မြေပုံ

မြေပုံ ဆိုသည်မှာ ကမ္ဘာမြေ သို့မဟုတ် ၎င်း၏ အစိတ်အပိုင်းတခု၏ ဒေသဆိုင်ရာ သွင်ပြင်၊ အခြေအနေများကို သင်္ကေတများဖြင့် အမှန်တကယ် တည်ရှိနေသော အရွယ်အစား နှင့် အကွာအဝေးများအား အချိုးကျစနစ်ပုံ အဖြစ် သရုပ်ပြ ရေးဆွဲ ဖော်ပြထားခြင်းဖြစ်သည်။မြေပုံများတွင် ဖော်ပြချက်များသည် အမှန်တကယ်တည်ရှိနေသော သွင်ပြင်များ အား သင်္ကေတများဖြင့် ဖော်ပြထားခြင်းကြောင့် ဓာတ်ပုံများကဲ့သို့ ဖော်ပြနိုင်သည်ကား မဟုတ်ပေ။မြေပုံ များအား ရှေးအခါက ကုန်သွယ်မှုခရီးစဉ်များနှင့် စစ်ပွဲများအတွက်သာ အသုံးပြုခဲ့ကြရာမှ လူမှု၊ စီးပွားရေး၊ ပညာရေး နှင့် သုတေသန နယ်ပယ်များအထိ တိုးချဲ့အသုံးပြုလာခဲ့ကြသည်။မြေပုံ များအား မြေမျက်နှာသွင်ပြင်ပြ မြေပုံများ မှ ရာသီဥတုပြမြေပုံများ၊ လူဦးရေထူထပ်မှု ပြမြေပုံများ၊ စီးပွားရေး နှင့် လမ်းပမ်းဆက်သွယ်ရေးပြ မြေပုံများ စသည်ဖြင့် မြေပုံများကို ပထဝီဝင်နှင့် ဘူမိဗေဒ နယ်ပယ်မှသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး မှအစ ဆေးသိပ္ပံပညာရပ်များအထိအကြောင်းအရာ အမျိုးမျိုးပေါ် မူတည်ကာ ချဲ့ထွင် ရေးဆွဲ လာကြသည်။စက္ကူ များပေါ်တွင်သာ နှစ်ဖက်မြင် (အလျား နှင့် အနံသာရှိသော) မြေပုံများ၊ သုံးဖက်မြင် (အလျား၊ အနံ၊ အမြင့် ပါရှိသော) ရုပ်လုံးကြွမြေပုံများ မှ မြင့်မားလာသော နည်းပညာများ နှင့် အတူ မြေပုံရေးဆွဲခြင်း အတတ်ပညာများ သည်လည်း မြင့်မားလာခဲ့သည်။

ကမ္ဘာ့မြေပုံ

ဆင့်ပွားအနက်အဓိပ္ပာယ်များ

မြေပုံ ဟူသော ဝေါဟာရသည် ကမ္ဘာမြေ ၏ ပထဝီဝင်နှင့် ဘူမိဗေဒ နယ်ပယ်များမှ အခြေအနေ သွင်ပြင်များကိုသာ ဖော်ပြသော အဓိပ္ပာယ်မှ အခြားအသော နယ်ပယ်များသို့ ချဲ့ထွင်သုံးစွဲလာသည်။ နက္ခတ်တာရာများပြ မြေပုံ၊ နှင့် ဂြိုဟ်များ ၏ မြေမျက်နှာသွင်ပြင် နှင့် မြေအောက်အနေအထားပြ မြေပုံများ၊ ဦးနှောက်သွင်ပြင်ပြမြေပုံ ကဲ့သို့သော လူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ၏ တည်နေရာပြ သရုပ်ပြပုံများ စသည်တို့သည် ပထဝီဝင် နှင့် ဘူမိဗေဒ နယ်ပယ်များမှ လွန်မြောက်သွားသော မြေပုံများဖြစ်သည်။ထို့အပြင် စီမံချက်များ၏ လုပ်ငန်းအဆင့်ဆင့် ဖော်ပြမှုများကိုပါ သုံးနှုန်းဖော်ပြမှုများ တွင်ပါ နယ်ပယ်ချဲ့ထွင် သုံးစွဲလာခဲ့သည်။ (ဥပမာအားဖြင့် နိုင်ငံရေးလမ်းပြမြေပုံ)

မှီငြမ်းကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ