ရီပိုစစ်တရီ (ရင်းမြစ်ထိန်းချုပ်မှုစနစ်)

ရီပိုစစ်တရီ (အင်္ဂလိပ်: Repository) ဆိုသည်မှာ ခြုံငုံပြီးပြောလျှင် ကွန်ပျူတာနည်းပညာဝေါဟာရတွင် အချက်အလက်များ(data)ကို သိမ်းဆည်းပေးသောနေရာဖြစ်သည်။[၁]ရင်းမြစ်ထိန်းချုပ်မှုစနစ် ဆိုင်ရာ ရီပိုစစ်တရီတစ်ခုတွင် ဆော့ဖ်ဝဲတည်ဆောက်မှုဆိုင်ရာ အချက်အလက်များကို အဓိကသိမ်းဆည်းပေးသည်။ ဆော့ဖ်ဝဲတည်ဆောက်မှုဆိုင်ရာ အချက်အလက်များတွင် အဓိကအားဖြင့်ရင်းမြစ်ကုဒ်(source)များပါဝင်ပြီး၊ အဆိုပါရင်းမြစ်ကုဒ်များနှင့် ဆက်နွယ်ပတ်သက်သော မက်တာဒေတာဟုခေါ်သော အခြားအချက်အလက်များ(metadata)ပါဝင်သည်။ မက်တာဒေတာများသည်မူလအချက်အလက်များ၏ ဆက်နွယ်ပတ်သက်သောအကြောင်းများ၊ ဥပမာအားဖြင့် ရင်းမြစ်ကုဒ်ကို ရေးသားချိန်၊ ရေးသားသူ၊ ရေးသားသည့်ရည်ရွယ်ချက်၊ ရင်းမြစ်ကုဒ်ကို မည်သို့သော ဒေတာဖွဲ့စည်းပုံ(data structure)ကို အသုံးပြု၍ မည်သို့ပြောင်းလဲသိမ်းဆည်းထားသလဲ၊ အစရှိသောအချက်အလက်များကို ဖော်ညွှန်းရှင်းပြခြင်းဖြစ်သည်။

ရင်းမြစ်ထိန်းချုပ်မှုစနစ်တစ်ခုရဲ့ ရီပိုစစ်တရီတစ်ခုတွင် အချက်အလက်နှင့် ရင်းမြစ်ဆိုင်ရာဖိုင်များ၏ မက်တာဒေတာများကို သိမ်းဆည်းပေးထားသည်။ အသုံးပြုသော ရင်းမြစ်ထိန်းချုပ်မှုစနစ် သည် ဗဟိုထိန်းချုပ်မဟုတ်သောစနစ်များ (ဥပမာ၊ ဂစ်တ် သို့မဟုတ် မကယူရီယယ်)တွင် ရီပိုစစ်တရီကို ချိတ်ဆက်ကူးယူသူတိုင်းဆီသို့ ပုံတူကူးယူသွားလေ့ရှိသည်။ ဗဟိုထိန်းချုပ်ဖြစ်သော ရင်းမြစ်ထိန်းချုပ်မှုစနစ် (ဥပမာ၊အပါချီဆ(ဘ်)ဗားရှင်း)တို့တွင် ရီပိုစစ်တရီကို ဗဟိုဆာဗာတစ်ခုတည်း၌သာ သိမ်းဆည်းထားလေ့ရှိသည်။[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ