ရာဇကုမာရ်

(ရာဇကုမာရ မှ ပြန်ညွှန်းထားသည်)

ရာဇကုမာရ် (ပါဠိ: ရာဇကုမာရ) သည်မြန်မာ့သမိုင်းတွင်ထင်ရှားသည့်မင်းသားဖြစ်သည်။ ကျန်စစ်သားမင်း အနာသည်းပြီး သေလွန်ချိန်နီးချိန်တွင် ရာဇကုမာရ်သည်သူ၏ ပိုင်ဆိုင်မှုများကိုလှူဒါန်းပြီး ဆင်းတုတော်များအဖြစ်သွန်းလုပ်ကာ ကျန်စစ်သားမင်းအတွက် ပူဇော်ပေးခဲ့သည်။ အစဉ်အလာတွင် ရှင်ဘုရင်၏သားသည် အိမ်ရှေ့စံထီးညွန့်နန်းလျာဖြစ်လေ့ရှိသော်လည်း ကျန်စစ်မင်း၏ မွန်မြန်မာ ပိုမိုစည်းလုံးညီညွတ်ခိုင်မြဲစေလိုသည့် ဆောင်ရွက်ချက်အဖြစ်လူသိများသော မြေးတော်အား အိမ်ရှေ့အရာ အပ်နှင်းမှုအပေါ် စိတ်မကွက်သော ရာဇကုမာရ်၏ သဘောထားကြီးမြင့်မှုကို အသိအမှတ်ပြုလေးစားကြသည်။ သို့သော် ထိုအချက်ထက် သမိုင်းတန်ဘိုးဝင်နေသည့်အချက်မှာ ယင်းက ကျန်စစ်သားမင်းအတွက်ပြုလုပ်သောအလှု အကြောင်းရေးထိုးပေးခဲ့သည့် မြစေတီကျောက်စာ (ခေါ်) ရာဇကုမာရ်ကျောက်စာကြောင့်ဖြစ်သည်။ (ယင်းကျောက်စာသည် မြန်မာစာပေအက္ခရာများသမိုင်းတွင် အစောဆုံးရေးထိုးမှတ်တမ်းတင်မှုဟု ယနေ့ထက်တိုင်လက္ခံထားကြရသောတွေ့ရှိမှုဖြစ်သည်) တွေ့ရှိရသမျှ သမိုင်းအထောက်အထားများအရ ဗမာလူမျိုးတို့အတွက် ပထမဆုံးသမိုင်းဝင် စာပေကို ကျောက်ထက်အက္ခရာအဖြစ် စတင်ရေးထိုးခဲ့သည်ကြောင့်ဖြစ်သည်။

ငြင်းခုံမှုများ

ရာဇကုမာရ်၏ ဘဝဆိုင်ရာအချက်များနှင့်ပတ်သတ်၍ ကျန်စစ်သား၏ သားအရင်းဟုတ်၊ မဟုတ် ဟူ၍အမြင်နှစ်မျိုး ကွဲလျက် ရှိသည်။ အချို့က ကျန်စစ်သားသည်အနော်ရထာ မင်းကြီး၏ အမျက်ကြောင့် နန်းတွင်းမှ တိမ်းရှောင်ရချိန်အတွင်း မထီးအမည်ရ ရဟန်း၏ တူမဖြစ်သူ သမ္ဘူလနှင့် ငြိစွန်းကာ ကိုယ်ဝန်ရရှိသည်။ အနော်ရထာမင်း လွန်၍ စောလူးမင်း နန်းတက်ရာ ကျန်စစ်သားအား နန်းတွင်း၌အမှုထမ်းရန် ပြန်လည်ခေါ်ယူသဖြင့် ကိုယ်ဝန်နှင့် သမ္ဘူလ ကို လက်စွပ်တစ်ကွင်းပေးအပ်ပြီး သားမွေးလျှင် နန်းတော်သို့ ဤလက်စွပ်ဖြင့်လိုက်လာရန်၊သမီးမွေးလျှင် လက်စွပ်ကိုရောင်း၍ ဘဝဝမ်းကြောင်းရန် မှာကြားသည်။ နောင်တွင် ကျန်စစ်သား မင်းဖြစ်သော် သမ္ဘူလက သားတစ်ယောက်ကို လက်ဆွဲခေါ်လာပြီး လက်စွပ်ပြကာ ကျန်စစ်သား၏ သားဖြစ်ကြောင်းဆိုသည်။ ကျန်စစ်သားကလည်း ၎င်းအား ဓညဝတီ နှင့် တောင်စဉ် ၇ ခရိုင်ကိုစားစေသည်။ ထို့ကြောင့် ရာဇကုမာရ်သည် ကျန်စစ်သား၏ သားဖြစ်သည်မှာ ခိုင်မာမှုရှိသည်ဟုဆိုကြသည်။

အချို့ကမူ ရာဇကုမာရ် သည် ကျန်စစ်သား၏ သားမဟုတ်၊ဆွေမျိုးမကင်းသည့် လက်အောက်ငယ်သားဖြစ်သည်ဟုဆိုကြသည်။အကြောင်းပြချက်မှာ ကျန်စစ်သားရေးထိုးသည့် မည်သည့်ကျောက်စာတွင်မှ ထိုအကြောင်းအရာတို့ကို မတွေ့ရဖူးသောကြောင့်ဟုဆိုသည်။ကျောက်စာမှတ်တမ်းမခိုင်လုံမှုမျှဆိုလျှင် ငြင်းရန်အကြောင်းမလုံလောက်သေး အခြားအကြောင်းပြချက်လိုအပ်သည်ဟု အေရာ ကဆိုသည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ