ဝီကီပီးဒီးယား:ပိတ်ပင်ခြင်း မူဝါဒ


ပိတ်ပင်ခြင်း ဆိုသည်မှာ အသုံးပြုသူများကို ဝီကီပီးဒီးယားအား ပြင်ဆင်တည်းဖြတ်ခြင်းမှ နည်းပညာအရ တားမြစ်သည့် နည်းလမ်းဖြစ်ပြီး စီမံခန့်ခွဲသူများက ဆောင်ရွက်သည်။ ပိတ်ပင်မှုကို အသုံးပြုသူ အကောင့်များ၊ အိုင်ပီလိပ်စာများနှင့် အိုင်ပီလိပ်စာ အပိုင်းအခြားတို့အား အချိန်ကန့်သတ်ချက် သို့မဟုတ် အကန့်အသတ်မရှိ ပြုလုပ်သည်။ ပိတ်ပင်ခံထားရသော အသုံးပြုသူများအနေဖြင့် ဝီကီပီးဒီးယားကို ဆက်လက်ကြည့်ရှုနိုင်သော်လည်း များသောအားဖြင့် သူတို့၏ အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာများမှ လွဲ၍ အခြား မည်သည့် စာမျက်နှာကိုမျှ (သူတို့၏ ကိုယ်ပိုင် အသုံးပြုသူ စာမျက်နှာများ အပါအဝင်) ပြင်ဆင်တည်းဖြတ်ခြင်း ပြုလုပ်နိုင်မည် မဟုတ်ပေ။

ဝီကီပီးဒီးယားအား ဖျက်လိုဖျက်ဆီးခြင်းအား ကာကွယ်ရန်အတွက် ပိတ်ပင်ခြင်းကို ဆောင်ရွက်ခြင်းဖြစ်ပြီး အသုံးပြုသူများအား အပြစ်ပေးရန်အတွက် မဟုတ်ပေ (အောက်တွင်ရှိသော ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ ကို ကြည့်ပါ)။ မည်သည့် အသုံးပြုသူမဆို ဖျက်လိုဖျက်ဆီး အနှောက်အယှက်များအား သတင်းပို့နိုင်သလို ယင်းသို့ပြုလုပ်သော အသုံးပြုသူ အကောင့် သို့မဟုတ် အိုင်ပီလိပ်စာအား ပိတ်ပင်နိုင်ရန် စီမံခန့်ခွဲသူများထံ မေးမြန်းနိုင်သည် (ပိတ်ပင်ရန် တောင်းဆိုခြင်းကို ကြည့်ပါ)။

အကယ်၍ တည်းဖြတ်သူများသည် ပိတ်ပင်မှု တစ်ခုသည် မှားယွင်းစွာ ဆောင်ရွက်ခဲ့သည်ဟု ယုံကြည်ပါက ပိတ်ပင်ခြင်းအား ပြန်လည်သုံးသပ်ရန် WP:AN ၌ တောင်းဆိုနိုင်သည်။ စီမံခန့်ခွဲသူများအနေဖြင့် ပိတ်ပင်ခြင်းသည် အကြောင်းမဲ့ဖြစ်ခြင်း သို့မဟုတ် သင့်လျော်မှု မရှိတော့ဟု ယူဆပါက အသုံးပြုသူအား ပိတ်ပင်ထားခြင်းကို ပြန်လည်ဖယ်ရှားနိုင်သည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ