ဟစ်ဘစ်စကက်စ်

ဟစ်ဘစ်စကက်စ်
ခေါင်ရန်းပန်း (Hibiscus rosa-sinensis)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Plantae
Clade:Angiosperms
Clade:Eudicots
Clade:Rosids
မျိုးစဉ်:Malvales
မျိုးရင်း:Malvaceae
မျိုးရင်းသေး:Malvoideae
မျိုးဇာတ်:Hibisceae
မျိုးစု:Hibiscus
ကားလ် လင်းနီးယပ် (L.)
မျိုးစိတ်

၆၇၉ မျိုးစိတ်

Synonyms[၁]
  • Bombycidendron Zoll. & Moritzi
  • Bombycodendron Hassk.
  • Brockmania W.Fitzg.
  • Pariti Adans.
  • Wilhelminia Hochr.

ဟစ်ဘစ်စကက်စ် (Hibiscus)[၂][၃]သည် မာလဗေးစီ (Malvaceae)မျိုးရင်းဝင် ပန်းပွင့်သောအပင်တို့၏ မျိုးစုအမည် ဖြစ်သည်။ ဤမျိုးစု (genus)သည် ကြီးမားသောမျိုးစုတစ်ခုဖြစ်ပြီး၊ ရာပေါင်းများစွာသော မျိုးစိတ် (species)တို့ ပါဝင်သည်။ သမပိုင်းဇုန်၊ ဆာ့ဗ်တျော့ပစ် (Subtropics - အပူပိုင်းဇုန်နှင့် သမပိုင်းဇုန်ကြားဒေသ)၊ အပူပိုင်းဇုန်တို့တွင် တွေ့ရသဖြင့်၊ အအေးပိုင်းဇုန်များမှလွဲ၍ ကမ္ဘာအနံ့တွေ့ရသော အပင်တစ်မျိုး ဖြစ်သည်။ ဤမျိုးစိတ်ဝင် အပင်တို့၌ ကြီးမား၍ သိသာထင်ရှားသောပန်းများ ပွင့်လေ့ရှိပြီး၊ ယေဘုယျအားဖြင့် ဟစ်ဘစ်စကက်စ် (အင်္ဂလိပ်: hibiscus)ဟု ခေါ်ကြသည်။ အင်္ဂလိပ်ဘာသာတွင် ရို့စ်မဲလို(rose mallow)ဟုလည်း တချို့ကခေါ်ကြသည်။ ဟာဒီဟစ်ဘစ်စကက်စ် (hardy hibiscus)၊ ရို့စ်အော့ဖ်ရှရွန် (rose of sharon)၊ တျော့ပစ်ကယ်ဟစ်ဘစ်စကက်စ် (tropical hibiscus)ဟုလည်း ခေါ်ကြသေးသည်။

မြန်မာနိုင်ငံရှိ ဤမျိုးစုဝင် အပင်အချို့

မြန်မာနိုင်ငံတွင်သိသော ခေါင်ရန်းပန်းသည် ဤဟစ်ဘစ်စကက်စ်မျိုးစုဝင် ဖြစ်ပြီး၊ သိပ္ပံအခေါ်အဝေါ်မှာ Hibiscus rosa-sinensis ဖြစ်သည်။ ချဉ်ပေါင်သည်လည်း ဤမျိုးစုဝင်ဖြစ်ပြီး၊ သိပ္ပံအခေါ်အဝေါ်မှာ Hibiscus sabdariffa ဖြစ်သည်။

သရုပ်ဖော်ပြချက်

ဟစ်ဘစ်စကက်စ်ပန်း၏ ပြောင်းလဲပုံ အဆင့်များ
ဝတ်မှုန် အစေ့များ
အသီး
ဝတ်မှုန်ခံ (stigma)

ဟစ်ဘစ်စကက်စ် ပန်းမျိုးကွဲပုံများ

ဟာဝိုင်ယီပြည်နယ်ရှိ အဖြူရောင် Hibiscus arnottianus
(အလွန်ကြီးသော) အပူပိုင်းဒေသ Hibiscus rosa-sinensis 'Madonna'
Hibiscus hirtus
Hibiscus lobatus
Hibiscus hispidissimus
အဝါရောင် ဟစ်ဘစ်စကက်စ်
စိုက်ပျိုးထားသော နီဝါရောင် ဟစ်ဘစ်စကက်စ်
စိုက်ပျိုးထားသော အဝါရောင် ဟစ်ဘစ်စကက်စ်

မျိုးစိတ်များ

ဆာ့ဗ်တျော့ပစ် (Subtropics - အပူပိုင်းဇုန်နှင့် သမပိုင်းဇုန်ကြားဒေသ)နှင့် အပူပိုင်းဇုန်တို့တွင် ခေါင်ရန်းသည် လူသိအများဆုံး ဟစ်ဘစ်စကက်စ်မျိုးစုဝင်အပင် ဖြစ်သည်။

ဤမျိုးစုတွင် ပါဝင်သော မျိုးစိတ်အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ