မြန်မာ စံတော်ချိန်

အချိန်ဇုန်
(မြန်မာစံတော်ချိန် မှ ပြန်ညွှန်းထားသည်)

မြန်မာစံတော်ချိန် ( အင်္ဂလိပ်: Myanmar Standard Time) သည် ဂရင်းနစ်စံတော်ချိန်ကို ၆ နာရီ ၃၀ မိနစ် ထပ်ပေါင်းထားသည့်အချိန်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စံတော်ချိန် ဖြစ်သည်။ တစ်နှစ်ပတ်လုံး မြန်မာတစ်နိုင်ငံလုံးတွင် တစ်သမတ်တည်း အသုံးပြုသည်။ မြန်မာစံတော်ချိန် (MMT) 97°30′E လောင်ဂျီကျူ အခြေခံဖြင့် တွက်ချက်သည်။[၁] မြန်မာစံတော်ချိန်သည် နေ့အလင်းရောင် ထိန်းသိမ်းသော အချိန်ကို လိုက်နာထားခြင်း မရှိသည့်အတွက် တစ်နှစ်ပတ်လုံး တစ်နိုင်ငံလုံးတွင် တစ်သမတ်တည်း အသုံးပြုသည်။ [၂][၃]

မြန်မာစံတော်ချိန်
အချိန်ဇုန်
UTC offset
UTCUTC+06:30
လက်ရှိအချိန်
06:06, 24 April 2024 UTC+06:30 [refresh]
Central လောင်ဂျီတွဒ်
တမ်းပလိတ်:Infobox time zone/meridian-central
Date-time group
တမ်းပလိတ်:Infobox time zone/utc-dtg

သမိုင်းကြောင်း

ရန်ကုန်မြို့ရှိ အလံပြဘုရား (၁၈၅၅ ခုနှစ်)။ အချိန်ဘောလုံးကို ဘုရားထိပ်တွင် ချိတ်ဆွဲထားသည်ကို တွေ့မြင်ရသည်။[၄]

ကိုလိုနီခေတ် မတိုင်မီ

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီခေတ်မတိုင်မီက စံအချိန်မရှိပေ။ မြန်မာပြက္ခဒိန် စည်းမျဉ်းအရ ဒေသတစ်ခုစီသည် နေထွက်ချိန်၊ မွန်းတည့်ချိန်၊ နေဝင်ချိန်နှင့် သန်းခေါင်ယံအချိန်တို့ကို ခွဲခြားထားသည်။[၅]. နေ့ကို ဗဟို ဟု ခေါ်သည့် သုံးနာရီကြာ အပိုင်းရှစ်ခု သို့မဟုတ် နာရီ ဟု ခေါ်သည့် ၂၄ မိနစ်ကြာသည့် အပိုင်း ခြောက်ဆယ် ဖြင့် ပိုင်းခြားထားသည်။ ပြက္ခဒိန်တွင် မီလီစက္ကန့်အဆင့်အထိ အချိန်ယူနစ်များ ပါဝင်သော်လည်း ဗဟို နှင့် နာရီ ကို ပိုမိုလူကြိုက်များသည်။ နာရီ တစ်ခုစီတိုင်း မောင်း တစ်ချက်တီးကာ ဗဟို တစ်ခုစီတိုင်းတွင် စည် နှင့် ခေါင်းလောင်းတို့ကို တီးခတ်သည်။[၆]

အမျိုးအစားအချိန်မြန်မာအမည်ဖော်ပြချက်
နေ့၁ နာရီထိုးနံနက် တစ်ချက်တီးနေထွက်ချိန်နှင့် နေ့လယ် အကြား
၂ နာရီထိုးနေ့ နှစ်ချက်တီးမွန်းတည့်
၃ နာရီထိုးနေ့ သုံးချက်တီးမွန်းတည့်နှင့် နေဝင်ချိန် အကြား
၄ နာရီထိုးနေ့ လေးချက်တီးနေဝင်ချိန်
၁ နာရီထိုးည တစ်ချက်တီးနေဝင်ချိန်နှင့် ညလည် အကြား
၂ နာရီထိုးည နှစ်ချက်တီးညလည်
၃ နာရီထိုးည သုံးချက်တီးညလည်နှင့် နေထွက်ချိန် အကြား
၄ နာရီထိုးနံနက် လေးချက်တီးနေထွက်ချိန်


ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ