မြန်မာပိတောက်

မြန်မာပြည် ရှိနှစ်သစ်ကူးအထိမ်းအမှတ် ပန်း
မြန်မာပိတောက်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Plantae
Clade:Angiosperms
Clade:Eudicots
Clade:Rosids
မျိုးစဉ်:Fabales
မျိုးရင်း:Fabaceae
မျိုးဇာတ်:Dalbergieae
မျိုးစု:Pterocarpus
မျိုးစိတ်:
P. macrocarpus
ဒွိနာမ
Pterocarpus macrocarpus
Synonyms[၂]

ပိတောက်ပန်း သည် မြန်မာလူမျိုးတို့၏ နှစ်သစ်ကူး အထိမ်းအမှတ်ဖြစ်သည်။ မြန်မာ ဆယ့်နှစ်လ ရာသီများတွင် တန်ခူးလဟူသော မြန်မာ နှစ်သစ်ကူးလတွင် ပိတောက်ပန်းများ ဝေဆာစွာ ပွင့်ဖူးကြသည်။ မြန်မာလူမျိုးတို့သည် ပိတောက်ပန်းအား ဗုဒ္ဓဘုရားရှင်အား ကပ်လှူခြင်း၊ ပန်ဆင်ခြင်းတို့တွင် အသုံးပြုကြသည်။ ပိတောက်ပန်းနှင့် ပက်သက်သော ကဗျာများ၊ သီချင်းများ၊ ဝတ္ထုဇာတ်လမ်းများ အများအပြားရှိသည်။ ပိတောက်ပင်ကို မြန်မာနိုင်ငံလာအိုနိုင်ငံထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတို့တွင် တွေ့ရှိရသည်။[၂][၃][၄] ပိတောက်ပင်သည် ယေဘုယျအားဖြင့် အလယ်အလတ် အမျိုးအစား အပင်မျိုးဖြစ်ပြီး ၁၀ မီတာမှ ၃၀ မီတာထိ ရှည်လျားတတ်ပြီး အချင်း ၁.၇ မီတာခန့်ရှိသည်။ ခြောက်သွေ့ရာသီတွင် ပေါက်ရောက်သော အမျိုးအစားဖြစ်သည်။ အပင်အပြင်ခွံသည် အညိုရောင် ဖြစ်ပြီး ပွရောင်းသည်။ အတွင်းသားသည် အနီရောင် ဖျော့ဖျော့ ရှိသည်။ အပွင့်များသည် ၂၀-၂၅ စင်တီမီတာ ရှည်လျား၍ အဝါရောင်ရှိသည်။ အရွက်ရှိ ဆစ်တံများသည် ၅-၉ စင်တီမီတာ ရှည်လျားကြသည်။ ပိတောက်သီးသည် အစေ့ဆံ ၂ခု သို့ ၃ခုခန့် ပါရှိတတ်ပြီး အတောင့် သဏ္ဍန်ရှိသည်။ ၎င်းကို ၄.၅မှ ၇ စင်တီမီတာခန့်ရှိသော အတောင်ပံကဲ့သို့သော အမွေးပါးလေးများဖြင့် ဝန်းရံထားသည်။ ပိတောက်သားသည် သစ်မာအမျိုးအစား ဖြစ်ပြီး ခိုင်ခန့်ခြင်း၊ ခြမစားခြင်းတို့ကြောင့် အိမ်တိုင်များ၊ အိမ်ပျဉ်၊ ဗီရို၊ လှည်းဘီးနှင့် လှည်းလက်ရန်းတိုင်များနှင့် အခြား ပရိဘောဂ အမျိုးမျိုးတို့တွင် အသုံးပြုကြသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ