မယ်ရာဒစ်သ် ကော်ပိုရေးရှင်း

မယ်ရာဒစ်သ် ကော်ပိုရေးရှင်း (Meredith Corporation)သည် အမေရိကန်ပြည်ထောင်စုအိုင်အိုဝါပြည်နယ်၊ ဒယ်မွိုင်းန်မြို့ (Des Moines) အခြေစိုက် အမေရိကန်မီဒီယာလုပ်ငန်းစုကြီးတစ်ခု ဖြစ်သည်။ ၎င်းကုမ္ပဏီသည် မဂ္ဂဇင်းများ၊ ရုပ်မြင်သံကြားဌာနများ၊ ဝက်ဘ်ဆိုက်များနှင့် ရေဒီယိုအသံလွှင့်ဌာနများကို ပိုင်ဆိုင်သည်။ မယ်ရာဒစ်သ်၏ စာနယ်ဇင်းလုပ်ငန်းသည် စာဖတ်ပရိသတ် သန်း ၁၂၀ ကျော်ရှိပြီး၊ အခကြေးငွေပေး၍ ဖတ်ရှုရသော စာနယ်ဇင်းစောင်ရေ သန်း ၄၀ ကျော်ထုတ်ဝေရသည်။ ၎င်း၏ ဝက်ဘ်ဆိုက်များသို့ လစဉ်ပုံမှန် လာရောက် လည်ပတ်ကြည့်ရှုသူ(unique visitors)ပေါင်း ၁၃၅ သန်းနီးပါး ရှိသည်။ မယ်ရာဒစ်သ်၏ ရုပ်မြင်သံကြားဌာနများသည် အမေရိကန်အိမ်ထောင်စုများ၏ ၁၁% အထိ ရောက်ရှိထုတ်လွှင့်နိုင်စွမ်း ရှိသည်။[၁]

မယ်ရာဒစ်သ် ကော်ပိုရေးရှင်း
အမျိုးအစားအများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ
လုပ်ငန်းမီဒီယာလုပ်ငန်း
တည်ထောင်သူများအက်ဒဝင်သောမတ်စ်မယ်ရာဒစ်သ်
ဌာနချုပ်အမေရိကန်ပြည်ထောင်စုအိုင်အိုဝါပြည်နယ်၊ ဒယ်မွိုင်းန်မြို့ (Des Moines)
အရေးပါ ပုဂ္ဂိုလ်များ
  • Steve Lacy
  • (အလုပ်အမှုဆောင် ဥက္ကဋ္ဌ)
  • Tom Harty
  • (သမ္မတနှင့် အလုပ်အမှုဆောင် အရာရှိချုပ်)
ထုတ်ကုန်ပစ္စည်း
ဝင်ငွေDecrease $810.5 million (FY December 2019)
အသားတင် ဝင်ငွေDecrease $37.8 million (FY December 2019)
ရင်းနှီးမြှုပ်နှံမှုIncrease $6.727 billion (FY 2018)
စုစုပေါင်း ရှယ်ယာတန်ဖိုးIncrease $1.097 billion (FY 2018)
အလုပ်သမားဦးရေ7,915 (2018)
ဝက်ဘ်ဆိုက်meredith.com
ကိုးကား [၁]

သမိုင်းကြောင်း

အက်ဒဝင်သောမတ်စ်မယ်ရာဒစ်သ်သည် "Successful Farming"(အောင်မြင်သော လယ်ယာစိုက်ပျိုးရေး) ဟုခေါ်သော မဂ္ဂဇင်းကိုစတင်ထုတ်ဝေသော ၁၉၀၂ ခုနှစ်တွင် ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သည်။[၂] ၁၉၂၂ ခုနှစ်တွင် မယ်ရာဒစ်သ်သည် "Fruit, Garden and Home"(သစ်သီး၊ ဥယျာဉ်နှင့် အိမ်ဂေဟာ) မဂ္ဂဇင်းကို အိမ်ဂေဟာနှင့် မိသားစုဆိုင်ရာ မဂ္ဂဇင်းအဖြစ် စတင်ခဲ့သည်။[၂] ၁၉၂၄ ခုနှစ်တွင် ၎င်းမဂ္ဂဇင်းကို "Better Homes and Gardens"(ပိုကောင်းသော အိမ်ဂေဟာများနှင့် ဥယျာဉ်များ)မဂ္ဂဇင်း[၁][၂]ဟု အမည်ပြောင်းကာ ထုတ်ဝေခဲ့ပြီး၊ ပထမဆုံး မဂ္ဂဇင်းကို အမေရိကန်ငွေ ၁၀ ပြားဖြစ် ရောင်ချခဲ့သည်။ ၁၉၃၀-ခုနှစ်တွင် "The Better Homes and Gardens Cook Book"ဟုခေါ်သော ဟင်းချက်နည်းစာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။ ၁၉၄၆-ခုနှစ် တွင်ကုမ္ပဏီသည် အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ ဖြစ်လာခဲ့ပြီး၊ ၁၉၆၅-ခုနှစ်တွင် နယူးယောက်စတော့အိတ်ချိန်းတွင် စာရင်းဝင်ခဲ့သည်။[၂]

မယ်ရာဒစ်သ် မဂ္ဂဇင်းဌာန

မယ်ရာဒစ်သ် မဂ္ဂဇင်းဌာနလက်အောက်တွင် အောက်ပါ မဂ္ဂဇင်းများပါဝင်သည်။

ဒစ်ဂျစ်တယ် မီဒီယာ ပိုင်ဆိုင်မှုများ

  • Allrecipes.com[၄] (အစားအစာအခြေခံ လူမှုကွန်ယက် ဝန်ဆောင်မှု ဝက်ဘ်ဆိုဒ်)
  • mywedding.com[၅] (မင်္ဂလာဆောင်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု ဝက်ဘ်ဆိုဒ်)
  • Myspace (လူမှုကွန်ယက် ဝက်ဘ်ဆိုဒ်)

ကိုးကား

ဆက်စပ်သော ပြင်ပဝက်ဘ်ဆိုဒ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ