ဝင်းဖေမြင့် (ပန်းချီ)

ပန်းချီ ဝင်းဖေမြင့်ကို မကွေးတိုင်းဒေသကြီးမင်းဘူးမြို့နယ်တွင် အဖ မြေစာရင်းအင်စပက်တော် ဦးဘဂျမ်း၊ အမိ ဒေါ်တင်အေးတို့မှ ၁၉၅၁-ခုနှစ်တွင် မွေးဖွားသည်။ မွေးချင်း ၄ ယောက်အနက် ဒုတိယသားဖြစ်သည်။

၁၉၆၆-ခုနှစ်တွင် ဆယ်တန်းအောင်သည်။ မကွေးကောလိပ်ကို ဆက်လက်ပညာသင်ကြားပြီး ၁၉၆၈-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းလာခဲ့သည်။ ရုက္ခဗေဒအထူးပြု ဘွဲ့ရပြီးသောအခါ ဖွဲနုဆီခဲ စက်ရုံတွင် အလုပ်ဝင်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် တစ်ကိုယ်တော်ပန်းချီပြပွဲကို လောကနတ်တွင် ပြုလုပ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဒုတိယအကြိမ် တစ်ကိုယ်တော်ပန်းချီပြပွဲကိုလည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် တိမ်တစ်ရာ တစ်ကိုယ်တော်ပန်းချီပြပွဲကိုလည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် portrait တစ်ရာ တစ်ကိုယ်တော်ပန်းချီပြပွဲကိုလည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် Trish Gallery ၌ စိတ်နှင့်မြင်သော ရှုခင်းများ ပန်းချီပြပွဲကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် အဖြူအမည်း ပန်းချီပြပွဲများကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။ပန်းချီပညာနှင့်ပတ်သက်၍ အရည်အချင်းရှိသော တပည့်များစွာ မွေးထုတ်ပေးလျှက် ရှိပါသည် 2022 ခုနှစ်အတွင်း မျက်လုံးခွဲစိတ်မှုကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ပြုလုပ်ခဲ့ပါသည်။ ပန်းချီဝင်းဖေမြင့်သည် ဦးလွန်းကြွယ်၊ ဦးသိန်းဟန်၊ ဦးပေါ်ဦးသက်နှင့် ဦးရွှေအောင်သိမ်းတို့ထံတွင်ပန်းချီပညာဆည်းပူးခဲ့သည်။ မန္တလေးနှင့်ရန်ကုန်မြို့တို့မှ ဆရာသမားများ၏ ပညာအမွေ စုံစုံလင်လင် ရရှိခဲ့သည့်အတွက့် ရုပ်အမြင်ကော စိတ်အမြင်ကိုပါ သူ၏ ပန်းချီကားများတွင် ထည့်သွင်းဖန်တီးလေ့ရှိပြီး အရောင်၊ အရုပ်၊ ဟင်းလင်းပြင် သဘောတရားများကို အချိုးအစားလှပစွာ ဖန်တီးရေးဖွဲ့လေ့ရှိပါသည်။Idea magazine တွင်ရေးသားခဲ့သော ဆောင်းပါးများအား "အရောင်တွေအကြောင်း ပန်းချီကားတွေအကြောင်း" ဟူသောအမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။ အဆိုပါစာအုပ်အား ၃ ကြိမ်တိုင်တိုင်ရိုက်နှိပ်ထုတ်ဝေခဲ့ရသည်။ ၂၀၂၂ တွင်လည်း ပန်းချီရေးနေရင် "နှစ်ငါးဆယ် ဘယ်လိုကုန်သွားမှန်းမသိ" ဟူသောစာအုပ်အားရိုက်နှိပ်ထုတ်ဝေခဲ့သည်။

ကိုးကား


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ