မေတ္တာသုတ်

မေတ္တသုတ် + မေတ္တာသုတ်သည် စုစုပေါင်း (၉)သုတ် ရှိပါသည်။

[၁]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဝိဝေကနိဿိတ၊ ဝိရာဂနိဿိတ၊ နိရောဓနိဿိတ၊ ဝေါဿဂ္ဂပရိဏာမီဖြစ်အောင် မေတ္တာဘာဝနာကို ပွားများအပ်၊ ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် များစွာ ချမ်းသာစွာနေခြင်းငှာ ဖြစ်၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဗြဟ္မဝိဟာရတရား လေးပါးတို့တွင် တစ်ပါးပါးကို ဟောတော်မူသည့်အတိုင်း ပွားများသောအကျိုးနှင့် သုတဝန္တအရိယာသာဝကနှင့် အဿုတဝန္တပုထုဇဉ်တို့ ခြားနားပုံကို တစ်ပါးစီ တစ်ပါးစီ ခွဲစိတ်၍ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၃]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အထက်သုတ်ဒေသနာတော်အတိုင်းပွားများပြီး ယင်းတို့၌ရှိသော ခန္ဓာငါးပါးတို့ကို အနိစ္စအစရှိသော ရှုမှတ် နည်း ၁၁-နည်းတို့ဖြင့် ပွားများသောပုဂ္ဂိုလ် ကွယ်လွန်လျှင် သုဒ္ဓါဝါသဗြဟ္မာဘုံသို့ ရောက်ရှိနိုင်သော ဗြဟ္မဝိဟာရ ပွားများနည်းတို့ကို ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၄]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ခုနစ်နှစ်မေတ္တာပွားများ ရသော ကောင်းမှုကြောင့် ခံစားတော်မူခဲ့ရသော မေတ္တာဘာဝနာ၏ အကျိုးအမျိုးမျိုးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များရှိပါသည်။


[၅]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် မေတ္တာစေတောဝိမုတ္တိ၏ အကျိုးရှစ်မျိုးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များရှိပါသည်။


[၆]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မေတ္တာဘာဝနာ ကုသိုလ်၏ အကျိုး ၁၁-မျိုးကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များရှိပါသည်။


[၇]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ရုက္ခဇိုဝ်းနတ်တို့ ခြောက်လှန့်ခံရသော ယောဂီရဟန်းငါးရာ (ဓမ္မ၊ဋ္ဌ၊၁၊၁၉၉-၂၀၂)တို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၈]ခုနစ်နှစ် မေတ္တာဘာဝနာပွားများခဲ့ရသော မေတ္တာဘာဝနာကုသိုလ် အကျိုး အမျိုးမျိုးတို့ကို ဘုရားရှင်ထံမှ ကြားနာခဲ့ရပုံကို ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်း နန်းတော်၌ ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အားဟောကြားသည့်သုတ်။

အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။


[၉]ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ရုက္ခဇိုဝ်းနတ်တို့ ခြောက်လှန့်ခံရသော ရဟန်းတော်ငါးရာတို့အား အရံအတားဖြစ်စိမ့်သောငှာ ဘုရားရှင်ဟောတော်မူသည့်သုတ်။[၁၀]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ