ရဟိုင်း

ရဟိုင်းရပ်သည် မန္တလေးမြို့ရှိ အရပ်အမည် ဖြစ်သည်။

ရဟိုင်း ပေါ်ပေါက်လာပုံ

ယွန်းယိုးဒယားဒေသမှ ပါလာသူများကို ယခုရွှေတချောင်းအနီး ရဟိုင်းအရပ်၌ ချထားခဲ့သည်။ အမည်အခေါ် ရွေ့လျားလာ၍ ရွာဟိုင်းဟု ခေါ်ဝေါ်ကြ ရေးကြလေသည်။ ရွှေတချောင်း တောင်ပိုင်း၌ မင်းသားစုအရပ်သည် ရှေးအခါက ယွန်းယိုးဒယား မင်းသားများကို ချထားပေးသောနေရာဟု သိရသည်။ သက္ကရာဇ် ၁၂၁၈-၂၁ ခုနှစ် မင်းတုန်းမင်းတရားကြီးသည် ရတနာပုံ မန္တလေးမြို့ကို တည်ထောင်၍ ပြည်သူတို့အား ရပ်ကွက်နေရာများ ချထား၍ အမရပူရမှ ရွှေ့ပြောင်း အမရပူရမှ ရွှေ့ပြောင်းလာသောအခါ မန္တလေးမြို့ကြီးသည် စည်ကားလာလေသည်။ ယွန်းယိုးဒယားလူမျိုး၏အနွယ်များ နေရာအရပ်သည် ရဟိုင်းအရပ်၊ မင်းသားစုအရပ်ဟုခေါ်ကြ၍ အိမ်-ဈေးများချထားသည်။ ယိုးဒယားဈေးဟု ဖြစ်လာလေသည်။ ယိုးဒယားအနွယ်များယုံကြည်ကိုးကွယ်သော ရာမနတ်ကြောင့် ရာမနတ်စင်ဝင်းအမည် ခေါ်ကြသည်။ ယွန်းတန်းဟူ၍လည်း ရှိသည်။ ဘုရားသုံးဆူ(၈၂-လမ်း လမ်း၃၀နှင့်၃၁-လမ်းကြား)သည်ပင် ယိုးဒယားဘုရားသုံးဆူဒေသမှ လူများ၏ဘုရားဖြစ်နိုင်သည်။ ဤသို့ဖြင့် ယွန်းဇင်းမယ်၊ လော၊ ယိုးဒယားမှပါလာသော အနွယ်တို့၏ပူဇော်ပသမှု ဓလေ့ထုံးစံတရပ်ဖြစ်သော သဲပုံစေတီများတည်ထားပူဇော်ကိုးကွယ်မှုကို ရွှေတချောင်းတလျှောက် ယိုးဒယားများနေထိုင်ခဲ့ရာ အရပ်၌ တွေ့ရှိရလေသည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ