မုခ်ဝ:နည်းပညာ/အထူးဆောင်းပါးများ
Selected articles
The selected are what we believe to be the best articles in Wikipedia related to technology.
Usage
- Add a new selected article to the next available subpage.
- Update "max=" to new total for its {{ Random portal component }} on the main page.
Selected articles list
35 mm film
ရှေးအခါက ရေထဲ၌ တိုင်စိုက်လိုသည့်အခါတွင် သစ်သား မြေစေးတို့ဖြင့် ရေကာရိုင်ပတ် ပြုလုပ်၍ ရေထုတ်ပြီးမှ တိုင် စိုက်ထူလေ့ရှိသည်။ ယခုအခါတွင်လည်း ထိုနည်းအတိုင်း လိုက်နာနေကြ ပေသေးသည်။ သို့သော် ရေနက်လျှင် သာမန် ရေကာရိုင်ပတ်ဖြင့် တိုင်စိုက်ထူရန် မဖြစ်နိုင်သောကြောင့် ကေဆွန် ခေါ် ပြွန်ခေါင်းများကို အသုံးပြုရလေသည်။ ထိုသို့ အသုံးပြုသော ကေဆွန်များမှာ အများအားဖြင့် လေအားသုံးကေဆွန်များ ဖြစ်သည်။ အလုပ်သမားများ ဆင်း၍ အလုပ်လုပ်နေသော အောက်ဆုံး အဖျားပိုင်းသည် အောက်ပိတ် မရှိဘဲ သဲထဲရွှံ့ထဲသို့ ထိုးစိုက် စူးဝင်နိုင်ရန်အတွက် ချွန်ထက်ရ၏။ ဤသို့ဖြင့် ကေဆွန်ကို တဖြည်းဖြည်း မြေမာ သို့မဟုတ် အောက်ခံ ကျောက်ပျဉ်ထိအောင် ထိုးစိုက်နိုင်သည်။ ကေဆွန် အတွင်းရှိ မြေများ သဲများ စသည်တို့ကို တူးခြစ်ပြီးသော် ကွန်ကရစ် လောင်းထည့်ပေးခြင်းဖြင့် တံတားတိုင်ကြီးများကို အုတ်မြစ်ချ စိုက်ထူနိုင်ခဲ့လေသည်။
သို့သော် ဤသို့ ရေအောက်မြေထဲတွင် အလုပ်လုပ်ကိုင်ရသည် မှာ လွယ်ကူသည်မဟုတ်ပေ။ ကေဆွန်၏အောက်ဆုံး အကန့်တွင် အလုပ်သမားများ မြေကြီးကို တူးခြစ် ထုတ်ပစ်နေဆဲမှာပင် ထို
အကန့်အထက်ရှိ အပိုင်းတွင် ကွန်ကရစ် လောင်းထည့်ပေးရသည်။Nuclear weapon
Rocket
အရစ္စတိုတယ် အား ဘီစီ ၃၈၄တွင် ယနေ့ မက်စီဒိုးနီးယားနိုင်ငံ၊ စတာဂီရာ (Stagira) တွင် ဖွားမြင်သည်။ ဖခင်မှ ထင်ရှားသည့် ဆေးဆရာတစ်ဦး ဖြစ်သည်။ အသက် ၁၇ နှစ်တွင် ပလေတို(Plato)၏ အကယ်ဒမီကျောင်းတွင် တက်ရောက်ကာ ထိုခေတ်က အထက်တန်းကျသည့် ပညာရပ်များကို ဆည်းပူးသည်။ ထိုအချိန်မှစကာ ပလေတို ကွယ်လွန်သည့် နောက်ပိုင်းထိ စုစုပေါင်း နှစ်၂၀ ကြာ ထိုကျောင်းတွင် နေထိုင်ခဲ့သည်။ ဖခင်ထံမှ ဇီဝဗေဒ သဘောတရားများကို သဘောကျသည့်အလျှောက် လက်တွေ့သိပ္ပံကို ဦးစားပေးရန် အတွေးရခဲ့ဟန်တူသည်။ ပလေတိုထံတွင် တပည့်ခံစဉ်ကလည်း ဒဿနိကဗေဒဆိုင်ရာ ဈေးကစားခြင်း (Philosophical Specylation)ကို အထုံရခဲ့သည်။ [၁]
ဘီစီ ၃၄၂ တွင် မက်စီဒိုးနီးယားသို့ ပြန်ရောက်လျှင် ဘုရင် ဖိလစ်၏ဖိတ်ကြားမှုကြောင့် ထိုစဉ်က အသက် ၁၃ နှစ်သာရှိသေးသည့် အလက်ဇန္ဒား ၏ဆရာအဖြစ် တာဝန်ယူ သင်ကြားပေးခဲ့သည်။ နောင် ၇နှစ်ကျော်အကြာ အလက်ဇန္ဒားမင်းဖြစ်လျှင် အေသင်သို့ ပြန်လာပြီး လီစီယမ် (Lyceum) အမည်ရှိ ကိုယ်ပိုင်ကျောင်းတော်ကို တည်ထောင်ကာ ၁၂ နှစ် နေထိုင်ပြန်သည်။ ထို ၁၂နှစ်အတွင်း အလက်ဇန္ဒားက တိုက်သမျှစစ်ပွဲတိုင်းနိုင်၍ တွေ့သမျှသော အရှေ့တိုင်းမှ တိရစ္ဆာန်၊ အပင်၊ ပစ္စည်းပစ္စယတို့ကို ကျောင်းအတွက် သုတေသန လုပ်ရန် ထောက်ပံ့ပေးသည်။ တစ်ကြိမ်က အရစ္စတိုတယ်၏ တူတစ်ယောက်က အလက်ဇန္ဒားကို လုပ်ကြံရန် စီစဉ်ကြောင်း ပေါ်သဖြင့် အရစ္စတိုတယ်ကိုပါ သတ်ရန်စဉ်းစားသေးသည် ဟုဆိုသည်။
ဘီစီ ၃၂၃ တွင် အလက်ဇန္ဒားသေသော် အေသင်တွင် မက်စီဒိုးနီးယားဆန့်ကျင်ရေးသမား ဂရိမျိုးချစ်တို့ အာဏာရလာပြန်သည့်အတွက် မက်စီဒိုးနီးယားလူမျိုး ဖြစ်သည့် အရစ္စတိုတယ်မှာ အနေအထိုင် ခက်ခဲလာသည့် သဘောတွင်ရှိသည်။ အသက် ၆၇နှစ်အရွယ်ရှိ ဆိုကရေးတီးစ် (Socrates) ကဲ့သို့ အဖြစ်ဆိုးမျိုး မိမိမကြုံရန် ဉာဏ်ဖြင့်ဆင်ခြင်ပြီး အေသင်မှခွာရသည်။ ထိုသို့ ထွက်ပြေး ပုန်းအောင်းနေရင်း ဘီစီ ၃၂၂၊ အသက် ၆၂နှစ်တွင် ကွယ်လွန်ရှာသည်။
ကွယ်လွန်ချိန်တွင် ကျမ်းစာပေါင်း ၄၇ကျမ်းတိတိ ကျန်ရစ်သည်။ စွယ်စုံကျမ်းများဟု ဆိုရလောက်အောင်ပင် ဂန္ဓဝင်စာပေ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ သတ္တဗေဒ၊ ပထဝီဝင်၊ ရူပဗေဒ၊ ခန္ဓာဗေဒ (Anatomy)၊ ဇီဝကမ္မဗေဒ (physiology) တို့အပြင် အခြားအခြားသော သူ၏သိပ္ပံတွေ့ရှိချက် များစွာတို့ကို ရေးသား ချန်ရစ်ပေးခဲ့သည်။Laser
မုခ်ဝ:နည်းပညာ/အထူးဆောင်းပါးများ/4
Interstellar travel
မုခ်ဝ:နည်းပညာ/အထူးဆောင်းပါးများ/5