လက်ယက်ကုန်းရွာ၊ ဒီပဲယင်းမြို့နယ်

လက်ယက်ကုန်းရွာ (အင်္ဂလိပ်: Letyetkone)သည် စစ်ကိုင်းတိုင်းဒေသကြီးရေဦးခရိုင်ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၅၉၁ ဖြစ်သည်။ [၁]

လက်ယက်ကုန်း
ရွာ
လက်ယက်ကုန်းရွာ
လက်ယက်ကုန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လက်ယက်ကုန်း
လက်ယက်ကုန်း
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°40′36″N 95°24′09″E / 22.6767807006836°N 95.4023666381835°E / 22.6767807006836; 95.4023666381835 95°24′09″E / 22.6767807006836°N 95.4023666381835°E / 22.6767807006836; 95.4023666381835
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်ရေဦးခရိုင်
မြို့နယ်ဒီပဲယင်းမြို့နယ်
ကျေးရွာအုပ်စုလက်ယက်ကုန်း
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

၂၀၂၂ ခုနှစ် ဖြစ်ရပ်

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 ၂ စီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကလေး ၇ ဦး သေဆုံးခဲ့ကာ ၁၇ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် မြေပြင်စစ်ကြောင်းကလည်း ရွာအတွင်း ဝင်တိုက်ခိုက်ရာ နောက်ထပ် ကလေး ၂ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့သည်။[၂] မြဝတီရုပ်သံကမူ လက်ယက်ကုန်းရွာမှတဆင့် ကချင်လွတ်မြောက်ရေးတပ်မတော် နှင့် PDF တို့က လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်မည် ဖြစ်ကြောင်းနှင့် ရွာဘုန်းကြီးကျောင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထောက်ခံသူများ၊ PDF များ ခိုအောင်းနေထိုင်လျက် ရှိပြီး ဒေသခံများနှင့် ခရီးသွား ပြည်သူများကို အဓမ္မဆက်ကြေး တောင်းခံခြင်းများ ပြုလုပ်နေကြောင်း သတင်းပေး တိုင်ကြားချက်ကြောင့် ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်ညပိုင်း သတင်းတွင် ကြေညာခဲ့သည်။[၂] ယင်းသို့ စစ်ဆေးခဲ့ရာတွင် အပြန်အလှန် ထိတွေ့မှု ဖြစ်ပွားခြင်းကြောင့် ဒေသခံများ သေဆုံးခဲ့ကြောင်း သတင်းတွင် ကြေညာခဲ့သော်လည်း မြေပြင်တွင် ထိတွေ့တိုက်ပွဲမျိုး ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ကသာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုထားသည်။[၂][၃]

ကိုးကား


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား