အစ္စရေးနိုင်ငံ

အနောက်အာရှနိုင်ငံ

အစ္စရေးနိုင်ငံ מְדִינַת יִשְׂרָאֵל‎ (ဟေဗြဲဘာသာစကား) دَوْلَة إِسْرَائِيل (အာရပ်ဘာသာစကား) သည် အနောက်အာရှတွင် တည်ရှိသည်။ အစ္စရေးနိုင်ငံသည့် လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန်၊ အီဂျစ်၊ ပါလက်စတိုင်း စသည် နိုင်ငံများနှင့် နယ်နိမိတ်ထိ စပ်သည်။ အစ္စရေးနိုင်ငံ တောင်ပိုင်း အီဂျစ်–ဂျော်ဒန် နယ်စပ် အနီတွင် ပင်လယ်နီ ရှိပြီး မြောက်ပိုင်းတွင် မြေထဲပင်လယ် ရှိသည်။

အစ္စရေးနိုင်ငံ
מְדִינַת יִשְׂרָאֵל (ဟေဗြဲဘာသာစကား)‎ دَوْلَة إِسْرَائِيل (အာရပ်ဘာသာစကား)
အစ္စရေးနိုင်ငံ၏ အလံတော်
အလံတော်
အစ္စရေးနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: Hatikvah instrumental.ogg
အစ္စရေးနိုင်ငံ ၏ တည်နေရာ
မြို့တော်ဂျေရုဆလင်မြို့
ရုံးသုံး ဘာသာစကားများဟေဗြဲဘာသာစကား
လူမျိုးစုဂျုးလူမျိုး (၇၃%)၊ အာရပ်လူမျိုး (၂၁%)၊ အခြားလူမျိုး (၆%)
အမျိုးအစားတစ်ပြည်ထောင် ပါလီမန် သမ္မတနိုင်ငံ
အစိုးရ
• သမ္မတ
Isaac Herzog
• 
ဘင်ဂျမင် နေတန်ယာဟု
တည်ထောင်
• နိုင်ငံကြေညာခြင်း
၁၄ မေ ၁၉၄၈
ဧရိယာ
• စုစုပေါင်း
၂၀,၇၇၀–၂၂,၀၇၂ km2 (အဆင့်: ၁၄၉)
• ရေထု (%)
၂.၇၁
လူဦးရေ
• ခန့်မှန်း
၉ ၇၉၇ ၆၀၀ (အဆင့် - ၉၃)
• သိပ်သည်းမှု
၄၄၄/km2 (၁.၁၅၀.၀/sq mi) (အဆင့် - ၂၉)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
$၅၃၇. ၁၄၀ (အဆင့် - ၄၈)
• Per capita
$၅၃,၁၉၅
HDI၀.၉၁၉
အလွန်မြင့် · ၂၂
ငွေကြေးအစ္စရေး ရှက်ကယ်
အချိန်ဇုန်UTC+2:00
တယ်လီဖုန်းကုဒ်+၉၇၂

[၁]

သမိုင်း

အစ္စရေးနိုင်ငံတွင် လွန်ခဲသော နှစ်ပေါင်း ၁.၅ သန်က လူသားများကို Ubeidiya ဒေသ ဂါလိလဲပင်လယ်အနီတွင် တွေရှိ့သည်။ Yir'onမြို့တွင် ကျောက်လက်နတ်များကို တွေရှိခဲပြီး အာဖရိကတိုက် အပြင်ဘက်တွင် ပထမဆုံးတွေရှိ ခဲခြင်ဖြစ်သည်။[၂]

အစ္စ‌ရေးနိုင်ငံသည် ဂျူလူမျိုး မနေထိုင်ခင် Canann ခေါ်သည် လူမျိုးများ နေထိုင်ခဲသည်။ အစ္စ‌ရေးနိုင်ငံသည် အရင်အရင်ခေတ်က ဂျူးလူမျိုးက ဂျူးနိုင်ငံများ တည်ထောင်က နေထိုင် ခဲကြသည်။ သို့သော Romanနိုင်ငံမှ တိုက်ခိုက်သဖြင် ဂျူလူမျိူးများသည် အခြာသောနိုင်ငံများသို ထွက်ပြေး ခံရသည်။[၃]

အစ္စ‌ရေးနိုင်ငံသည် ၁၄ ရက်နေ့ မေလ ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှ တိုထန်မှ လွှတ်လပ်ရေးရခဲသည်။ လွှတ်လပ်ရေးရသည် အချိန်မှ အခုအထိ ပဋိပက္ခများစွာ ဖြစ်ပွားသည်။[၄]

အစ္စရေးနိုင်ငံရှိ မြန်မာလူမျိုးများ

အစ္စရေးနိုင်ငံ လွှတ်လပ်ရေးရသည် အချိန်ကာလတွင် မြန်မာနိုင်ငံရှိ ဂျူးလူမျိုးများ ရွှေ့ပြောင် နေထိုင်ကြမည်ဟု ယူစကြသည်။ နောက်ပိုင်းတွင် အစ္စရေးနိုင်ငံတွင် မြန်မာ ကျောင်းသားများ ပညာသင်ကြားကြပြီး။ အလုပ်သမာများ အလုပ်လုပ်ကိုင် ကြသည်။ အစ္စနိုင်ငံတွင် မြန်မာကျောင်းသား ၃၀၀ ကျော်နှင့် အခြာအလုပ်လုပ်ကိုင်သူ ၂၀၀ ကျော် စုစုပေါင်း ၅၀၀–၆၀၀ ကျော် (ခန့်မှန်) ရှိသည်။ အချိုမြန်မာလူမျိုးများ အစ္စရေးနိုင်ငံတွင် နေထိုင်နိုင်သည်။[၅]

အစ္စရေးနိုင်ငံ

အစ္စရေးနိုင်ငံသည် ဆိုင်းနိုင်းဒေသ ပြဿနာကို အိဂျစ်နှင့် အသင့်အတင့်ဖြေရှင်းနိုင်ခဲ့သော်လည်းတဘက်တွင် ပါလက်စတိုင်း ပြောက်ကျားတို့နှင့် တိုက်ပွဲများ ဆက်လက် ဆင်နွှဲနေရလေသည်။၁၉၇၇ ခုနှစ်တွင် အစ္စရေး၌ အပြောင်းအလဲများပေါ်ပေါက်ခဲ့သည်။အစ္စရေး နိုင်ငံ ထူ ထောင်ချိန်မှစ၍၁၉ နှစ် တိုင်တိုင် ဆက်တိုက်အာဏာရခဲ့သော လေဘာပါတီသည် ၁၉၇၇ ခုနှစ်တွင် ကျင်း ပသော ရွေးကောက်ပွဲ၌ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ရလေသည်။

၁၉၇၄ ခုနှစ် ဧပြီလတွင် ဝန်ကြီးချုပ် [[[[ဂိုလ်ဒါမယ်ယာ]]]]နုတ်ထွက်၍ ယစ်ဇတ်ရာဗင် ဦးဆောင် သည့် အစိုးရအဖွဲ့တက်လာပြီးသည့်နောက်မှာပင် လေဘာပါတီတွင်း၌ ညီညွတ်မှု လျော့နည်းစ ပြုခဲ့သည်။

ဂျော်ဒန်မြစ် အနောက်ကမ်းဒေသနှင့် ပတ်သက်သော ပြဿနာရေးရာများ၌ ရာဗင်အစိုးရအဖွဲ့ဝင်အ ချင်းချင်း သဘောထားကွဲလွဲခဲ့ကြသည်။ တစ်ဖက်တွင် လေဘာပါတီဝင်များ၏စာရိတ္တပျက်ပြားမှုများ ပေါ် ပေါက်လာခြင်းသည်လည်းလေဘာပါတီအတွက် သိက္ခာကျဆင်းစရာအကြောင်း ဖြစ်ခဲ့သည်။ ပြဿနာအရပ် ရပ်နှင့် ရင်ဆိုင်နေရသော ရာဗင်အစိုးရအဖွဲ့ကို ဘာသာရေးပါတီမှ လွှတ်တော်အမတ်များက အယုံကြည်မ ရှိ အဆိုတင်သွင်းသဖြင့် ၁၉၇၆ ခုနှစ် ဒီဇင်ဘာလ၂၀ ရက်နေ့တွင် ရာဗင်အစိုးရအဖွဲ့ နုတ်ထွက်ပေးခဲ့ရ သည်။

၁၉၇၇ ခုနှစ် မေလ ၁၇ ရက်နေ့တွင် နဝမအကြိမ် ရွေးကောက်ပွဲကို ကျင်းပရာ၌ လီယာကွတ်ပါတီ၏ ခေါင်းဆောင်မီနာချင်ဗယ်ဂင် ဦးဆောင်၍ ညွှန့်ပေါင်းအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ဗယ်ဂင်က လွှတ်တော်၌အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် ထိပ်သီးညီလာခံကျင်းပ ရန် အီဂျစ်၊ ဆီးရီးယား၊ ဂျော်ဒန်နိုင်ငံ ခေါင်းဆောင်များကို ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်ကို တုံ့ပြန်သောအားဖြင့် ၁၉၇၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အီဂျစ်သမ္မတ အန္နဝါဆဒတ်သည် အဇ္ဇရီယယ်နိုင် ငံသို့ လာရောက်ကာ အဇ္ဇရီယယ်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးသည်။ယင်း ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရဂျီနီဗာငြိမ်းချမ်းရေး ကွန်ဖရင့်ကိုပြန် လည်ကျင်းပနိုင်ရန်အတွက်ရှေ့ပြေးညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ကိုင်ရိုမြို့တွင် ကျင်းပရန်ဆုံးဖြတ်ကြသည်။ ယင်း ကိုင်ရိုဆွေးနွေးပွဲသို့ တက်ရောက်ရန်အဇ္ဇရီယယ်နိုင်ငံ၊ အာရပ်နိုင်ငံများနှင့် ပယ်လက်စတိုင် လွတ်မြောက်ရေးအဖွဲ့၊ ရုရှနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့အားအီဂျစ်က တရားဝင်ဖိတ်ခေါ် ကမ်းလှမ်း ခဲ့သည်။ ၁၉၇၇ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကိုင်ရို ဆွေးနွေးပွဲကိုတရားဝင် စတင်ကျင်းပသော အခါ၌မူ အဇ္ဇရီယယ်နိုင်ငံမှဗင်အဲလစ်ဇာခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကုလသမဂ္ဂကိုယ်စားလှယ်၊ အမေရိ ကန်နိုင်ငံ ကိုယ်စားလှယ်နှင့်အီဂျစ်နိုင်ငံ၏ကိုယ်စားလှယ်တို့သာ ပါဝင်ဆွေးနွေးခဲ့ကြလေသည်။ ရုရှနိုင်ငံက ယင်းဆွေးနွေးပွဲသည် ဂျီနီဗာကွန်ဖရင့်၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်နေသည်ဆိုကာမတက်ရောက် ဘဲနေခဲ့သည်။

၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အဇ္ဇရီယယ်ဝန်ကြီးချုပ်ဗယ်ဂင်သည် အမေရိကန်သမ္မတ ကာတာနှင့်တွေ့ဆုံပြီးလျှင် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ ပြဿနာများကို ဖြေရှင်းရန်နည်း လမ်းများ၊ လျာထားချက်များကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ၁၉၇၇ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ တွင် အီဂျစ်နိုင်ငံ အစ္စမေးလီးယားမြို့၌ အီဂျစ်သမ္မတဆဒတ်နှင့် အဇ္ဇရီယယ်ဝန်ကြီးချုပ်ဗယ်ဂင်တို့ တွေ့ဆုံ ဆွေးနွေးကြပြန်သည်။

ဆဒတ်-ဗယ်ဂင် ဆွေးနွေးပွဲ၌ဝန်ကြီးချုပ် ဗယ်ဂင်၏တင်ပြချက်တွင် အဇ္ဇရီယယ်က သိမ်းယူထား သော ဂျော်ဒန်အနောက်ဘက်ကမ်းဒေသနှင့် ဂါဇာကမ်းမြောင်ဒေသတို့၌အဇ္ဇရီယယ်စစ်တပ်များကို လုံခြုံရေး တပ်များ အသွင်ဖြင့်ဆက်လက်ထားရှိမည် ဖြစ်ကြောင်း၊ ယင်းဒေသများမှအဇ္ဇရီယယ် စစ်တပ်များကို ရုပ် သိမ်းခဲ့လျှင် ပယ်လက်စတိုင်း လွတ်မြောက်ရေးတပ်များက ဝင်ရောက် သိမ်းပိုက်မည့်အဖြစ်ကို လက်မခံနိုင် ကြောင်း၊ ယင်းဒေသနှစ်ခု၌စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်း၍ ကိုယ်ပိုင် အုပ်ချုပ်ရေးကိုအစားထိုးပေးမည်ဖြစ် ကြောင်း၊ ဆိုင်းနိုင်းမှ စစ်တပ်များရုပ်သိမ်းရေးကို သုံးနှစ်မှ ငါးနှစ်အတွင်း အဆင့်ဆင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဆိုင်းနိုင်းဒေသ၌ ဂျူးလူမျိုးများ အခြေစိုက် နေထိုင်ခြင်းကို ဆက်လက်ခွင့်ပြု၍ ယင်းတို့ကို အဇ္ဇရီယယ်က အကာအကွယ် ပေးရမည်ဖြစ်ကြောင်း၊ယင်းပြဿနာများကို ဆက်လက်စဉ်းစားရန် လမ်းဖွင့် ပေးထားကြောင်း စသည်ဖြင့် ထည့်သွင်းဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်ဗယ်ဂင်၏ အစိုးရလက်ထက်၌ သိမ်းပိုက်ထားသော နယ်မြေများတွင် အဇ္ဇရီယယ်နိုင်ငံ သားတို့ကို အခြေစိုက်နေထိုင်ခွင့်များ တိုးချဲ့ခွင့်ပြုသဖြင့် ယင်းလုပ်ရပ်ကို ၁၉၇၇ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဂျီနီဗာမြို့၌ ကျင်းပသော ကုလသမဂ္ဂလူ့အခွင့်အရေးကာကွယ်ရေးကော်မရှင်ကရှုတ်ချဝေဖန်ခဲ့ သည်။

အဇ္ဇရီယယ်၏ ကမ်းလှမ်းချက်နှင့် စပ်လျဉ်း၍ အီဂျစ်သမ္မတဆဒတ်၏ သဘောထားမှာ ဂျော်ဒန်အ နောက်ဘက်ကမ်းဒေသနှင့် ဂါဇာကမ်းမြောင်ဒေသတို့၌ အဇ္ဇရီယယ်တို့ကအုပ်ချုပ်ရေးရုပ်သိမ်းပေးပြီးသည်နှင့် တစ်ပြိုင်နက်ပယ်လက်စတိုင်နိုင်ငံကို ထူထောင်ပေးရမည်၊ ဆိုင်းနိုင်းဒေသမှ ငါးနှစ်အတွင်း တပ်ရုပ်ပေးမည့် ကိစ္စတွင် အဇ္ဇရီယယ်တို့ ဆက်လက်အခြေစိုက်နေထိုင်ခွင့်ကို ပေးနိုင်မည်မဟုတ်ကြောင်း၊တပ်ရုပ်သိမ်းပေး ရေးဆိုရာ၌ ၁၉၆၇ ခုနှစ် စစ်ပွဲမတိုင်မီကနယ်မြေများအထိ ဆုတ်ခွာပေးရမည်ဖြစ်ကြောင်းကို ထုတ်ဖော်ပြော ကြားသည်။ အီဂျစ်၏တောင်းဆိုချက်မှာ ဆိုင်းနိုင်းဒေသ၊ဂိုလန်ကုန်းမြင့်၊ ဂျော်ဒန်အနောက်ဘက်ကမ်းဒေသ နှင့် ဂါဇာကမ်းမြောင်ဒေသတို့မှ အဇ္ဇရီယယ်တို့ အပြီးအပိုင် ဆုတ်ခွာထွက်ပေးရေးဖြစ်သည်။

ယင်းသို့ဖြစ်သည့်အားလျော်စွာ အစ္စမေးလီးယားမြို့၌ ကျင်းသည့် ဆဒတ်ဗယ်ဂင် ဆွေးနွေးပွဲ၌အရှေ့ အလယ်ပိုင်းငြိမ်းချမ်းရေးပြဿနာမှာ မည်သို့မျှ မပြေလည်နိုင်ဘဲ ဂျရူးဆလမ်းနှင့်ကိုင်ရိုဆွေးနွေးပွဲတို့၌ဆက် လက်ညှိနှိုင်းယူရမည့် အခြေအနေတွင် တည်နေသည်။ [၆]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ