မဉ္ဇူရီနယ် အက်ဘီမြို့ပြင်က ဘေဘုတ်သုံးခု (ရုပ်ရှင်)

မဉ္ဇူရီနယ် အက်ဘီမြို့ပြင်က ဘေဘုတ်သုံးခု သည် ၂၀၁၇ ထွက် အမေရိကန် ရုပ်ရှင်ဖြစ်ပြီး မာတင် မက်ဒိုနာ့ ရိုက်ကူးသည်။ အမေရိကန်၌ နိုဝင်ဘာလတွင် ရုံတင်ပြီး ဗြိတိန်၌ ၂၀၁၈ ခု၊ ဇန်နဝါရီလရောက်မှ ပြဖြစ်သည်။ ကမ္ဘာ့အထွာနှင့် ပြသငွေ ဒေါ်လာ(၁၅၉) သန်း ရသည်။

Three Billboards Outside Ebbing, Missouri
အခြေခံအချက်အလက်
ဒါရိုက်တာMartin McDonagh
ထုတ်လုပ်သူ
  • Graham Broadbent
  • Peter Czernin
  • Martin McDonagh
စာရေးသူမာတင် မက်ဒိုနာ့
သရုပ်ဆောင်
  • Frances McDormand
  • Woody Harrelson
  • Sam Rockwell
  • Abbie Cornish
  • John Hawkes
  • Peter Dinklage
ဂီတမှူးCarter Burwell
ဓာတ်ပုံBen Davis
တည်းဖြတ်Jon Gregory
ထုတ်လုပ်ရေး
ကုမ္ပဏီ
ကြာမြင့်ချိန်
115 minutes[၂]
နိုင်ငံ
  • United Kingdom
  • United States
ဘာသာစကားEnglish
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • စက်တင်ဘာ ၄၊ ၂၀၁၇ (၂၀၁၇-၀၉-၀၄) (Venice)
  • နိုဝင်ဘာ ၁၀၊ ၂၀၁၇ (၂၀၁၇-၁၁-၁၀) (United States)
  • ဇန်နဝါရီ ၁၂၊ ၂၀၁၈ (၂၀၁၈-၀၁-၁၂) (United Kingdom)
ထုတ်ဝေသူFox Searchlight Pictures[၁]
ကုန်ကျငွေ$12–15 million[၃][၄]
ရောင်းရငွေ$159.2 million[၅]

အကြိမ် (၉၀) မြောက် အော်စကာဆု ပေးပွဲတွင် ဆု (၇) ဆု ဇကာတင်ဝင်ပြီး (၂) ဆု ရသည်။ ရွှေကမ္ဘာလုံးဆု (၄) ဆု ရသည်။ ဘက်ဖတာဆု (၅) ဆု ရသည်။

ဇာတ်လမ်းအကျဉ်း

မဉ္ဇူရီနယ်၊ အက်ဘီမြို့တွင် မေဒရတ်ဟေး (Mildred Hayes) မှာ သမီး အန်ဂျလာ (Angela) မတော်ပြုကာ အသတ်ခံရခြင်းကြောင့် ခုနှစ်လကြာသည့်တိုင် ပူဆွေးနေသည်။ ရဲတို့ ဆက်စုံစမ်းသည်လည်း မရှိရာ မေဒရတ်က မြို့ပြင်ရှိ ဘေဘုတ် (၃) ခုကို ငှားပြီး "သေလုမျောပါးဖြစ်နေတုန်း အဓမ္မကျင့်ခံရတယ်" (RAPED WHILE DYING)၊ "ခုထိလည်း လက်သည်မတွေ့ဘူးလား" (STILL NO ARREST?)၊ "ဘယ်လိုဖြစ်တာလဲ ရဲမှူးဝီလဘီ" (HOW COME, CHIEF WILLOUGHBY?) ဟူသော စာများ တင်လိုက်သည်။ ထိုဘုတ်များမှာ မြို့အား အရုပ်ဆိုးစေသည်ဟု ယူဆကာ မြို့ခံအများစုက မကျေနပ်။

ဝေလဘီ၏ သရက်ရွက်ကင်ဆာ ဇာတ်လမ်းကို လူတိုင်းသိနေရာ မေဒရတ်မှာ လူကြမ်းဖြစ်နေသည်။ အစွဲကြီးသော အရာရှိ ဂျေဆန် ဒီဆွန် (Jason Dixon) က ဘေဘုတ်ငှားလိုက်သူ ရက်ဝဲဘီ (Red Welby) ကို ပြဿနာ သွားရှာသည်။ မေဒရတ်နှင့် တွဲကာ ဆိုင်ဖွင့်နေသည့် ဒနိ (Denise) ကိုလည်း ဆေးခြောက်မှုနှင့် စိသည်။

မကြာခဏ သွေးအန်ပြီးနောက် ဝေဒနာခံစားကာ မသေချင်သည့် ဝေလဘီက မိမိကိုယ်ကို အဆုံးစီရင်သည်။ ဘေဘုတ်ကြောင့်ဟု ယူဆကာ မေဒရတ်ကို တိုက်ခိုက်သူများ ရှိလာသည်။ စိတ်မြန်သော ဂျေဆန်က ရက်ဝဲဘီကို ရိုက်နှိပ်ကာ ပြတင်းပေါက်မှ တွန်းချသည်။ သို့ဖြင့် သူလည်း အလုပ်ပြုတ်သွားသည်။

ဘေဘုတ်များ မီးရှို့ခံရသည်။ ရဲတို့က တာဝန်မယူပြန်။ မေဒရတ်က ရဲစခန်းအား အရက်ပုလင်းနှင့် မီးပစ်သည်။ ကံမလျော်စွာ ဝီလဘီ၏ စာကို ယူရန် ရောက်နေသည့် ဂျေဆန်ပါ မီးသင့်သွားသည်။

ဆေးရုံမှ ဆင်းပြီးနောက် ဘား၌ ရောက်နေစဉ် မိန်းမငယ်တဦးအား ဆွဲလှဲ အတင်းကာရော ပြုပုံကို ပြောနေသည့် လူတယောက်အား ဂျေဆန် တွေ့လိုက်သည်။ ထိုသူ၏ ကားလိုင်စင်မှာ အိုင်ဒါဟိုပြည်နယ် လိုင်စင်ဖြစ်ကြောင်း တွေ့၍ ဒီအန်အေရရန် အသတ်အပုတ် လုပ်ရသေးသည်။

စခန်းသို့ သတင်းပေးရာ ရဲမှူးသစ် အေဘာခရွန်ဘီ (Abercrombie) က အန်ဂျလာအမှု၏ အပြစ်သားနှင့် မကိုက်ကြောင်းပြောသည်။ ဂျေဆန်ကမူ ထိုသူမှာ အဓမ္မမှုတခုခုနှင့် ညှိရမည်ဟု ကောက်ချက်ချကာ အိုင်ဒါဟိုသို့သွား၍ ထိုသူအား လက်စတုံးမည့် မေဒရတ်နှင့် ပူးပေါင်းသည်။ လမ်းတွင် မေဒရတ်က ရဲစခန်းအား မီးရှို့သူမှာ သူပင်ဖြစ်ကြောင်း ဝန်ခံသည်။ ဂျေဆန်က ဘယ်သူရှိနိုင်သေးလို့လဲဟု ပြန်ပြောသည်။ နှစ်ဦးသား အခက်အခဲများကို ပြောဖြစ်ပြီးနောက် လုပ်ရမည့်နည်းလမ်းကို လမ်း၌ တိုင်ပင်သွားရန် သဘောညီကြသည်။

ဇာတ်ဆောင်များ

မေဒရတ် ဟေး အဖြစ် ဖရန့် မက်ဒေါမန် (Frances McDormand)

ဝီလီယံ ဝီလဘီ အဖြစ် ဝုဒီ ဟာရဲဆန် (Woody Harrelson)

ဂျေဆန် ဒီဆွန် အဖြစ် ဆမ် ရော့ဝဲ (Sam Rockwell)

ဇာတ်ကား ရိုက်ခတ်မှု

၂၀၁၈ ခု၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဂရမ်းဖဲတာဝါ မီးလောင်မှုအတွက် ဗန်ကားသုံးစီးငှား၍ လန်ဒန်မြို့ထဲ လှည့်လည် ဆန္ဒပြကြရာ အီလက်ထရောနစ်စခရင်များနှင့် ဇာတ်ကားထဲသို့ပင် "၇၁ ယောက် သေတယ်" (71 DEAD)၊ "မိတယ်ဆိုတာ မရှိဘူးလား" (AND STILL NO ARRESTS?)၊ "ဘယ်လိုဖြစ်တာလဲ" (HOW COME?) ဟူသော စာသားများ ဖော်ပြခဲ့သည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ