ရာမညတပ်ဖွဲ့

ရာမညတပ်ဖွဲ့သည် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ၆ လပိုင်း မှစပြီး ထိုင်းမြန်မာနယ်စပ်တွင် စတင်လှုပ်ရှားမှုပြုခဲ့သည် အဖွဲ့တစ် ဖွဲ့ဖြစ်သည်။ ရာမညတပ်၏ခေါင်းဆောင်မှာ ဗိုလ်ချုပ်ခင်မောင် ဖြစ်သည်။နိုင်ခင်မောင်သည် မွန်ပြည်သစ်ပါတီ နယ်မြေ တပ်ရင်း (၃) ကျေးရွာမှ ပါတီ ဝင်ဟောင်းတစ်ဦးဖြစ်ပြီး၊ လွန်ခဲ့သည့် (၅) လလောက်က ကျေးရွာ၏ ပြည့် သူစစ်ကနေ နူတ်ထွက်ကာ ရာမညတပ်ဖွဲ့ကို ဖွဲစည်းခဲ့သည်။

မွန်လက်နက်ကိုင် ရာမညတပ်ဖွဲ့က မွန်ပြည်နယ်ရေးမြို့နယ်ရှိ မြန်မာအစိုး ရပိုင်နယ်မြေတွင် ၎င်းတို့၏ ဘဏ္ဍာအတွက် ပြည်သူများထံ ငွေကြေး တောင်းခံနေသည်ဟု သိရသည်။ ရာမညတပ်သည် ၎င်းတို့တပ်အင်းအားဖြည့်စည်းရန်နှင့် စစ်လက်နက် ပစ္စည်းဝယ်ယူရန်အတွက် ရေးမြို့နယ်မှ ကျေးရွာတိုင်းရှိ ကျေးရွာလူကြီးမှ တဆင့် ငွေးကြေးတောင်းခံခြင်းဖြစ်သည်။ သို့ပေမယ့် ရွာသားတို့၏ စေ တနာရှိသလောက်ပေးနိုင်သည်ဟု ရာမညတပ်မှ ဗိုလ်ချုပ်ခင်မောင်က ပြောသည်။

“ကျွန်တော်တို့အဖွဲ့က ရွားသားတွေမှာ ပိုက်ဆံတောင်းတာတော့ ဟုတ် တယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို အတင်းအကြပ်နည်းနဲ့ မတောင်း ဘူး၊ ရွားသားတွေ စေတနာရှိသလောက်ပါပဲ။ ကျွန်တော် တို့တပ်ဖွဲ့အတွက် လက်နက်ဝယ်ချင်လို့ တောင်းတာဖြစ်တယ်” ဟု နိုင်ခင်မောင်က ပြော သည်။

လွန်ခဲ့သည် ဇွန်လက ရာမညတပ်သည် တပ်ရင်း (၃) ကျေးရွာမှ ရွာလူကြီးဟောင်း (၂) ဦးကိုဖမ်းဆီးခဲ့ပြီး ငွေတောင်းခံခဲ့သည်။

ဇွန်လဆန်းပိုင်းတွင် ရာမညတပ်မှ တပ်ခွဲ နိုင်သန်းရွှေ ဦးဆောင်ပြီး ရေးမြို့ရှိ လမိုင်း၊ သောင်ဘုံ၊ သောင်ပြင် နှင့် ကော့ဒွတ် ကျေးရွာများတွင် ငွေ တောင်းခံစာ ပေးပို့ခဲ့သည်။ ၎င်းတို့၏ စာထဲတွင် ရာမညတပ်၏ ဘဏ္ဍာ ရေးလိုအပ်ချက်ကြောင့် ပြည်သူများထံတွင် ငွေတောင်းခံခြင်းဖြစ်သည်ဟု ရေးသားထားသည်။ သောင်ပြင်ကျေးရွာမှ ဘုန်းကြီးတစ်ပါး၏ မိန့်ကြားချက်အရ ရာမညတပ် ထံမှ ငွေတောင်းခံစာရပြီးနောက် ၎င်းတပ်ကို ငွေ သိန်း ၂၀၀ ပေးလိုက် ရကြောင်း မိန့်ကြားခဲ့သည်။

“ဘုန်းဘုန်းတို့ရွာမှာတော့ ရာမညတပ်ကို သိန်း ၂၀၀ ပေးလိုက်တယ်၊ တခြားရွာတွေကတော့ အိမ်ခြေ အရေအတွက်ပေါ်မှာလိုက်ပြီးတော့ သိန်း ၃၀၀ တောင်းထာတယ်” ဟု ဘုန်းဘုန်းက ဆက်ပြီးမိန့်ကြားသည်။ ရာမညတပ်တို့မှ ရေးမြို့နယ်ဘက်မှာ ငွေတောင်းခံသည်ကို မြန်မာစစ် တပ်တွေက သိရှိပြီးသည့်နောက် ထိုဒေသမှာ လုံခြုံရေး ပိုမိုချ ထားသည် ဟု သိရသည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ