အင်ဒီပန်းဒန့်

အင်ဒီပန်းဒန့် (အင်္ဂလိပ်: the Independent) သည် ဗြိတိသျှ အွန်လိုင်းသတင်းစာတစ်စောင်ဖြစ်သည်။ မနက်ပိုင်း ပုံနှိပ်သတင်းစာအဖြစ် ၁၉၆၈ တွင် တည်ထောင်ခဲ့၍ အမည်ပြောင်အားဖြင့် the Indy ဟု ခေါ်ဆိုကြကာ မူလအစ၌ ဆိုက်ကြီးသတင်းစာဖြစ်သော်လည်း၂၀၀၃ တွင် ဆိုက်သေး (tabloid) အဖြစ်ပြောင်းလဲဖြန့်ချိခဲ့ကြသည်။[၄] နောက်ဆုံးပုံနှိပ်ထုတ်ဝေခြင်းနေ့စွဲသည် ၂၀၁၆ မတ် ၂၆ ဖြစ်၍ အွန်လိုင်းအသွင်ဖြင့် ရပ်တည်ခဲ့သည်။[၅]

The Independent
အမျိုးအစားပုံနှိပ်မူ (၁၉၆၈-၂၀၁၆)
အွန်လိုင်းမူ (၂၀၁၆-လက်ရှိ)
ပုံစံအချိုးအစားဆိုက်ကြီး(၁၉၈၆–၂၀၀၃)
ဆိုက်သေး (Tabloid) မူ (၂၀၀၃–၂၀၁၆)
ဝက်ဘ်ဆိုက် (၂၀၁၆–လက်ရှိ)
ပိုင်ဆိုင်သူEvgeny Lebedev (41%)[၁][၂]
Sultan Muhammad Abuljadayel (30%)[၁][၂]
Justin Byam Shaw (26%)[၂]
Minor shareholders (3%)[၂]
ထုတ်ဝေသူIndependent Digital News & Media Ltd
အယ်ဒီတာChristian Broughton
တည်ထောင်ခြင်း၇ အောက်တိုဘာ ၁၉၈၆; ၃၇ နှစ် အကြာက (၁၉၈၆-၁၀-07)
Political alignmentလစ်ဘရယ်ဝါဒ[၃]
ဌာနချုပ်များယူနိုက်တက်ကင်းဒမ်း၊ လန်ဒန်၊ ကန်စင်တန်၊ နော့သ်ကလစ်ဖ် ဟောက်စ်
ညီအစ်မ သတင်းစာများThe Independent on Sunday (၁၉၉၀–၂၀၁၆)
i (၂၀၁၀–၂၀၁၃)
အွန်လိုင်း indy100 (၂၀၁၃–လက်ရှိ)
ISSN0951-9467
OCLC နံပါတ်185201487
ဝက်ဘ်ဆိုဒ်independent.co.uk

သတင်းစာသည် ငွေရေးကြေးရေးကိစ္စများအပေါ် လွတ်လပ်၍ ထိန်းချုပ်မှုမဲ့ ဈေးကွက် (pro-market) တွင် ရပ်တည်ရန်ရည်ရွယ်သည်။[၆] သတင်းစာကို တိုနီ အို'ရေးလီ၏ အိုင်းရစ် "Independent News & Media" က ၁၉၉၇ အထိ ပိုင်ဆိုင်ခဲ့ပြီး ၂၀၁၀ တွင် ရုရှားသူဌေး အလက်ဇန္ဒား လဲ့ဘဲ့ဒဲ့ဗ် (Lebedev) ထံသို့ရောင်းချခဲ့၍[၇] ၂၀၁၇ တွင် ဆော်ဒီရင်းနှီးမြှုပ်နှံသူတစ်ဦးက ရှယ်ရာ ၃၀ % ဝယ်ယူခဲ့သည်။[၈]

၂၀၁၅ ဇွန်၌ သတင်းစာစောင်ရေသည် ၅၈,၀၀၀ အောက်သာရှိခဲ့ရာ ၁၉၉၀ က အမြင့်ဆုံးရောင်းချရနှုန်းထက် ၈၅ % ကျဆင်းခဲ့သည်။ တစ်ဖက်တွင် တနင်္ဂနွေထုတ်ဝေမူသည်လည်း စောင်ရေ ၉၇,၀၀၀ ကျော်အထက်သာ ရှိခဲ့၏ ။[၅][၉] နေ့စဉ်ထုတ်ဝေမူသည် ၂၀၀၄ တွင် ဗြိတိသျှ စာနယ်ဇင်းဆု (Press Award) ၏ တစ်နှစ်တာ အမျိုးသား သတင်းစာဆုအဖြစ် ချီးမြှင့်ခြင်းခံခဲ့ရသည်။ ဤသတင်းစာ၏ ဝဘ်ဆိုက်နှင့် မိုဘိုင်းအပ်(ပ်) နှစ်ခုပေါင်း၌ ဝင်ရောက်ကြည့်ရှု/ဖတ်ရှုသူ လစဉ် ၂၂ သန်းကျော်ရှိသည်။[၁၀]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ