မြန်မာ့ယဉ်ကျေးမှု

ယဉ်ကျေးမှု

မြန်မာ့ယဉ်ကျေးမှုတွင် ဗုဒ္ဓဘာသာသည် အတော်လွှမ်းမိုးမှု ရှိသည်။ ထို့အပြင် မြန်မာတို့၏ ယဉ်ကျေးမှုသည် အိမ်နီးချင်းနိုင်ငံတို့၏ လွှမ်းမိုးမှုများလည်း ရှိနေသည်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်မှု လက်အောက်တွင် ဘာသာစကားနှင့် ပညာရေးအပါအဝင် မြန်မာ့ယဉ်ကျေးမှုများသည် အရှေ့တိုင်း လွှမ်းမိုးမှုများ ရှိခဲ့သည်။[၁]

အနုပညာ

ပုဂံမှ ယွန်းထည်များ

သမိုင်းကြောင်းအရ မြန်မာ့အနုပညာသည် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာပေါ်တွင် အခြေခံထားသည်။ နိုင်ငံတစ်ဝန်းတွင် မတူညီသည့်သွင်ပြင်ပုံစံများဖြင့် ဗုဒ္ဓရုပ်ပွားတော်များစွာသည် တည်ရှိနေကြသည်။ ဥပမာအားဖြင့် ၁၈၀၀ ပြည့်နှစ်များနောက်ပိုင်းတွင် ပေါ်ထွက်လာသည့် မန္တလေးလက်ရာပုံစံဖြစ်သည့် ဗုဒ္ဓရုပ်ပွားတော်သည် ဘဲဥပုံသဏ္ဌာန်ဖြစ်နေကာ မျက်ခုံများသည် သဘာဝအတိုင်းကွေးနေခြင်း၊ နားများသည် သေးငယ်သော်လည်း သိသာထင်ရှားခြင်းနှင့် သင်္ကန်းတော်သည် အတွန့်ပုံစံဖြင့် ရှိနေခြင်း ဖြစ်သည်။ မြန်မာလက်မှုပညာရပ်တွင် ပန်းဆယ်မျိုး ရှိသည်။ ၎င်းပန်းဆယ်မျိုးမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ပန်းပဲ
  2. ပန်းထိမ်
  3. ပန်းပု
  4. ပန်းချီ
  5. ပန်းယွန်း
  6. ပန်းပွတ်
  7. ပန်းတော့
  8. ပန်းတမော့
  9. ပန်းရန်
  10. ပန်းတဉ်း

ထို့အပြင် မြန်မာ့ရိုးရာအနုပညာများတွင် ယက္ကန်းလုပ်ငန်း၊ အိုးလုပ်ငန်း၊ ချည်ထည်လုပ်ငန်း၊ ကျောက်မျက်ရတနာထွင်းသည့်လုပ်ငန်း၊ ရွှေမျက်ပါးခတ်သည့်လုပ်ငန်းများ ဖြစ်ကြသည်။ စေတီပုထိုးများကို များသောအားဖြင့် အုတ်များနှင့် အင်္ဂတေများဖြင့် တည်ဆောက်ထားကြသည်။ စေတီပုထိုများ၌ ရွှေဝါရောင်ထီးတော်များ ရှိကြပြီး ဘုန်းကြီးကျောင်းတော်များတွင် သစ်သားဖြင့် ပြုလုပ်ထားသည့် မုခ်ဦးများ ရှိကြသည်။ ထိုကဲ့သို့သော မြန်မာ့ဗိသုကာကို ပြာသာဒ်ဟု ခေါ်သည်။

စာပေ

အက

ဂီတ

သီချင်း

ဓလေ့ထုံးစံ

အဝတ်အစား

စကားပြောဆိုခြင်း

အမူအရာ

ဟင်းလျာ

မြန်မာရိုးရာမုန့်ဟင်းခါး, ထိုးမုန့်,မုန့်လုံးရေပေါ်,ကရေကရာ,ထန်းလျက်

မင်္ဂလာဆောင်

နာရေး

ကိုးကွယ်ယုံကြည်မှု

စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ

ရိုးရာပွဲတော်များ

အားကစားများ

ဘောလုံး

ဘောလုံးအားကစားသည် မြန်မာနိုင်ငံ၌ လူကြိုက်အများဆုံး အားကစားဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ် ၁၉ ရာစုတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလားခဲ့သည်။ ဘောလုံးကဲ့သို့ပင် ခြေထောက်နှင့် ဒူးအသုံးပြုကစားသော ခြင်းလုံး ကစားခြင်းသည် ရိုးရာအားကစားနည်းတစ်ခု ဖြစ်သည်။[၂]

လက်ဝှေ့

လက်ဝှေ့အားကစားသည် တိုက်ခိုက်ရေးအားကစားထဲတွင် လူကြိုက်အများဆုံး အားကစားဖြစ်ပြီး။ မြန်မာရိုးရာ တိုက်ခိုက်ရေးအားကစားဖြစ်သည့် ဗန်တိုဗန်ရှည်နှင့် နပန်း သည်လည်း လူကြိုက်များသည်။ ဖော်ပြထားသည် တိုက်ခိုက်ရေးအားကစားများကို မြန်မာတို့က သိုင်းဟု ခေါ်ဆိုကြသည်။

လှေပြိုင်ပွဲ

လှေပြိုင်ပွဲများကို တော်သလင်းလတွင် ကျင်းပပြုလုပ်လေ့ရှိသည်။

မြင်းခင်းသဘင်

ရှေးဘုရင်များလက်ထက်က မြင်းခင်းသဘင်များကို ပြာသိုလတွင် ကျင်းပပြုလုပ်ခဲ့သည်။

ခရစ်ကတ်

ဗြိတိသျှတို့အုပ်စိုးစဉ်က ခရစ်ကတ်ပြိုင်ပွဲများ ပြုလုပ်ကျင်းပခဲ့ရာ ဗမာ အမျိုးသား ခရစ်ကတ်အသင်းသည် ပထမတန်းပြိုင်ပွဲများတွင် ကစားခဲ့သည်။ ယနေ့ခေတ်တွင် အသင်းဆက်လက်တည်ရှိနေသော်လည်း ပထမတန်းအဆင့်တွင် ရှိမနေတော့ပေ။

ဘတ်စကတ်ဘော

ဘတ်စကတ်ဘောအသင်းလည်းရှိပြီး အာရှအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားသည်။

နိုင်ငံတော် အားလပ်ရပ်များ

နေ့အမည်ရက်စွဲကြာချိန်အကြောင်းအရာ
လွတ်လပ်ရေးနေ့ဇန်နဝါရီလ

( ၄ ) ရက်

၁ ရက်ဗြိတိသျှအင်ပါယာမှလွတ်လပ်ရေးရရှိခြင်း
ပြည်ထောင်စုနေ့ဖေဖော်ဝါရီလ

( ၁၂ ) ရက်

၁ ရက်ပင်လုံညီလာခံကိုဂုဏ်ပြုခြင်း
တောင်သူလယ်သမားနေ့မတ်လ

( ၂ ) ရက်

၁ ရက်-
တပေါင်းလပြည့်နေ့တပေါင်းလပြည့်၁ ရက်တပေါင်းပွဲတော်
တော်လှန်ရေးနေ့မတ် ၂၇၁ ရက်ဂျပန်တို့ကိုစတင်တော်လှန်ခဲ့ခြင်း
မြန်မာနှစ်သစ်ကူး

ရုံးပိတ်ရက်များ

ရက်

အကြို၊ အကျ၊ အကြတ်၊ အတက် လေးရက်နှင့် နှစ်ဆန်းတစ်ရက်နေ့
မေဒေးနေ့မေ ၁၁ ရက်အလုပ်သမားနေ့
ကဆုန်လပြည့်နေ့ကဆုန်လပြည့်၁ ရက်ဂေါတမဗုဒ္ဓ ဗျာဒိတ်ရခြင်း၊ ဖွားတော်မူခြင်း၊ ဘုရားအဖြစ်သို့ရောက်ခြင်း၊ ပရိနိဗ္ဗာန်ပြုခြင်းတို့ဖြစ်ရာနေ့
အာဇာနည်နေ့ဇူလိုင် ၁၉၁ ရက်ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံရေးခေါင်းဆောင်များ လုပ်ကြံခံရမှုကို အောက်မေ့ခြင်း
ဝါတွင်းသုံးလ စတင်ခြင်းဝါဆိုလပြည့်၁ ရက်ဂေါတမဗုဒ္ဓ ပဋိသန္ဓေတည်ခြင်း၊ တောထွတ်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူသည့်နေ့ဖြစ်ခြင်း
သီတင်းကျွတ်လပြည့်နေ့၅ ရက်မီးထွန်းပွဲတော်ကျင်းပသည်။
တန်ဆောင်တိုင်ပိတ်ရက်များတန်ဆောင်မုန်းလပြည့်နေ့အထိ၄ ရက်
အမျိုးသားနေ့တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၁ ရက်တက္ကသိုလ်ကျောင်းသားများ ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ခဲ့ကြခြင်း
ခရစ္စမတ်နေ့ဒီဇင်ဘာ ၂၅၁ ရက်ယေရှုခရစ်တော်၏မွေးနေ့
အီဒုလ်အဿွဟာနေ့ကြေညာချက်အလိုက်ပြောင်းလဲနိုင်၁ ရက်
ဒီပါဝလီနေ့ကြေညာချက်အလိုက်ပြောင်းလဲနိုင်၁ ရက်
ကရင်နှစ်သစ်ကူးနေ့ပြာသိုလဆန်း ၁ ရက်၁ ရက်

[၃]

ပြင်ပလင့်များ

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ