မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(အင်္ဂလိပ်: Myanmar Investment Commission; အတိုကောက် MIC)သည် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများကို တန်ဖိုးသတ်မှတ်ပေးရန်နှင့် အဓိကကဏ္ဍများ ဖွံ့ဖြိုး တိုးတက်မှုများအတွက် အမိန့်ကြော်ငြာစာများကို ထုတ်ဝေရန်အတွက် ဖွဲ့စည်းထား​သောကော်မရှင်အဖွဲ့ဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်
Myanmar Investment Commission (MIC)
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
​ကော်မရှင် အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်ဧပြီ ၁၉၉၄ (၁၉၉၄-၀၄)
ဌာနချုပ်အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။[၁]
ဌာနအကြီးအမှူးများဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဥက္ကဋ္ဌ
ဦးအောင်နိုင်ဦး၊ ဒုတိယ ဥက္ကဋ္ဌ
မိခင်အဖွဲ့အစည်းရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

သမိုင်း​ကြောင်း

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းပြီးသော ၁၉၉၄ ဧပြီတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။[၂] ၂၀၀၀ ပြည့်နှစ်တွင် အဖွဲ့အစည်းတွင်းပြောင်းလဲမှုများစွာ ကြုံတွေ့ခဲ့ရပြီး ကော်မတီအဖွဲ့ဝင် လေးဦးထိ လျော့ချခြင်းခံခဲ့ရသည်။[၂] မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ၁၉၈၈ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေလည်း အသက်ဝင်သည်။[၃] ၂၀၁၁ ခုနှစ်တွင် ရင်းနှီးမြှုပ်မှုအဆိုပြုလွှာများကို သေချာမှန်ကန်စွာ လုပ်ဆောင်နိုင်စေရန်အတွက် အဖွဲ့ဝင် ၁၆ ဦးထိ တိုးမြှင့်ခဲ့သည်။ [၄]

မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုဥပဒေအသစ်အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အခန်းကဏ္ဍတွင် ပြောင်းလဲမှုများ ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက် အနည်းငယ်အတွက်သာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် ရယူရန် လိုအပ်ပါသည်။ အဆိုပြုလွှာများကို လျင်မြန်စွာ စိစစ်၍  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အတည်ပြုသည့် အတည်ပြုမိန့်ကိုလည်း ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လျှောက်ထား နိုင်သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ အစိုးရ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ သင့်လျော်သောပုဂ္ဂိုလ်များအား အဖွဲ့ဝင်များအဖြစ် ပါဝင်စေလျက် ဖွဲ့စည်းထားသည်။[၁]

ရည်ရွယ်ချက်များ

ကော်မရှင်၏ ရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်-

  • ရင်းနှီးမြှုပ်နှံသူများအား ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းထားသော ရင်းနှီးမြှုပ်နှံမှု  ဥပဒေဖြင့် အကာအကွယ်ပေးရန်
  • သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်ရန်
  • လူမှုပတ်ဝန်းကျင်ထိခိုက်မှုများအား အလေးအနက်ထားရန်
  • နိုင်ငံတကာသတ်မှတ်ချက်များနှင့်အညီ ပွင့်လင်းမြင်သာ၍ တာဝန်ယူမှုရှိသော ဘဏ္ဍာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် စစ်ဆေးမှုအလေ့အကျင့်များဖြစ်စေရန်
  • အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်စေရန်
  • လက်ရှိအလုပ်သမားဥပဒေများအား လိုက်နာဆောင်ရွက်စေရန်
  • လူမှုအကျိုးစီးပွားတာဝန်ယူမှုများ(CSR)ကို ထောက်ပံ့ပေးရန်
  • နည်းပညာများလွှဲပြောင်းယူရန်[၁]

ဥက္ကဋ္ဌများ (၂၀၁၁ -လက်ရှိ)

စဉ်အမည်ရာထူးဝန်ကြီးဌာနရာထူးစတင်ရာထူးပြီးဆုံး
ဦးစိုးသိန်း[၅]ပြည်ထောင်စုဝန်ကြီးသမ္မတရုံးဝန်ကြီးဌာန
ဦးဝင်းရှိန်ပြည်ထောင်စုဝန်ကြီးဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၂၀၁၃၂၀၁၆
ဦးကျော်ဝင်း[၆]ပြည်ထောင်စုဝန်ကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၂၀၁၆၂၀၁၈
ဦးသောင်းထွန်းပြည်ထောင်စုဝန်ကြီး၁၆ ဇွန် ၂၀၁၈၁ ဖေဖော်ဝါရီ ၂၀၂၁
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကောင်စီဝင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၄ မတ် ၂၀၂၁၁၇ စက်တင်ဘာ ၂၀၂၃
ဗိုလ်ချုပ်ကြီးမြထွန်းဦးဒုတိယ ဝန်ကြီးချုပ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၁၇ စက်တင်ဘာ ၂၀၂၃လက်ရှိ


အဖွဲ့ဝင်များ

လက်ရှိအဖွဲ့ဝင်များကို ၂၀၂၁ခုနှစ် မတ်လ ၄ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်မှ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကော်မရှင်ဥက္ကဋ္ဌမှာ အရပ်ဘက်မဟုတ်ဘဲ စစ်ဘက်မှ ပုဂ္ဂိုလ်ဖြစ်သည်။[၇]

စဉ်အမည်ရာထူးတာဝန်
(က)မိုးမြင့်ထွန်းအာဏာသိမ်းစစ်ကောင်စီဝင်ဥက္ကဋ္ဌ
(ခ)ဦးအောင်နိုင်ဦးပြည်ထောင်စုဝန်ကြီး
ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ဒုတိယ ဥက္ကဋ္ဌ
(ဂ)ဦးခင်မောင်ရီပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အဖွဲ့ဝင်
(ဃ)ဒေါက်တာသီတာဦးပြည်ထောင်စုရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး
အဖွဲ့ဝင်
(င)ဦးညွန့်အောင်ဒုတိယဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
(စ)ဦးဝင်းသော်ဒုတိယဥက္ကဋ္ဌ
ဗဟိုဘဏ်
အဖွဲ့ဝင်
(ဆ)ဦးကျော်မင်းဦးအမြဲတမ်းအတွင်းဝန်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

အဖွဲ့ဝင်
(ဇ)ဦးမင်းထွဋ်ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန၊စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

အဖွဲ့ဝင်
(ဈ)ဦးသန့်စင်လွင်ညွှန်ကြားရေးမှူးချုပ်

ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

အတွင်းရေးမှူး

ကိုးကား

4.Taipei American Chamber of Commerce; Topics Magazine, Analysis, November 2012. "Myanmar: Southeast Asia's Last Frontier for Investment: [၁]


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ