မယ်ဒန်မြို့

မယ်ဒန်မြို့ သည် အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမတြာပြည်နယ်၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ဆူမတြာကျွန်း၏ ဒေသတွင်း အချက်အချာဌာန နှင့် ငွေကြေးဆိုင်ရာဌာနလည်း ဖြစ်သည်။ ဂျကာတာမြို့ဆူရာဘာယားမြို့ နှင့် မာကတ်ဆာမြို့တို့နှင့် အတူ အင်ဒိုနီးရှား၏ ဗဟို ၄ မြို့ အဖြစ် သတ်မှတ်ကြသည်။[၁][၂] မြို့တော် နယ်နိမိတ်အတွင်း လူဦးရေ ၂.၂ သန်း ရှိပြီး[၃] မြို့ပြဧရိယာတွင် လူဦးရေ ၃.၄ သန်း ရှိသဖြင့် အင်ဒိုနီးရှားတွင် စတုတ္ထမြောက် အကြီးဆုံး မြို့ပြဒေသ ဖြစ်သည်။[၄]မယ်ဒန် မက်ထရိုပိုလစ်တန် ဒေသတွင် အနီးအနားရှိ ဘင်ဂျိုင်း နှင့် ဒေလီဆာဒန်း ခရိုင်တို့ အပြင် ကာရိုခရိုင်၏ တစိတ်တဒေသ ပါဝင်ပြီး ဂျားဗားကျွန်း၏ အပြင်ဘက်တွင် အကြီးဆုံးသော မက်ထရိုပိုလစ်တန် ဒေသ ဖြစ်ကာ ၂၀၁၀ ခုနှစ် လူဦးရေ စာရင်းအရ နေထိုင်သူ ၄,၂၂၀,၄၃၉ ဦး ရှိသည်။[၅] မယ်ဒန်သည် ယဉ်ကျေးမှုပေါင်းစုံသော မက်ထရိုပိုလစ် မြို့တော် နှင့် စည်ကားသော ကုန်သွယ်ရေးမြို့ ဖြစ်ပြီး မလက်ကာ ရေလက်ကြား နှင့် ထိစပ်နေသည်။ အင်ဒိုနီးရှား အနောက်ပိုင်းသို့ ဝင်ပေါက်ဖြစ်ပြီး ဘယ်လာဝမ် ဆိပ်ကမ်း နှင့် ကွာလာနာမူး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ ရှိပြီး ဆိပ်ကမ်းနှင့် လေဆိပ်မှ မြို့လယ်ခေါင်သို့ အခပေး အမြန်လမ်း နှင့် ရထားလမ်းတို့ ဖြင့် ဆက်သွယ်ထားသည်။

မယ်ဒန်မြို့မြင်ကွင်း


ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ