ရုရှား သမိုင်း
ရုရှားသမိုင်းသည် အရှေ့ဆလပ်ဗ်လူမျိုး(East Slavs)နှင့် ဖင်နို-ဥဂရစ် လူမျိုး(Finno-Ugric peoples)တို့မှ စတင်လာခဲ့ခြင်းဖြစ်သည်။[၁][၂][၃] ရိုးရာ ရုရှားသမိုင်းများ၌ မြောက်ပိုင်းတွင် ရုစ်နိုင်ငံများတည်ထောင်ပြီး ဗိုက်ကင်းတို့ အုပ်ချုပ်ခဲ့သည့် ၈၆၂ ခုနှစ်မှသာ စတင်လေ့ရှိသည်။[၄] လာဒိုဂါနှင့် နော့ဗ်ဂေါရတ်မြို့တို့သည် စကင်ဒီနေဗီးယန်းဒေသမှ ဝင်လာသော ဆလပ်ဗ်နှင့် ဖင်နို-ဥဂရစ်လူမျိုးတို့၏ နိုင်ငံသစ်အတွင် အဓိကမြို့များ ဖြစ်ခဲ့သည်။ ၈၈၂ ခုနှစ်တွင် နော့ဗ်ဂေါရတ်မင်းသား အာလျဲ့ဂ်(Oleg of Novgorod)သည် ကီးယဲ့ဗ်မြို့ကို လုပ်ကြံခဲ့ပြီး အရှေ့ပိုင်း ဆလပ်ဗ်တို့၏ တောင်ပိုင်းနှင့် မြောက်ပိုင်းနယ်တို့အား အာဏာတစ်ခုတည်းအောက်တွင် ပေါင်းစည်းစေခဲ့သည်။ ၉၈၈ ခုနှစ်တွင် ဘိုင်ဇန်တိုင်း အင်ပါယာမှ ခရစ်ယာန်အယူဝါဒရောက်ရှိလာသောအခါ ဘိုင်ဇန်တိုင်းနှင့် ဆလပ်ဗ်ယဉ်ကျေးမှုတို့ ပေါင်းစပ်ပြီး နောင်မီလီယံနှစ်များစွာအတွက် အော်သိုဒေါ့ ဆလပ်ဗ်ယဉ်ကျေးမှု ပေါ်ထွန်းလာခဲ့သည်။ ၁၂၃၇-၁၂၄၀ ခုနှစ်အတွင် မွန်ဂိုတို့ရဲ့ကျူးကျော်မှုကြောင့် ရုစ်နိုင်ငံတော်၏ လူဦးရေ တစ်ဝက်ကျော်ခန့် သေဆုံးခဲ့ခြင်းနှင့်အူ ကီယဲ့ဗန် ရုစ်နိုင်ငံတော် လုံးဝပြိုကွဲခဲ့ရသည်။
၁၃ ရာစုရောက်ပြီးသည့်နောက်တွင် မော်စကိုသည် ယဉ်ကျေးမှုထွန်းကာရာ ဗဟိုဌာနဖြစ်လာသည်။ ၁၈ ရာစုအရောက်တွင် ပီတာဘုရင်လက်ထက်တွင် မော်စကိုဇာဘုရင့်နိုင်ငံမှ ရုရှားဇာဘုရင့်နိုင်ငံ၊ ထို့နောက်မှသည် ရှေးရုစ်လူမျိုးတို့၏ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်တို့ကို ဆက်ခံထားသော ရုရှား အင်ပါယာပေါ်ထွန်းလာခဲ့သည်။ ထိုနိုင်ငံတော်သည် ပိုလန်-လစ်သူယေးနီးယန်း ဓနသဟာယနိုင်ငံ(Polish-Lithuanian Commonwealth) ၏ အရှေ့ဘက်နယ်နိမိတ်မှသည် ပစိဖိတ်သမုဒ္ဒရာထိ ကျယ်ဝန်းသည်။ ဆင်းရဲသား မြေကျွန်လယ်သမားတို့၏ ပုန်ကန်မှုများ ပေါ်ပေါက်လာခဲ့သော်လည်း ပြင်းထန်ရက်စက်စွာ နှိမ်နင်းခြင်း ခံရလေသည်။ ဧကရာဇ် ဒုတိယမြောက် အလက်ဇန္ဒားဘုရင်မှ ရုရှားမြေကျွန်စနစ်ကို ၁၈၆၁ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီးနောက် တောင်သူလယ်သမားတို့သည် ဆင်ရဲကြပ်တည်းမှုနှင့် တွေ့ကြုံခဲ့ရပြီး တော်လှန်လိုစိတ်များ ပေါ်ထွန်းလာခဲ့သည်။ ထို့နောက် နောင်ဆယ်စုနှစ်များစွာအထိ ပြုပြင်ပြောင်းလဲမှုများအဖြစ် စတိုလီပင် ပြုပြင်ပြောင်းလဲမှု(Stolypin reform)၊ ၁၉၀၆ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဒူးမားလွှတ်တော်(၁၉၀၆-၁၉၁၄)မှလည်း လွတ်လပ်သော စီးပွားရေးနှင့် နိုင်ငံရေးစနစ်သို့ ပြောင်းလဲနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့သော်လည်း ဇာဘုရင်မှ သက်ဦးဆံပိုင် ဘုရင်စနစ်ကို စွန့်လွှတ်ရန်နှင့် အာဏာခွဲဝေရန်ကို သဘောမတူနိုင်ပဲ ရှိခဲ့လေသည်။ စီးပွားရေး ပျက်သုဉ်းမှု၊ စစ်ကြောင့် ပင်ပန်းနွမ်းနွယ်မှုနှင့် သက်ဦးဆံပိုင် ဘုရင်စနစ်ကို မလိုလားမှုတို့သည် ၁၉၁၇ ရုရှားတော်လှန်ရေးကြီးအား ဖြစ်ပွားစေခဲ့လေသည်။ ဇာဘုရင်အား နန်းစွန့်စေခဲ့ပြီးနောက် လစ်ဘရယ်နှင့် ပျော့ပျောင်းသော ဆိုရှယ်လစ်တို့ ပေါင်း၍ဖွဲ့စည်းထားသော ညွှန့်ပေါင်းအစိုးရအဖွဲ့ အုပ်ချုပ်ခဲ့သည်။ သို့ပေမယ့်လည်း ၁၉၁၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကွန်မြူနစ် ဘောရှီဗစ်တို့မှ အာဏာသိမ်းယူခဲ့သည်။ ထို့ကြောင့် ၁၉၂၂ ခုနှစ်မှစ၍ ၁၉၉၁ ခုနှစ်အတွင်း ရုရှားသမီုင်းသည် အမှန်စင်စစ်တော့ ဆိုဗီယက်ပြည်ထောင်စု၏ သမိုင်းသာလျှင် ဖြစ်ပေသည်။ အစောပိုင်းကာလများမှစ၍ ကွန်မြူနစ်ဟု သူတို့ကိုယ်သူတို့ သမုတ်ကြသော ဘောရှီဗစ်ပါတီသည် တစ်ပါတီစနစ်ဖြင့် နိုင်ငံအား အုပ်ချုပ်ခွင့်ကို ၁၉၁၈ မတ်လကတည်းကစတင်ပြီး ကြိုးပမ်းအားထုတ်လာခဲ့သည်။
၁၉၈၀ ခုနှစ်များ၏ အလယ်ပိုင်းကာလများတွင် ဆိုဗီယက်ယူနီယံ၏ စီးပွားရေးအင်အား ယုတ်လျော့လာပြီး နိုင်ငံရေးအခြေအနေသည် စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်လာသောအခါ မစ်ခေးဂိုဘာချော့သည် အဓိကပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် စတင်ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံးတွင်တော့ ထိုပြောင်းလဲရန်ကြိုးပမ်းအားထုတ်မှုသည် ကွန်မြူနစ်ပါတီအား အာဏာလက်လွတ်ဆုံးရှုံးခဲ့စေပြီး ဆိုဗီယက်ယူနီယံအား အစိတ်စိတ်ကွဲစေခဲ့ကာ ရုရှားနိုင်ငံအား ထီးထီးကျန်ခဲ့စေပြီး ဆိုဗီယက်ခေတ်လွန် ရုရှား သမိုင်းကို စတင်စေခဲ့သည်။ ၁၉၉၂ ခုနှစ် ဇန်နဝါရီလတွင် ဆိုဗီယက်ပြည်ထောင်စု၏ တရားဝင်ဆက်ခံခွင့်ရှိသူ ရုရှား ဖတ်ဒရေးရှင်းနိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့သည်။ ရုရှားနိုင်ငံသည် နျူကလီးယားအမြောက်တို့အား ပိုင်ဆိုင်နေဆဲဖြစ်သော်ငြားလည်း ကမ္ဘာအင်အားကြီး စူပါပါဝါနိုင်ငံတစ်ခုအဖြစ်မှတော့ ကျဆင်းခဲ့ရသည်။ ဆိုဗီယက်ခေတ်မှ ကြွင်းကျန်ခဲ့သော စီးပွားရေးနှင့် နိုင်ငံတော်၏ ပိုင်ဆိုင်မှုတို့ဖြင့် သမ္မတ ဗလာဒီမီယာ ပူတင်(၂၀၀၀ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် ရွေးကောက်ခံရ)သည် ၂၀၀၀ ပြည့်လွန်နောက်ပိုင်းတွင် နိုင်ငံရေးနှင့် စီးပွားရေးတို့အား အင်အားကြီးမားစေရန် စွမ်းဆောင်ခဲ့ပြီး ထက်ကြွလှုပ်ရှားသော နိုင်ငံခြားရေးမူဝါဒအား ကျင့်သုံးခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကျွန်းဆွယ်အား သိမ်းပိုက်ခဲ့ခြင်းသည် နိုင်ငံအား အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့မှ စီးပွားရေးပိတ်ဆို့သည့် အရေးယူမှုများ ပြုလုပ်ခြင်းကို ခံခဲ့ရသည်။
အကြိုသမိုင်း
၂၀၀၆ ခုနှစ်တွင် ကော့ကေးဆပ်မြောက်ပိုင်း ဒါဂဲ့စတန် အာရှုကာဒေသတွင် ၁.၅ မီလီယံသက်တမ်းရှိသည့် အိုဒါဝမ် မီးခတ်ကျောက်(Oldowan flint tools)တစ်ခုကို ရှာဖွေ့တွေရှိခဲ့သည်။ ဤသည်မှာ ရုရှားဒေသတွင် အစောပိုင်းကာလကတည်းကပင် လူများနေထိုင်နေကြပြီဆိုသည်ကို ပြသလိုက်ခြင်းပင် ဖြစ်သည်။[၅] လူသားတို့၏ ခန္ဓာကိုယ်နှင့်ဆိုင်သော အစောဆုံးသက်သေအထောက်အထားအချို့ ရှာဖွေတွေ့ရှိမှုများကို ဥရောပတခွင် မည်သည့်နေရာမှာမဆို တွေ့ရှိနိုင်ကြောင်း နှစ်ပေါင်း ၄၀,၀၀၀ သက်တမ်းရှိသော အရာဝတ္ထုများအား ၂၀၀၇ ခုနှစ်တွင် ရုရှားနိုင်ငံ ဒွန်မြစ်အနီးရှိ ကာစကျန်ကီ ရှေးဟောင်းသုတေသနနယ်မြေ၏ အနက်ဆုံးအလွှာတွင် တွေ့ရှိခဲ့မှုက သက်သေပြနေသည်။[၆] အာတိတ်ရုရှားဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀,၀၀၀ ခန့်ကပင် လူများ ရောက်ရှိခဲ့ပြီဖြစ်သည်။ အာဒီဂီယာဒေသရှိ မီဇမာအီစကားယားဂူတွင် နီအန်ဒါသယ် (Neanderthal) ကလေးငယ်၏ အရိုးအစိတ်အပိုင်းတို့အား ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်း၏ ကာဗွန်သက်တမ်းမှာ ၂၉,၀၀၀ နှစ်သာရှိသေးရာ ဤသည်မှာ ရုရှားသည် နီအန်သာဒယ်တို့၏ နောက်ဆုံးရှင်သန်ခဲ့ရာ ဒေသဖြစ်မည်ဟု ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။[၇] ၂၀၀၈ ခုနှစ်တွင် ဆိုက်ဘေးရီးယားဒေသရှိ အာတိုင်းတောင်တန်းတွင်ရှိသော ဒီနီဆိုဗာဂူ ရှေးဟောင်းသုတေသနနယ်မြေ၌ အလုပ်လုပ်နေသော နိုဗာစီးဘစ်ခ် ရှေဟောင်းသုတေသနနှင့် လူမျိုးစုလေ့လာရေး အင်စတီကျူမှ ရုရှား ရှေးဟောင်းသုတေသနပညာရှင်များသည် သက်တမ်း ၄၀,၀၀၀ နှစ်ရှိပြီဖြစ်သော juvenile hominin| ၏ လက်ငါးချောင်းမှ အရိုးအစိတ်အပိုင်းတစ်ခုကို တွေ့ရှိခဲ့ကြပြီး ထိုအရိုး၏ DNA စမ်းသပ်ချက်အရ ၎င်းတို့ရှာဖွေတွေ့ရှိခဲ့သည်မှ ယခင်က သိရှိခဲ့ဘူးခြင်းမရှိသော လူသားမျိုးနွယ်တစ်ခုအဖြစ် ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းကို ယခုအခါ ဒီနီဆိုဗာ ဟိုမီနင်း(Denisova hominin)ဟု အမည်မှည့်ခေါ်၍ ထားလေသည်။[၈]
သမိုင်းမတင်မီကာလအတွင်း ရုရှားတောင်ပိုင်းမှ ကြီးမားကျယ်ပြန့်သော စတက်မြက်ခင်းလွင်ပြင်များသည် နော့မတ်လူမျိုးများ နေထိုင်ရာဒေသဖြစ်ခဲ့သည်။ ဂန္ထဝင်ခေတ်တွင်လည်း ပွန်းတစ်စတက်မြက်ခင်းလွင်ပြင်ဒေသ(Pontic Steppe)ကို ဆိုက်သီးယားနိုင်ငံ(Scythia)ဟု ခေါ်တွင်ခဲ့ကြသည်။[၉] ကြာမြင့်ခဲ့ပြီဖြစ်သော ဤစတက်မြက်ခင်းပြင် ယဉ်ကျေးမှု(steppe cultures)၏ အကြွင်းအကျန်များကို ၂၀ ရာစုကာလအတွင် Ipatovo,[၉] Sintashta,[၁၀] Arkaim,[၁၁] နှင့် Pazyryk[၁၂] စသော ဒေသများတွင် ရှာဖွေတွေ့ရှိခဲ့သည်။
သမိုင်းဦး
အစောပိုင်း အရှေ့ဆလပ်ဗ်မျိုးနွယ်စုများ
ယနေ့ခေတ် ရုရှားလူမျိုး ဘိုးဘေးဘီဘင်အချို့မှာ ဆလပ်ဗ်မျိုးနွယ်များဖြစ်ကြပြီး အချို့သော ပညာရှင်များ၏ ခန့်မှန်းချက်များအရ ၎င်းတို့၏ မူရင်းနေရပ်မှာ ပင့်ရွံ့နွံ့တော(Pinsk Marshes)၏ သစ်တောများထူထပ်သော ဒေသမှ ဖြစ်ကြသည်။[၁၃] အစောပိုင်း အရှေ့ဆလပ်ဗ်လူမျိုး(Early East Slavs)တို့သည် အနောက်ပိုင်းရုရှားဒေသအား လမ်းကြောင်းနှစ်ခုဖြင့်အခြေချခဲ့ကြသည်။ ပထမလမ်းကြောင်းမှာ ကီးယဲဗ်မှ ယနေ့ခေတ် ဆူဇဒါး(Suzdal)နှင့် မူရွမ်မြို့(Murom)များဆီသို့ဖြစ်ပြီး နောက်ထပ်တစ်ခုမှာ ပိုလာ့စ်(Polotsk)မှ နော့ဂေါရတ်(Novgorod)နှင့် ရပ်စတော့ဒေသ(Rostov)များဆီသို့ဖြစ်သည်။[၁၄]