၃ ဖေဖော်ဝါရီ ၁၃၅၂
ရှေ့မင်းဆက်တရဖျားငယ်
ဆက်ခံသူသတိုးမင်းဖျား
မွေးဖွား၂၈ အောက်တိုဘာ ၁၃၀၅
မြန်မာသက္ကရာဇ် ၆၆၇၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်
ပုဂံ?
မြင်စိုင်းခေတ်
ကွယ်လွန်c. မေ ၁၃၆၄ (အသက် ၅၈)
c. မြန်မာသက္ကရာဇ် ၇၂၆၊ နယုန်လ
ကြခတ်ဝရာ၊ စစ်ကိုင်းနေပြည်တော်
ကြင်ရာတော်စိုးမင်းကိုယ်တော်ကြီး
သားသမီးများစောတော်ဦး
စံအိမ်စစ်ကိုင်း
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

မင်းပြောက် သီဟပတေ့ သည် တရဖျားငယ်မင်း၏ ယောက်ဖဖြစ်သည်။ မင်းမျိုးမဟုတ်။ မင်းပြောက်သည် ၁၃၅၃ (ကောဇာ သက္ကရာဇ်-၇၁၄)တွင် နန်းတက်သည်။ ပင်းယရှိ နရသူ (မောပါမင်း)နှင့် မသင့်တင့်ပေ။ နရသူ၏ ဖိတ်ကြားမှုကြောင့် မောရှမ်း သိုချည်ဘွားတို့ လာရောက်တိုက်ခိုက် သည်။[၁]ထိုတွင် ထိုသတင်းကို မင်းပြောက်ကျားလျှင် တူတော်သူ ရာဟုလာ(နောင်တွင် သတိုးမင်းဖျား ဖြစ်မည့်သူ) အားတကောင်းမှ ဆီးကြိုတိုက်စေသော်လည်း အင်အားချင်းမမျှသဖြင့် ဆုတ်ရသည်။ မင်းပြောက်လည်း အမျက်ထွက်ကာ ရာဟုလာအား သံခြေချင်းဖြင့် ကြခတ်ဝရာသို့ ပို့လေသည်။ နောက်ဆုံးတွင် မောဝ်ရှမ်းတို့၏ ရန်စစ်ကိုမခုခံနိုင်သဖြင့် ထွက်ပြေးရသည်။ ကြခတ်ဝရာသို့ ရောက်လျှင် တူတော်ရာဟုလာက အငြိုးဖြင့် သတ်သဖြင့် လွန်လေသည်။ [၂]

အစောပိုင်းဘဝ

ပုဂံ မိဖုရားစော၏ အစ်မတော်၏ မြေးဖြစ်ကြောင်းမှလွဲ၍ မင်းပြောက်သီဟပတေ့၏ အစောပိုင်းအကြောင်းအရာများ သို့မဟုတ် မျိုးရိုးအကြောင်းအရာများ မသိရှိရပေ။[၃] ထို့ကြောင့် သူသည် မိဖုရား ရတနာပုံ နှင့် နရသီဟပတေ့တို့၏ မြေးဖြစ်သည်။[note ၁] ဖခင်သည် စစ်ကိုင်းနန်းတော်တွင် အမတ်တစ်ယောက်ဖြစ်သည့် အတွက်[note ၂] သီဟပတေ့သည် စစ်ကိုင်းဘုရင်များလက်အောက်တွင် အမှုထမ်းခဲ့သည်။ ၁၃၅၁ နှောင်းပိုင်းနှင့် ၁၃၅၂ အစောပိုင်းတွင်[note ၃] သီဟပတေ့သည် စစ်ကိုင်းမင်းဆက် တည်ထောင်သူ အသင်္ခယာ စောယွန်း၏ သမီးတော်၊ မကြာသေးမီက မုဆိုးမဖြစ်ခဲ့သူ စိုးမင်း မင်းသမီးနှင့် လက်ထပ်ခဲ့သည်။[၃] ၁၃၅၂ ဖေဖော်ဝါရီတွင် ကွယ်လွန်ခဲ့သော စိုးမင်း၏ နောင်တော်ဘုရင် တရဖျားငယ်၏ ကွယ်လွန်ချိန်ထက် လက်ထပ်ချိန် စောမစောကိုမူကား ရှင်းလင်းစွာ မသိရပေ။ တရဖျားငယ်သည် ကွယ်လွန်ချိန်တွင် ထီးနန်းဆက်ခံမည့်သူ မရှိခဲ့သည့်အတွက် လွှတ်တော်ရုံးသည် သီဟပတေ့အား နန်းတင်ခဲ့သည်။[note ၄] စိုးမင်းမင်းသမီးအား သီဟပတေ့၏ လက်ထပ်မှုသည် ထီးနန်းတက်ရာတွင် တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်။

ဘုရင်အဖြစ် အုပ်ချုပ်စဉ်ကာလ

သီဟပတေ့၏ အစောပိုင်း ထီးနန်းကာလသည် ငြိမ်းချမ်းမှုရှိခဲ့သည်။ သူသည် မြစ်တစ်ဖက်ကမ်း ပြိုင်ဖက် ပင်းယနေပြည်တော်နှင့် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော် ၁၃၅၅ ခုနှစ်တွင် မြောက်ပိုင်းရှမ်းပြည်မှ မောဝ်ရှမ်းတို့သည် မွန်ဂိုများထံမှ လွတ်လပ်ရေးရရှိသွားပြီးနောက် တောင်ဘက်သို့ နယ်ချဲ့လာခဲ့ကြသည်။[၄] ၁၃၅၆−၅၇ ခြောက်သွေ့ရာသီတွင် ရှမ်းတပ်များသည် စစ်ကိုင်းပိုင်နက် မြောက်ပိုင်းကို ကျူးကျော်လာခဲ့ကြသည်။[၅] ယင်းအချိန်တွင် စစ်ကိုင်းသည် ခုခံနိုင်သေးသော်လည်း ရန်သူ၏ တပ်များသည် အန္တရာယ်ရှိလာနိုင်သည်ကို သီဟပတေ့နှင့် စိုးမင်းတို့ သိရှိလာခဲ့သည်။ ထို့ကြောင့် ပင်းယနှင့် အနီးကပ် မဟာမိတ်ပြုရန် ကြိုးပမ်းခဲ့ကြသည်။ ၁၃၅၇/၅၈ တွင် စိုးမင်း၏ သမီးတော်ကြီး ရှင်စောကြီးမင်းသမီးအား ပင်းယဘုရင် လေးစီးရှင် ကျော်စွာထံ ဆက်သခဲ့သည်။[၆]

မဟာမိတ်ပြုမှုသည် သိသာသော အကျိုးဖြစ်ထွန်းမှု မရှိခဲ့ပေ။ ထိုစဉ်က ငါးစီးရှင်ကျော်စွာသည် ကျောက်ဆည်မြို့တော်ဒေသတစ်ဝိုက်တွင်သာ အုပ်စိုးနိုင်ပြီး စစ်ကိုင်းအား ကူညီရန် လူသူအင်အား လုံလောက်စွာမရှိခဲ့ပေ။ ၁၃၅၈−၅၉ တွင် ရှမ်းတပ်များ ထပ်မံလာရောက်တိုက်ခိုက်ချိန်တွင် ပင်းယလက်အောက်ခံ တောင်ငူသည် ထကြွပုန်ကန်ခဲ့ကြသည်။[၆] ထိုအဖြစ်အပျက်သည် စစ်ကိုင်းနှင့် ပင်းယပိုင်နက်များအား ရှမ်းတပ်များက မြောက်ဘက်မှနေ၍ စီးနင်းတိုက်ခိုက်ရန် အခွင့်ဖြစ်ခဲ့သည်။ ယင်းသို့ မငြိမ်မသက် ဖြစ်နေချိန် ၁၃၅၉ မတ်လတွင် လေးစီးရှင် ကျော်စွာ ကွယ်လွန်ခဲ့သည်။[၇] စီးနင်းတိုက်ခိုက်မှုများမှ အကြီးအကျယ်ထိခိုက်မှုကြောင့် ပင်းယဘုရင်သစ် မောပါ နရသူသည် မဟာမိတ်အဖြစ်မှ ဖယ်ထွက်ခဲ့သည်။[၃]

စစ်ကိုင်းသည် ရှမ်းတပ်များအား တစ်ကိုယ်တည်း ခုခံခဲ့ရသည်။ ၁၃၆၀/၆၁ တွင် သီဟပတေ့သည် စစ်ကိုင်းပိုင်နက် မြောက်ဘက်ဆုံးရှိ တကောင်းမြို့စား သတိုးမင်းဖျားကို ခုခံစေခဲ့သည်။ သို့သော် ရွပ်ရွပ်ချွံချွံ ခုခံသော်လည်း အင်အားချင်းမမျှသဖြင့် ဆုတ်ခွာရလေသည်။ ၁၃၆၂–၆၃ တွင် ရှမ်းတပ်များသည် တကောင်းကိုသာမက တောင်ဘက်ပိုင်း ပင်းယအထိပါ ဝင်ရောက်လာခဲ့သည်။[၇] တဆက်တည်းလိုပင်၊ ပင်းယသည် မောဝ်ရှမ်းများနှင့် မဟာမိတ်ပြုလိုက်ကာ စစ်ကိုင်းအား ပူးပေါင်းတိုက်ခိုက်ခဲ့လေသည်။ ယင်းနောက် ရှမ်းတပ်များသည် တကောင်းကို သိမ်းပိုက်ခဲ့ရာ သတိုးမင်းဖျားသည်လည်း ထွက်ပြေးခဲ့ရသည်။ သီဟပတေ့သည် အမျက်ထွက်ပြီး သတိုးမင်းဖျားအား စစ်ကိုင်းတောင်ဘက် ကြခတ်ဝရာ သို့ သံခြေချင်းခတ်၍ ပို့လေသည်။[၃]

သီဟပတေ့သည် ရှမ်းတပ်များသည် နိုင်ငံတဝှမ်း နောက်တဖန်လာရောက်တိုက်ခိုက်နိုင်သည်ကို မျှော်မှန်းထားသော်လည်း မြို့တော် စစ်ကိုင်းအား ဝိုင်းဝန်းလုပ်ကြံမည်ကိုကား မမျှော်လင့်ထားပေ။ ရှမ်းတပ်များသည် စစ်ကိုင်းအား သုံးဖက်သုံးတန်မှ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။ ၁၃၆၄ ဧပြီတွင် ရှမ်းတပ်များ မြို့တွင်းသို့ ရောက်ရှိလာခဲ့ကြသည်။ အထိတ်တလန့်ဖြစ်နေသာ စစ်ကိုင်းပြည်သူပြည်သားများက ဧရာဝတီမြစ်တစ်ဖက်ကမ်း ပင်းယသို့ ပြေးကြသော်လည်း သီဟပတေ့နှင့် မင်းမျိုးမိသားစုတို့သည် ကြခတ်ဝရာသို့ လှေဖြင့် ပြေးကြသည်။ သို့သော် ကြခတ်ဝရာတွင် သတိုးမင်းဖျားက သီဟပတေ့အား သတ်စေကာ ထီးနန်းကို သိမ်းပိုက်ခဲ့သည်။[၆]

ရာဇဝင်ကျမ်းများ၏ ကွဲလွဲမှုများ

မြန်မာရာဇဝင်ကျမ်းများတွင် မင်းပြောက် သီဟပတေ့၏ မွေးဖွားရက်နှင့် ကွယ်လွန်ရက်များ ကွဲလွဲလျက်ရှိသည်။

ရင်းမြစ်မွေးဖွား–ကွယ်လွန်အသက်နန်းသက်ထီးနန်းသက်တမ်းကိုးကား
ဇာတာတော်ပုံ ရာဇဝင်၂၈ အောက်တိုဘာ ၁၃၀၅ – ၁၃၆၄၅၈၁၃၅၅ – ၁၃၆၄[note ၅]
မဟာရာဇဝင်ကြီးc. ၁၃၁၂ – c. မေ ၁၃၆၄၅၂၁၃၅၄/၅၅ – ဧပြီ ၁၃၆၄၁၀[၈][note ၆]
မဟာရာဇဝင်သစ်c. ၁၃၁၀ – ၁၃၆၄/၆၅၅၄၂၃ ဖေဖော်ဝါရီ ၁၃၅၂ – ၁၃၆၄/၆၅၁၃[၉]
မှန်နန်း ရာဇဝင်c. ၁၃၁၀ – c. မေ ၁၃၆၄၅၄၁၁ ဖေဖော်ဝါရီ ၁၃၅၃ [sic] – ဧပြီ ၁၃၆၄၁၃ [sic][note ၇]
မှန်နန်း (reconciled)၂၃ ဖေဖော်ဝါရီ ၁၃၅၂ – ဧပြီ ၁၃၆၄၁၂

မှတ်စုများ

ကိုးကား

ကျမ်းကိုးစာစုများ

  • ဘရှင်, ဗိုလ်မှူး (၁၉၆၆). "ပုဂံခေတ် ဖွားစောများ" (in မြန်မာဘာသာ). ရန်ကုန်: နိုင်ငံသမိုင်းသုတေသနဦးစီးဌာန.  Archived 4 March 2016 at the Wayback Machine.
  • Royal Historians of Burma (c. ၁၆၈၀)။ ဦးလှတင် (လှသမိန်) (ed.)။ ဇာတာတော်ပုံ ရာဇဝင် (၁၉၆၀ ed.)။ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်ရုံး။
  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • မဟာစည်သူ (၁၇၉၈)။ မြင့်ဆွေ (ပထမအကြိမ်)၊ ကျော်ဝင်းနှင့် သိန်းလှိုင် (ဒုတိယအကြိမ်) (eds.)။ မဟာရာဇဝင်သစ်၁–၃ (၂၀၁၂၊ ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။ Cite uses deprecated parameter |editors= (အကူအညီ)
  • တော်ဝင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေး ဝန်ကြီးဌာန။
  • သန်းထွန်း (ဒီဇင်ဘာ ၁၉၅၉). "History of Burma: A.D. 1300–1400" XLII. 
  • သန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ရန်ကုန်: မဟာဒဂုံ။
မင်းပြောက် သီဟပတေ့
မွေးဖွား ၂၈ အောက်တိုဘာ ၁၃၀၅ ကွယ်လွန် c. မေ ၁၃၆၄
Regnal titles
ယခင်က
တရဖျားငယ်
စစ်ကိုင်းဘုရင်
၂၃ ဖေဖော်ဝါရီ ၁၃၅၂ – ဧပြီ ၁၃၆၄
ဆက်ခံသူ
သတိုးမင်းဖျား


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ