လီစာစူး

ဒေါက်တာလီစာစူး (၁၉၆၉-ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် မွေးဖွားသည့်)ထိုင်ဝမ်မွေး[၄] အမေရိကန် လုပ်ငန်းအမှုဆောင်အရာရှိချုပ်နှင့် လျှပ်စစ်အင်ဂျင်နီယာဖြစ်သည်။သူမသည် အေအဲမ်ဒီ (AMD) လုပ်ငန်းအမှုဆောင်အရာရှိချုပ်လည်းဖြစ်၊ ဥက္ကဋ္ဌလည်း ဖြစ်သည်။ သူမသည် အသက်မွေးဝမ်းကျောင်းမှုအစပိုင်းတွင် Texas Instruments၊ IBM နှင့် Freescale Semiconductorတို့တွင် အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းများတွင် လည်းကောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများတွင် လည်းကောင်း လုပ်ကိုင်ခဲ့သည်။[၂][၅][၆] သူမသည် အိုင်ဘီအဲမ် (IBM) ၏ တပိုင်းလျှပ်ကူး(semiconductor) သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် လျှပ်ကာခွဆီလီကွန် (silicon-on-insulator သို့မဟုတ် SOI)ဟုခေါ်သည့် တပိုင်းလျှပ်ကူးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ[၇]နှင့် ပိုမိုထိရောက်သော တပိုင်းလျှပ်ကူးချစ်ပ်များ (semiconductor chips)[၈] တိုးတက် ချဲ့ထွင်ဖြစ်ပေါ်လာစေခြင်းများကြောင့် လူသိများသည်။[၉]

ဒေါက်တာလီစာစူး
(Dr. Lisa Su)
၂၀၁၃-ခုနှစ်မှ ဒေါက်တာလီစာစူး၏ပုံ
မွေးဖွားLisa Tzwu-Fang Su
(1969-11-07) ၇ နိုဝင်ဘာ၊ ၁၉၆၉ (အသက် ၅၄)
ထိုင်ဝမ်၊ ထိုင်နန်မြို့ (Tainan)
ပညာရေးမက်ဆာချူးဆက် စက်မှုတက္ကသိုလ် (MIT) (BSMSPhD)
ကျော်ကြားမှုအရင်းခံတပိုင်းလျှပ်ကူး(semiconductor) ဒီဇိုင်း၊ လျှပ်ကာခွဆီလီကွန် (silicon-on-insulator သို့မဟုတ် SOI) ဒီဇိုင်း
ဘွဲ့အေအဲမ်ဒီ (en:AMD)၏ လုပ်ငန်းအမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌ (၂၀၁၄-လက်ရှိ)
အိမ်ထောင်ဖက်(များ)Daniel Lin[၁][၂]
ရရှိသည့်ဆုများ
လီစာစူး
ရိုးရာ တရုတ်蘇姿丰
ရိုးရှင်းသော တရုတ်苏姿丰

ငယ်စဉ်ဘဝနှင့် ပညာရေး

စူးကျီးဖုန်း (ရိုးရှင်းတရုတ်: 苏姿丰; ရိုးရာတရုတ်: 蘇姿丰; ပင်ယင်: Sū zī fēng) ကို ထိုင်ဝမ်ရှိ ကမ်းရိုးတန်းမြို့တစ်ခုဖြစ်သော ထိုင်နန်မြို့ (Tainan)တွင် ၁၉၆၉-ခုနှစ်၊ နိုဝင်ဘာလတွင် ထိုင်ဝမ်တရုတ် စူးချွန်းဟွိုင် (ရိုးရှင်းတရုတ်: 苏春槐; ရိုးရာတရုတ်: 蘇春槐; ပင်ယင်: Sū chūn huái)နှင့် လော်ရှူးယာ (ရိုးရှင်းတရုတ်: 罗淑雅; ရိုးရာတရုတ်: 羅淑雅; ပင်ယင်: Luó shū yǎ)တို့မှ မွေးဖွားခဲ့သည်။[၁၀][၁၁][၂] သူမ အသက် ၃-နှစ်ခန့်အရွယ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။[၂][၁၀] သူမနှင့် သူမ၏အစ်ကိုတို့အား ငယ်ရွယ်စဉ်အခါကတည်းက သင်္ချာနှင့် သိပ္ပံဘာသာရပ်များကို လေ့လာကြိုးစားရန် မိဘများကတိုက်တွန်းခဲ့သည်။[၁၂] သူမအသက် ၇-နှစ်အရွယ်ကတည်းက အငြိမ်းစား စာရင်းအင်းသင်္ချာပညာရှင်ဖြစ်သော အဖေမှ သူမအား အလီပေါင်းဇယားများကို မေးမြန်းစစ်ဆေးလေ့ရှိခဲ့သည်။ စာရင်းကိုင်တစ်ယောက်လည်း ဖြစ်ခဲ့ဖူးသော စွန့်ဦးတီထွင် လုပ်ငန်း​ရှင်တစ်ဦးဖြစ်သည့် အမေထံမှ စီးပွားရေးဆိုင်ရာ အသိအမြင်များကို သူ့အား မိတ်ဆက်သင်ကြားပေးခဲ့သည်။[၂] သူမသည် ငယ်ရွယ်စဉ်အခါကတည်းကပင် အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်သော စိတ်ဆန္ဒရှိခဲ့ပြီး၊ "ငါစက်ပစ္စည်းတွေဘယ်လို အလုပ်လုပ်သလဲဆိုတာကို သိချင်စိတ် တအားကြီးခဲ့တယ်"ဟု ရှင်းပြခဲ့ဖူးသည်။[၂] အသက် ၁၀-နှစ်အရွယ်တွင် သူမအစ်ကို၏ အဝေးထိန်းကားများကို တစ်စစီဖြုတ်ကာ ပြင်ဆင်ပြီး ပြန်လည်တပ်ဆင်နိုင်ခဲ့သည်။[၁၃] သူမ၏ ပထမဆုံး ကွန်ပျူတာဖြစ်သော Apple II ကို သူမ အလယ်တန်းအဆင့် (junior high school)တွင် စတင်ရရှိ အသုံးပြုခဲ့သည်။[၁၄] သူမသည်နယူးယောက်မြို့ရှိ ဘရွန်းခ်စ်သိပ္ပံအထက်တန်းကျောင်း (Bronx High School of Science)မှ ၁၉၈၆-ခုနှစ်တွင် အထက်တန်း အောင်မြင်ခဲ့သည်။[၇]

လီစာစူးသည် မက်ဆာချူးဆက် စက်မှုတက္ကသိုလ် (MIT)ကို ၁၉၈၆-ခုနှစ် ဆောင်းဦးရာသီတွင် စတင်တက်ရောက်ခဲ့ပြီး၊ လျှပ်စစ်အင်ဂျင်နီယာဘာသာ သို့မဟုတ် ကွန်ပျူတာသိပ္ပံဘာသာ အဓိကယူရန် ရည်သန်ခဲ့သည်။ သူမသည် လျှပ်စစ်အင်ဂျင်နီယာဘာသာကို အခက်အခဲဆုံးဘာသာအနေဖြင့် တွေးထင်ခဲ့ပြီး ၎င်းပညာရပ်ကိုပင် အဓိကအဖြစ် ရွေးချယ်ခဲ့သည်။[၇][၂][၁၂] သူမ တက္ကသိုလ် ပထမနှစ်ကျောင်းသူဘဝတွင်ပင် ဘွဲ့ကြိုသုတေသနအခွင့်အလမ်းပရိုဂရမ် (Undergraduate Research Opportunities Program သို့မဟုတ် UROP)မှတစ်ဆင့် ဘွဲ့ကြိုသုတေသနလက်ထောက်တစ်ယောက်အနေဖြစ် ဘွဲ့လွန်ကျောင်းသားများ အသုံးပြုသော စမ်းသပ်မှုသုံး ဆီလီကွန်ဝေဖာများ (silicon wafers)ကို ထုတ်လုပ်သည့်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။[၁၃] ဤယူရွတ်ပ် ပရိုဂရမ် (UROP)အပြင် သူ၏ အဲနလော့ဂ် ဒီဗိုက်စ် (Analog Devices) ကုမ္ပဏီတွင် လုပ်ကိုင်ခဲ့သော နွေရာသီအချိန်ပိုင်းအလုပ်တို့ကလည်း သူမ၏ တပိုင်းလျှပ်ကူး(semiconductor)ဆိုင်ရာ သုတေသနလုပ်ငန်းများအပေါ် စိတ်ဝင်စားမှုကို မီးထိုးပေးခဲ့သည်။[၇] သူမ၏ တက္ကသိုလ်ကျောင်းတက်စဉ်ကာလတစ်လျှောက်လုံး ဤလုပ်ငန်းအပေါ် အာရုံစိုက်လုပ်ကိုင်ခဲ့ပြီး၊[၁၃] သူမ၏ အချိန်ပေါင်းများစွာကို စမ်းသပ်ခန်းအတွင်း၌ တပိုင်းလျှပ်ကူး(semiconductor)ဆိုင်ရာ ပစ္စည်းမျိုးစုံကို ဒီဇိုင်းလုပ်ရာတွင်လည်းကောင်း၊ ပစ္စည်းသဘာဝ တိုးတက်ပြောင်းလဲအောင် ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုခဲ့သည်။[၂] သူမသည် မက်ဆာချူးဆက် စက်မှုတက္ကသိုလ် (MIT)မှ ပထမဘွဲ့ (bachelor's degree)ကို လျှပ်စစ်အင်ဂျင်နီယာပညာရပ် အဓိကဖြင့်ရရှိခဲ့ပြီးနောက်၊ မဟာဘွဲ့ (master's degree)ကို ၁၉၉၁-ခုနှစ်တွင် ၎င်းတက္ကသိုလ်မှပင် ရရှိခဲ့သည်။ ၁၉၉၀ မှ ၁၉၉၄ ခုနှစ်အတွင်း[၁၅] သူမသည် ပါရဂူဘွဲ့ (PhD)အတွက် စာတမ်းအကြံပေး ဒီမီတျီ အန်တိုနီယဒစ်စ် (Dimitri Antoniadis)၏ လက်အောက်တွင် လေ့လာလုပ်ဆောင်ခဲ့သည်။[၇] အဲမ်အိုင်တီ နည်းပညာ သုံးသပ်အစီရင်ခံမဂ္ဂဇင်း (MIT Technology Review) မှ စူးသည် ပါရဂူဘွဲ့ ကျောင်းသူဘဝကတည်းကပင် (ထရန်စစ်စတာများ၏ စွမ်းဆောင်ရည်ကို တိုးပွားစေနိုင်သည်ဟု သိရှိကြသော်လည်း ထိုစဉ်က ဤအချက်အတွက် အထောက်အထား မရှိသေးသည့်) လျှပ်ကာခွဆီလီကွန် (silicon-on-insulator သို့မဟုတ် SOI) နည်းပညာ ကို အာရုံစိုက်စူးစမ်းသုတေသနပြုခဲ့သော ပထမဆုံးသော သုတေသနပညာရှင်များထဲမှ တစ်ယောက်ဖြစ်သည်ဟု ရေးသားဖော်ပြခဲ့သည်။[၇] သူမသည် လျှပ်စစ်အင်ဂျင်နီယာပညာ ပါရဂူဘွဲ့ကို ၁၉၉၄-ခုနှစ်တွင် အဲမ်အိုင်တီ (MIT)မှပင် ရရှိခဲ့သည်။[၇][၁၆] သူမ၏ ပါရဂူဘွဲ့စာတမ်းမှာ "Extreme-submicrometer silicon-on-insulator (SOI) MOSFETs" ဟူ၍ ခေါင်းစဉ်တပ်ထားသည်။[၁၇]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ