ဝန္ဒနီမုဒြာ

ရှိခိုး ဖူးမြော်ဟန် ဖြစ်သည်။

အဉ္ဇလီမုဒြာ, နမက္ကာရမုဒြာတို့နှင့် တူသည်။ ယင်း ပုဒ်များကို ရှင်းလင်းဖော်ပြချက်တို့တွင်

အချို့ ပဋိမာသိပ္ပံ ပညာရှင်များ၏ အဆိုအမိန့်အရ အဉ္ဇလီနှင့် နမက္ကာရတို့မှာ တစုံတရာ မမြွက်ဆိုဘဲ လက်ယှက်ရှိခိုးရုံမျှ ဟန်ဖြစ်၍ ဝန္ဒနီမှာမူ နှုတ်ကလည်း မြွက်ဟရွတ်ဆိုပြီးလျှင် လက်ကလည်းရှိခိုးဟန် ဖြစ်သည်ဟု လေ့လာသိရှိရပါသည်။ မြန်မာဝေါဟာရတွင်လည်းလည်း နမက္ကာရကို ရှိခိုးသည်။ အဉ္ဇလီကို လက်အုပ်ချီသည်။ ဝန္ဒနာကို ဖူးမြော်သည်ဟုလည်း ခွဲခြားကြသေးသည်။

သို့သော် နမက္ကာရ ဘုရားရှိခိုးကျမ်း ဗုဒ္ဓဝန္ဒနာကျမ်းများမှာ ရွတ်ဖတ် သရဇ္ဈာယ်ရမည့် ဘုရားရှိခိုးများကို ရေးသားပြုစုထားခြင်း, အဉ္ဇလိကျမ်းဟူ၌ မယ်မယ်ရရ မတွေ့ရှိရသေးခြင်းများကြောင့် အထက်ပါ ဝိဝါဒကွဲပြားမှုများမှာ လေးလေးနက်နက် မရှိလှဟု ယူမိပါသည်။ သာမညအားဖြင့် အဉ္ဇလိ = နမက္ကာရ = ဝန္ဒနာတို့မှာ သဘောသဘာဝခြင်း တူညီကြသည်ဟု ယူဆလိုပါသည်။ [၁][၂][၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ