ရာမဂရာမစေတီတော်

ရာမဂရာမစေတီတော် (နီပေါ: रामग्राम नगरपालिका, Ramgram, Rāmgrām, Rāmagrāma) သည် နီပေါနိုင်ငံ၊ ပရာစီခရိုင် (Parasi), ရမ်ဂရမ်မြို့ (Ramgram) တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က ဂေါတမမြတ်စွာဘုရား၏ ဓာတ်တော်များကို ဌာပနာကာ တည်ခဲ့သည်။[၃] ပါဠိဘာသာစကားဖြင့် ရာမဂါမ (သို့) ရာမရွာ (Rāmagāma) ဟူ၍ ခေါ်ဆိုသည်။

ရာမဂရာမစေတီတော်
रामग्राम नगरपालिका

King Ashoka (right) visits the Ramagrama Stupa (center), to take relics of the Buddha from the Nagas (left), but he failed, the Nagas being too powerful. Southern gateway, Stupa 1, Southern Gateway, Sanchi.
ရာမဂရာမစေတီတော် သည် နီပေါနိုင်ငံ တွင် တည်ရှိသည်
ရာမဂရာမစေတီတော်
Location of Ramagrama on map
ကိုဩဒိနိတ်27°29′52″N 83°40′52″E / 27.49778°N 83.68111°E / 27.49778; 83.68111 83°40′52″E / 27.49778°N 83.68111°E / 27.49778; 83.68111
တည်နေရာParasi, parasi District, Lumbini Zone, Nepal
အမျိုးအစားစေတီ
ပစ္စည်းအုတ်၊ မြေ
အလျား၅၀ မီတာ (၁၆၀ ပေ)[၁]
အကျယ်၅၀ မီတာ (၁၆၀ ပေ)[၁]
အမြင့်၆.၈၅ မီတာ (၂၂.၅ ပေ)[၁]
စတင်circa 483 BCE[၂]
ပြီးဆုံးcirca 483 BCE[၂]
ရည်ရွယ်ဂေါတမဗုဒ္ဓ

သမိုင်း

The Malla Mahajanapada

ဂေါတမဗုဒ္ဓ၏ မိဘနှစ်ပါးတို့သည် မဇ္ဈိမဒေသ၏ မတူညီသည့် တိုင်းပြည်နှစ်ခုမှ ဖြစ်သည်။ ဖခင်သည် သက္ကတတိုင်းမှ ဖြစ်ပြီး မယ်တော်မာယာသည် ကောလိယပြည်မှ ဖြစ်သည်။ ဗုဒ္ဓစာပေများတွင် ဘုရားရှင်သည် ပရိနိဗ္ဗာန်ပြုပြီးနောက်တွင် ကျန်ရှိခဲ့သည့် ဓာတ်တော်များကို မဇ္ဈိမဒေသမှ မင်းသားရှစ်ဦးတို့သည် ခွဲဝေယူခဲ့ကြသည်။ မင်းသားတစ်ဦးချင်းစီတို့သည် သူတို့၏ မြို့တော်များတွင်လည်းကောင်း မြို့တော်များ၏ အနီးတွင်လည်းကောင်း စေတီတစ်ဆူစီတည်ခဲ့ကြသည်။ စေတီများတွင်လည်း ဓာတ်တော်များကို ဌာပနာခဲ့ကြသည်။[၄] ထိုစေတီရှစ်ဆူတို့သည် အောက်ပါနေရာတို့တွင် တည်ရှိသည် -

  1. အလ္လကပ္ပ, ဗုလိ (ကာဗုလိ) လူမျိုးများ အခြေချနေထိုင်ရာနေရာ၊ တိကျသေချာသည့် တည်နေရာကိုမူ ယခုအချိန်အထိ သိရှိရခြင်း မရှိသေးပေ။[၅][၆]
  2. ကပိလဝတ်ပြည်, သက္ကတတိုင်း၏ မြို့တော်[၇] (စေတီတော်၏ တည်နေရာနှင့် ပတ်သက်၍ ငြင်းခုံမှုများ ရှိနေသည်။ သို့သော် Piprahwa တွင် တည်ထားခဲ့သည့် စေတီတော်တွင်မူ သက်သေအထောက်အထားများ ရှိသည်။)[၈][၉]
  3. ကုသိနာရုံ, မလ္လာမင်းတို့၏ မြို့တော်[၁၀]
  4. ပါဝါ, မလ္လာမင်းတို့၏ အဓိကမြို့တစ်မြို့[၁၁]
  5. ရာဇဂြိုဟ် မဂဒတိုင်း မြို့တော်[၁၂]
  6. ရာမဂရာမ, ကောလိယမင်းတို့၏ မြို့တော် (ဤမြို့တွင် အခြေချနေထိုင်သူများကို Koliyanagara ဟု ခေါ်ဆိုလေ့ရှိသည်။)[၁၃][၁၄]
  7. ဝေသာလီ, လစ္ဆဝီမင်းတို့၏ မြို့တော်[၁၅]
  8. ဗာရာဏသီ, ကာသိတိုင်း၏ မြို့တော်။ တိကျသေချာသည့် တည်တေရာကိုမူ လက်ရှိအချိန်ထိ မသိရှိရသေး။[၁၆]

နောင်နှစ်ပေါင်း ၃၀၀ ကြာမြင့်ပြီးနောက် အသောကမင်းလက်ထက်တွင် ထိုစေတီများထဲမှ ခုနစ်ဆူကို တူးဖော်ဖွင့်ယူ၍ ဗုဒ္ဓ၏ ဓာတ်တော်များကို ဖယ်ရှားခဲ့သည်။ (အသောကမင်း၏ ရည်ရွယ်ချက်မှာ ဓာတ်တော်များကို စေတီတော်ပေါင်း ၈၄၀၀၀ ကို Maurya Empire တွင် တည်ထားပြီး ထိုစေတီများတွင် ပြန်လည်ဖြန့်ဝေဌာပနာရန် ဖြစ်သည်။) ဒဏ္ဍာရီများအရ နဂါးမင်းသည် ရာမဂြါမစေတီတော်ကို စောင့်ရှောက်လျက်ရှိပြီး အာသောကမင်း၏ ဓာတ်တော်များကို တူးဖော်ယူမှုမှ ဤနဂါးမင်းသည် ကာကွယ်ခဲ့သည်ဟု ဆိုကြသည်။

လက်ရှိ

ယခုအချိန်တွင် စေတီတော်သည် ဗုဒ္ဓ၏ ဓာတ်တော်ဌာပနာထားသည့် မူလစေတီတော်သာ မပျက်စီးဘဲ ကျန်ရှိတော့သည်။[၃] စေတီတော်သည် မူလတည်ထားကိုးကွယ်စဉ်ကတည်းက ဘုရားဖူးတို့အတွက် ကြီးမြတ်သည့်နေရာတစ်ခုလည်း ဖြစ်ခဲ့သည်။ ၇ မီတာ (၂၃ ပေ) မြင့်သည့် ရုပ်ပွားတော်သည် မြေကြီးပုံထဲသို့ နစ်မြုပ်လျက်ရှိပြီး လေ့လာရှာဖွေမှုများ လုပ်ဆောင်လျက်ရှိသည်။[၄]

ရှေးဟောင်းသုတေသနရှာဖွေခြင်း

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်

ဤနေရာကို UNESCO က ၁၉၉၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်ယာယီစာရင်းတွင် ယဉ်ကျေးမှုကဏ္ဍတွင် ထည့်သွင်းခဲ့သည်။[၃]

ပိုမိုကြည့်ရှုရန်

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ