ရယ်ခြင်းကြီးသုံးပါး

သုံးပါးတသီး၊ ရယ်ခြင်းကြီးကား၊ ဇနီးအိမ်ရှင်၊ မိမိလင်လည်း၊ ချစ်ခင်သောအား၊ သမီးသားကို၊ ပိုက်ဖျားအားရမ်း၊ ချီရှုတ်နမ်းသော်၊ မယ်ဝမ်းကမွေး၊ သူများသွေးကို၊ အလေးတမြတ်၊ သင့်သားမှတ်၍၊ လှည့်ပတ်ဖက်ချီ၊ နမ်းလေပြီဟု၊ မထီမလေး၊ အသွမ်းသွေး၍၊ အဝေးမျက်ကွယ်၊ မယားရယ်၏။

ငါ့လယ်ငါ့ယာ၊ ငါ့မြေတာဟု၊ ဥစ္စာခင်မင်၊ ဆိုပြန်လျှင်လည်း၊ အရှင်မဲ့ပါ၊ ငါတို့မှာကား၊ ကမ္ဘာမကျေ၊ မချင်းနေ၏၊ အောက်သွေယွင်းယို၊ သင်တို့ကိုယ်မှ၊ လိုမပိုင်ဘဲ၊ ဖွယ်သရဲဟု၊ ကျိန်ဆဲသောနှယ်၊ မြေကရယ်၏။

ငါ့ဝယ်ငါ့ရွှေ၊ ငါ့ကြေးငွေဟု၊ စိတ်စေကြည်သာ၊ ဆိုပြန်ပါလည်း၊ ကြမ္မာဆော်တိုက်၊ ကောင်းတော်ခိုက်ကို၊ ဧည့်ဆိုက်မျှသာ၊ တည်းခိုပါရှင်၊ ငါးဖြာရန်သူ၊ ယူလှည့်တို့ပါ၊ သေမင်းခွာလည်း၊ သင့်ရာအလျောက်၊ တို့ရောက်သည်ပင်၊ တို့အရှင်လျှင်၊ ဖြစ်ချင်လွန်းလှ၊ လွန်မင်းစွဟု၊ ဒေါသချီချယ်၊ ရွှေငွေရယ်သည်၊ သုံးသွယ်ရယ်ဆေး ပျက်သွမ်းသွေး။

စိန္တကျော်သူဦးဩဩဝါဒထူးပျို့ - ၁၅

ပိဋကကျမ်းလာ လှောင်ပြောင်ရယ်မောခြင်းသုံးမျိုးကို စိန္တကျော်သူဦးဩက လင်္ကာစပ်ဆိုထားတာဖြစ်ပါတယ်။

အဖွင့်“ပိုက်ဖျားအားရမ်း” မှာ “အား”ဆိုတာ အားရပါးရ၊ လိုလိုချင်ချင်လို့ ဆိုပါတယ်။“အောက်သွေယွင်းယို”၌ “အောက်”မှာ ကုန်လွန်ပျက်စီးခြင်း အနက်ကို ဆိုလိုသည်။ဤလင်္ကာမှာ ဗုဒ္ဓဝါဒ ကျမ်းထွက် အလိုဖြစ်သည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ