မိုးပွလူမျိုး

မိုးပွလူမျိုးများမှာ ပိုးကရင် အုပ်စုဝင် လူမျိုးတစ်မျိုး ဖြစ်သည်။ မိုးပွလူမျိုးတို့မှာ တောင်ငူခရိုင်၊ မော်ချီးကားလမ်း မိုင်တိုင်(၂၀)အနီး သံတောင်မြို့နယ်၊ မဲဖြူတိုက်၊ ဥသျှစ်ကုန်းနှင့် စည်ပင်ကြီးကျေးရွာတွင် နေထိုင်ကြသည်။ စကားသံနှင့် အခေါ်အဝေါ်များမှ အပ လူမှုရေးဆိုင်ရာ ရိုးရာဓလေ့များမှာ မွန်ကရင်၊ ပိုးကရင်များနှင့် များစွာကွာခြားနေကြောင်း တွေ့ရပေသည်။

မိုးပွတို့၏ စကားမှာ ပိုးကရင်များနှင့် များစွာတူညီသည်။ ယင်းလူမျိုးတို့၏ ပုံပြင်ဒဏ္ဍာရီများနှင့် ပါးစပ်ရာဇဝင်များတွင် မိုးပွများသည် တစ်ချိန်က ဒုံရင်းနှင့် သထုံခရိုင်များတွင် နေထိုင်ခဲ့ကြပြီး လူနေကျပ်တည်းသဖြင့် မူလလာလမ်းအတိုင်း တောင်ငူဘက်သို့ ဆုတ်ခွာခဲ့ရကြောင်း ပါရှိလေသည်။ ဘွဲမျိုးကွဲတို့၏ ပါးစပ်ရာဇဝင်အရ မိုးပွတို့မှာ ဖမ်းဆီးရမိသော ဘောဂလိဘက်မှ ပကူးကရင် သုံ့ပန်းများဖြစ်ပြီး ယင်းတို့ကို သံတောင်၊ တောင်ခြေအရပ်တွင် အစောင့်အရှောက်အဖြစ် ရွာတည်ပေးကာ နေထိုင်စေခဲ့ကြောင်းဖြင့် အဆိုရှိသည်။ [၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ