အကတညုတာသုတ်

(၂)သုတ် ရှိပါသည်။

[၁](က) ဒုစရိုက်တရားသုံးပါးနှင့် ပြည့်စုံသူ၊ သူတစ်ပါး၏ ကျေးဇူးကို မသိတတ်သူ၊ ကျေးဇူးမဆပ်သူများ ငရဲ၌ ဖြစ်ကြရသည်။

(ခ) သုစရိုက်တရားသုံးပါးနှင့် ပြည့်စုံသူ၊ ကျေးဇူးကို သိတတ်သူ၊ ကျေးဇူးဆပ်သူများ နတ်ပြည်၌ဖြစ်ကြရသည်ဟု လေးပါးတွဲတရားတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၂]အထက်ပါ -

(က) ဒုစရိုက်တရားသုံးပါး အကတညတာ အကတဝေဒိတာ ဟူသော တရားလေးပါးနှင့် ပြည့်စုံသော၊ မိုက်မဲသော မလိမ္မာသော သူယုတ်မာသည် မိမိ၏ဂုဏ်ကို တူးဖြိုဖျက်ဆီးသူ၊ အပြစ်ရှိသူ၊ ပညာရှိတို့ကဲ့ရဲ့ခြင်းခံရသူ၊ များစွာသော မကောင်းမှုကို ဖြစ်ပွားစေသူဖြစ်သည်ဟု လည်းကောင်း။

(ခ) သုစရိုက်သုံးပါး ကတညတာ ကတဝေဒိတာဟူသော တရားလေးပါးတို့နှင့် ပြည့်စုံသောပညာရှိ၊ လူလိမ္မာ၊ သူတော်ကောင်းသည် မိမိ၏ဂုဏ်ကို မတူးဖြိုသူ၊ မဖျက်ဆီးသူ၊ ပညာရှိတို့ ချီးမွမ်းခံရသူ၊ ကောင်းမှုများစွာကို ဖြစ်ပွားစေသူ ဖြစ်သည်ဟုလည်းကောင်း ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။[၃]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ