အစ္စလာမ် သမိုင်း

အစ္စလာမ်ဖွံဖြိုးပြောင်းလဲလာမှု သမိုင်းကြောင်း။

အစ္စလာမ် သမိုင်းသည် အရဗ် ၌ခရစ်သက္ကရာဇ် ၇ ရာစုတွင်တမန်တော်မိုဟမ္မဒ်(ဆွ) ပွင့်တော်မူရာမှအစပြုခဲ့သည်။မိုဟမ္မဒ် (ဆွ) သည် အလ္လာဟ် အရှင်မြတ်စေလွှတ်တော်မူသောတမန်တော်ဖြစ်ပြီးကျမ်းမြတ် ကုရ်အာန် သည်လည်းကိုယ်တော်မြတ်ယူဆောင်လာသော မို့အ်ဂျဇာ တစ်ခုဖြစ်သည်။ အစ္စလာမ့် သမိုင်းသည်နိုင်ငံရေး၊ စီးပွားရေး၊စစ်ဘက်ဆိုင်ရာတို့နှင့်ပတ်သက်ပြီး အစ္စလာမ့် လောကအတွင်းအပြင်အပေါ်အကျိုးသက်ရောက်မှုများရှိခဲ့သည်။

သမိုင်းတစေ့တစောင်း

معارفه

اسلام در جهان مدرن و امروزی             سنی             شیعی     اباضی

အစ္စလာမ် သာသနာသည်တစ်ပါးတည်းအရှင်ကိုကိုးကွယ်သော အိဗ်ရာဟီမ် ၏ကမ္ဘာ့သာသနာများထဲမှတစ်ခုဖြစ်သည်။.[၁] ဤသာသနာ၏နောက်လိုက်များကို မွတ်စလင်မ် ဟုခေါ်သည်။ မွတ်စလင်မ် တို့သည် အလ္လာဟ် အရှင်မြတ်မှတမန်တော်ပေါင်းမြောက်မြားစွာကိုတိုက်ရိုက် ဝဟီ ဗျာဒိတ်တော်များကိုပို့ချခဲ့သည် မိုဟမ္မဒ်သခင်(ဆွ)မှာနောက် ဆုံးပွင့်တော်မူသောတမန်တော်ဖြစ်ကြောင်းယုံကြည်ကြသည်။.[၂] ယခုလက်ရှိတွင်အစ္စလာမ် သာသနာသည်ခရစ်ယန်ပြီးနောက်ဒုတိယမြောက်ဘာသာဝင်အများဆုံးသာသနာဖြစ်သည်။ မွတ်စလင်မ် တို့၏ကျမ်းသည်ကျမ်းတော်မြတ်ကုရ်အာန် ဖြစ်ပြီးတမန်တော်မြတ်ကြီး (ဆွ) ကအလ္လာဟ်အရှင်မြတ်ထံမှ ဝဟီ ဖြင့်ရယူကာလူသားတို့အားတင်ပြခဲ့ခြင်းဖြစ်သည်။ အစ္စလာမ် သာသနာတွင်ခြုံငုံ၍တင်ပြရမည်ဆိုလျှင် ရှီအာ နှင့် စွန်နီ မဇ်ဟဘ်ဟူပြီးနှစ်မျိုးရှိသည်။မဇ်ဟဘ် နှစ်ခုစလုံးအသေးစိတ်အခန်းကဏ္ဍများ၌ကွဲပြားမှုများရှိသည်။ ကမ္ဘာ့မွတ်စလင်မ် လူဦးရေတွင် စွန်နီ မဇ်ဟဘ် ကများသည်။

အစ္စလာမ် စတင်ပေါ်ပေါက်လာပုံ

အရဗ် မျိုးနွယ်စုများ ~

အရဗ် တို့သည်မျိုးနွယ်အလိုက်တောင်ပိုင်းခေါ် ယမန်နီ ၌(ကို့ဟ်သာနီ) နှင့်မြောက်ပိုင်းတွင်(အဒ်နာနီ) တို့ရှိကြပြီး၎င်းတို့အကြားမျိုးနွယ်စုအမျိုးမျိုးအဖုံဖုံရှိကြသည်၊ သဟာမာ၊ နဂျ်ဒ်၊ ယမာမာ၊ ဟေဂျားဇ်၊ စီးရီးယား နှင့်အီရတ် တို့တွင်ပြန့်ကျက်စွာနေထိုင်ကြသည်။ တောင်ပိုင်းမှမျိုးနွယ်စု အတော်များများသည်မြောက်ပိုင်းသို့ပြောင်းရွှေ့သွားကြပြီးမြောက်ပိုင်းကန္တာရ များတွင်နေထိုင်ကြကာ များသောအားဖြင့်ကုလားအုပ်မွေးမြူခြင်းဖြင့်အသက်မွေးဝမ်းကျောင်းမှုပြုကြသည်။[၃] အစ္စလာမ် ပေါ်ထွန်းချိန်တွင် အရဗ်ကျွန်းဆွယ်၌ အရဗ် များသည်သုံးအုပ်စုရှိခဲ့သည်။

  1. အရဗ်ဗေ ဘာအေဒဲ ~ ရှေးအကျဆုံးအရဗ်မျိုးနွယ်စုဖြစ်ပြီး အရဗိစ်္စသာန် တွင်ဦးစွာနေထိုင်ခဲ့ကြသူများဖြစ် သည်။ သို့သော်ထိုမျိုးနွယ်စုသည်မျိုးဆက်ပြတ်ခဲ့သည်။
  2. အရဗ်ဗေ နဂျ်ဒ် ~ ၎င်းတို့သည် အရဗ်ကျွန်းဆွယ်၏အရှေ့ပိုင်းတွင်နေထိုင်ခဲ့ကြပြီး အရဗိစ်္စသာန် ၏အမည်ကို ၎င်းတို့၏အဘိုးအမည် အရဗိစ်္စသာန်စအူဒီ ဟုမှည့်ခေါ်ခဲ့ကြသည်။ .
  3. အရဗ်ဗေ ဟေဂျားဇ် ~ အစစ်မှန်ဆုံး အရဗ် မျိုးနွယ်စုဖြစ်ပြီး အရဗ် ကျွန်းဆွယ်၏မြောက်ပိုင်းနှင့်အနောက်ပိုင်း တို့တွင်နေထိုင်ကြပြီး ယဉ်ကျေးမှုမြင့်မားခြင်း ၊ တမန်တော်အိဗ်ရာဟီမ်(အစ) ၏မျိုးဆက်မှဆင်းသက်လာခြင်း နှင့် ကာအ်ဘာ ကျောင်းတော်အားထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်းတို့ကြောင့် အရဗ် မျိုးနွယ်စုများအကြားလေးစားထိုက် သောမျိုးနွယ်စုအဖြစ်ဆိုရပေမည်။ .[၄]

တမန်တော်ဖြစ်ကြောင်းကြေညာခြင်းနှင့် အစ္စလာမ် သို့ဖိတ်ခေါ်ခြင်း

အဘွလ်ကာစင်မ်မိုဟမ္မဒိဗ်နေအဗ်ဒွလ္လာဟိဗ်နေအဗ်ဒွလ်မွတ်သွလိဗ် ဘင်န်ဟာရှင်မ် (ဆွ)(၆၃၂-၅၇၀) သည်အစ္စလာမ် သာသနာတော်ကြီးကိုအုပ်မြစ်ချခဲ့သောတမန်တော်ဖြစ်ပြီးအရှင့်၏ တမန်တော်များအကြားအသာလွန်ဆုံး၊ အမြင့်မြတ်ဆုံးနှင့်နောက်ဆုံးပွင့်တော်မူသောတမန်တော်ဖြစ်သည်။ မွတ်စလင်မ်တို့သည်မိုဟမ္မဒ်သခင်(ဆွ)ကိုကောင်းကင်ကျ ကျမ်းမြတ်ကုရ်အာန် ကိုယူဆောင်လာသူ စစ်မှန်သောသာသနာများဖြစ်သည့်တစ်ပါးတည်းအရှင်ကိုသာကိုးကွယ်သော (အာဒမ် ၊ အိဗ်ရာဟိမ် ၊ မူစာ ၊ နူးဟ် ၊ အီစာ [ခရစ်တော်] နှင့်ကျန်တမန်တော်အပေါင်း၏ သာသနာကိုအတိုးအလျှော့မရှိ ပြန်လည်ဆောင်ကျဉ်းလာသူအဖြစ်ယုံကြည်ထားကြသည်။ ထိုနည်းတူစွာတမန်တော်မြတ်ကြီး(ဆွ) သည် နိုင်ငံရေး စီးပွားရေး အတွေးအခေါ်ပညာရှင် အဟောအပြောကြွယ်သူ ဥပဒေပြုသူ ငြိမ်းချမ်းရေးလိုလားသူ စစ်အာဏာရှိသူ မွတ်စလင်မ် အပေါင်းနှင့်အခြားသော မဇ်ဟဘ် အသီးသီးရှိလူများအားအလ္လာဟ် အရှင်မြတ်၏ပညတ်တော်များကိုလမ်းညွှန်ပြသ သင်ကြားပေးသူလည်းဖြစ်သည်။ .[၅]တမန်တော်မြတ်(ဆွ)သည် ဝဟီ မကျမီသို့မဟုတ်တမန်တော်အဖြစ်ကြေညာမှုမပြုမီအရင်မိမိဘိုးဘေးများ၏သာသနာဖြစ်သော ဒီးနေဟနီးဖှ် တစ်နည်းဆိုရသော်တစ်ပါးတည်းအရှင်ကိုသာကိုးကွယ်သည့် တမန်တော်အိဗ်ရာဟီမ်(အစ) ၏သာသနာတွင်ရှိခဲ့သည်။.[၆][၇]

ကိုယ်တော်မြတ်(ဆွ) အားသက်တော် ၄၀ တွင်တမန်တော်အဖြစ်သတ်မှတ်ကြေညာခဲ့သည်။ [၈] သို့ရာတွင်အမျိုးသားများထဲမှပထမဆုံး အီမါန်သက်ဝင်ယုံကြည်ခဲ့သူမှာ အလီယိဗ်နေအဘီသွာလိဗ် ဖြစ်ပြီး [၉]  အမျိုးသမီးများထဲမှပထမဆုံးသက်ဝင်ယုံကြည်ခဲ့သူမှာ ခဒီဂျာ သခင်မဖြစ်သည်။.[၁၀] တမန်တော်မြတ်ကြီး (ဆွ) သည် မဗ်အူးစ် ဖြစ်ပြီးသုံးနှစ်အထိမိမိ၏ ဒါအ်ဝသ် (အစ္စလာမ် သို့ဖိတ်ခေါ်ခြင်း) အားထင်ထင်ပေါ်ပေါ်မဆောင်ရွက်ခဲ့ပါ ၊ သုံးနှစ်ပြည့်ပြီးနောက်အရှင်မြတ်၏ ဝဟီ ဗျာဒိတ်တော်အရထင်ပေါ်စွာ အစ္စလာမ် သို့ ဒါအ်ဝသ် လုပ်ခဲ့သည်။ ပထမဦးဆုံး ဗနီဟာရှင်မ် မှမိမိ၏အမျိုးအဆွေများဖြစ်သောဦးရီးတော်များညီအစ်ကိုဝမ်းကွဲများကိုထင်ပေါ်စွာ ဒါအ်ဝသ် ပေးခဲ့သည်။ ထို့နောက်ဆဖှာ တောင်ပေါ်သို့သွားရောက်ပြီး ကိုရိုရှ် မျိုးနွယ်တစ်စုလုံးအားထင်ပေါ်စွာ အစ္စလာမ် သို့ဖိတ်ခေါ်ခဲ့သည်။.[၁၁]

ပထမပိုင်းတွင် ကိုရိုရှ် ခေါင်းဆောင်များက ကိုယ်တော်မြတ် (ဆွ) ၏ ဖိတ်ခေါ်မှုကိုထင်သလောက်အရေးမလုပ်ခဲ့ကြပါ ၊ သို့သော်တမန်တော်မြတ်(ဆွ) သည်ရုပ်တုများနှင့်ပတ်သက်ပြီးပြောဆိုလာသောအခါ သခင့်အားရန်လိုကြလေသည်။ ၎င်းတို့သည်ပထမဆုံးဆန့်ကျင်မှုအနေဖြင့် အဘူသွာလိဗ် မှတဆင့် မိုဟမ္မဒ်သခင်၏ အစ္စလာမ် သို့ ဖိတ်ခေါ်ခြင်းအားရပ်တန့်ခိုင်းလေသည်။ အဘူသွာလိဗ် သည်ထိုအကြောင်းရင်းကို ကိုယ်တော့်အားတင်ပြရာကိုယ်တော်သည်ငြင်းပယ်ခဲ့၏။ အကြိမ်ပေါင်းများစွာထိုကဲ့သို့တောင်းဆိုမှုများကို ကွဖှ်ဖှားရေကိုရိုရှ် ကပြုလုပ်ခဲ့လေသည် နောက်ဆုံးကိုယ်တော်မြတ်သည်ဤလမ်း၌ခိုင်မာသောသန္နိဋ္ဌာန်ဖြင့် ရှေ့ဆက်မည့်အကြောင်း အဘူသွာလိဗ် အားဖွင့်ဟပြောဆိုရာအဘူသွာလိဗ် သည်လည်းမားမားမတ်မတ်ရပ်တည်ကာကွယ်ခြင်းဖြင့်လက်တွေ့ကျကျအဖြေပေးကူညီဆောင်မခဲ့သည်။.[၁၂][၁၃][၁၄]

ကိုရိုရှ် ခေါင်းဆောင်များသည် အဘူသွာလိဗ် မှတဆင့်တောင်းဆိုမှုများ အကျိုးမထူးကြောင်းတွေ့မြင်သောအခါမဒီနာ မြို့ရှိ ယဟူဒီ များအားအကူအညီတောင်းကြပြန်သည်၊ ယဟူဒီ ပညာရှင်များကမေးခွန်းသုံးခုကို မိုဟမ္မဒ် ထံမှမေးမြန်းခိုင်း၏ အကယ်၍အဖြေပေးနိုင်ခဲ့သော်သူ၏ တမန်တော် ဖြစ်ခြင်းနှင့်ပတ်သက်ပြီးသံသယဖြစ်စရာအကြောင်းမရှိဟုဆိုကြလေသည်။ ကိုရိုရှ် မှအကြီးအကဲများလည်း မကာ မြို့သို့ပြန်လာပြီးကိုယ်တော်မြတ်ထံဤသတင်းကိုပေးသောအခါ ကိုယ်တော်မြတ်သည်လည်းအဖြေပေးမည့်အကြောင်းကတိပေးလိုက်ပြီး ကိုရိုရှ် အကြီးအကဲများ ၎င်းတို့နိုင်ပြီဟုခံစားနေချိန် ၁၅ ရက်မြောက်နေ့တွင်အဖြေပေးခဲ့သည်။ ဂျိဘ်ရအီလ် ကလည်းအရှင်မြတ်ကိုသာ သဝကွလ် ပြုလုပ်ရန်တိုက်တွန်းပြောကြားခဲ့သည်။.[၁၅][၁၆][၁၇][၁၈] တစ်ဖက်မှလည်း မွတ်စလင်မ် အရေအတွက်များပြားလာသည်နှင့်အမျှရုပ်တုကိုးကွယ်သော ကိုရိုရှ် တို့သည်လည်းမိမိတို့၏ရက်စက်ရုတ်မာမှုများကိုအရှိန်မြှင့်တင်ခဲ့ကြသည် ၊ ဖမ်းဆီးချုပ်နှောင်ရိုက်နှက်ခြင်းများပြုခဲ့ရာ ထိုရက်စက်မှုများ၌ စိုမိုင်ယာ သခင်မသည်အသတ်ခံရပြီး အစ္စလာမ့် လမ်းတွင်ပထမဆုံး ရှဟီးဒ် ဖြစ်ခဲ့သည့်အမျိုးသမီးဖြစ်သည်။ တမန်တော်မြတ်(ဆွ) ၏ အဆွ်ဟားဘ် များကိုလည်းညှင်းပန်းနှိပ်စက်ခဲ့ကြပြီး ဘေလားလ် အမားရ် ယာစီရ်ဆိုသည့် အဆွ်ဟားဘ် များအားအလွန်ပြင်းထန်သောနှိပ်စက်မှုများနှင့်ရက်စက်ခဲ့ကြသည်။.[၁၉][၂၀][၂၁][၂၂]

မွတ်စလင်မ် များ ဟဘရှဲ သို့ ဟိဂျ်ရသ် လုပ်ခြင်း

ကိုရိုရှ် တို့၏ညှင်းပန်းမှုရန်မှဝေးပြီး တစ်ပါးတည်းအရှင်ကိုးကွယ်ရေးကြွေးကျော်မှုများကို အေးချမ်းစွာဆောင်ရွက်နိုင်ရေးအတွက် မွတ်စလင်မ် အုပ်စုသည် မကာ မြို့အားစွန့်ခွါရန်ဆုံးဖြတ်ချက်ချခဲ့ကြသည်။ လုပ်ငန်းဆောင်တာသားသမီး ဆွေမျိုးများကိုလည်းထားရစ်ခဲ့ရမည်၊ ဘယ်ကိုသွား၍ဘာလုပ်ရမည်မှန်းမသိသည့်အခြေအနေတစ်ခုကလည်းတုံလှုပ်ချောက်ချားနေစေ၏။ အဘယ်ကြောင့်ဆိုသော် အရဗ် ကျွန်းဆွယ်တစ်ခုလုံးသည်ရုပ်တုကိုးကွယ်ခြင်းများနှင့်ဖုံလွှမ်းလျက် ရှိနေပြီး သောင်ဟီးဒ် ၏အသံကိုကြွေးကျော်ဖို့ရာနေရာမရှိသလောက်ဖြစ်နေသည်။ သို့ပါ၍ထိုအကြောင်းအရာကို တမန်တော်မြတ်ကြီး (ဆွ) ထံလျှောက်ထားတိုင်ပင်ရန်ဆုံးဖြတ်ခဲ့ကြသည်။ ထိုတမန်တော်၏သာသနာသည်ကား «إن أرضی واسعه فایّای فاعبدون» ( အလ္လာဟ် အရှင်မြတ်၏ပထဝီမြေကြီးသည်ကျယ်ဝန်း၏အရှင်မြတ်အားခဝပ်ကိုးကွယ်နိုင်မည့်နေရာဒေသအားရွေးချယ်ပြီးနေထိုင်ဘဝလုပ်ရပေမည်။ ) ဆိုသည့်အပေါ်အခြေခံနေသောကြောင့်ဖြစ်၏။

ကိုယ်တော်မြတ်(ဆွ) နှင့် မွတ်စလင်မ် များ မဒီနာ သို့ ဟိဂျ်ရသ် လုပ်ခြင်း

တမန်တော်မြတ်ကြီး(ဆွ) သည် မဗ်အူးစ် ဖြစ်ပြီး ၁၃ နှစ်အကြာတွင် မကာ မှ မဒီနာ သို့ ဟိဂျ်ရသ် လုပ်ခဲ့သည်။ခရစ်သက္ကရာဇ် ၆၂၂ ခုနှစ် စက်တင်ဘာလ (ရဗီအွလ်အောင်ဝလ်လ) (အီရန်လ- ရှဲဟ်ရီဝဲရ်) တွင် ဟိဂျ်ရသ် လုပ်ခဲ့ကြသည်။ မွတ်စလင်မ် တို့၏သက္ကရာဇ်သည်ထိုအချိန်မှစတင်ရေတွက်ခဲ့ခြင်းဖြစ်ပြီး အွမ်မဲရ်ရိဗ်နေခသွါးဗ် ခေလာဖှသ် ရယူချိန်တွင် ဟိဂျ်ရီ သက္ကရာဇ်ဟုသတ်မှတ်ခေါ်ဝေါ်ခဲ့သည်။.

အစ္စလာမ်၏ ခေလာဖှသ်

တမန်တော်မြတ်(ဆွ) ၏နောက်ပိုင်း ခလီဖှာ လေးဦးဖြစ်သည့် အဘူဘက်ရ်၊ အွမ်မရ်၊ အွတ်္စမါန်၊ အလီယိဗ်နေအဘီသွာလိဗ်(အစ) တို့အား ခွလ်ဖှာယေရာရှေဒီးန် ဟုခေါ်ဝေါ်သုံးနှုန်းကြသည်။ စွန်နီ များကတမန်တော်မြတ်(ဆွ)သည်မိမိ၏နောက်ပိုင်းဆက်ခံမည့်သူအား မည်သူဖြစ်ကြောင်းသတ်မှတ်ခဲ့ခြင်းမရှိဟုယုံကြည်ကြသည်။ ရှီအာ များက တမန်တော်မြတ်(ဆွ)သည် အလ္လာဟ် အမိန့်ဖြင့်အကြိမ်ပေါင်းများစွာ အလီယိဗ်နေအဘီသွာလိဗ်(အစ) အားမိမိ၏နောက် ခေလာဖှသ် ကိုဆက်ခံမည့်သူဖြစ်ကြောင်းကြေညာပေးခဲ့သည်။ ပမာအားဖြင့် ယောင်မွတ်ဒါးရ်-ဆွေမျိုးရင်းချာများကိုသာစတင် ဒါအ်ဝသ် ပေးခဲ့သောနေ့- နှင့် ဂဒီးရေခွမ်-တမန်တော်မြတ်(ဆွ) နောက်ဆုံးဟဂျ်မှအပြန်အလီ(အစ)၏ဝေလာယသ်ကို ဟဂျ် လာရောက်သည့်မွတ်စလင်မ်များအကြားကြေညာပေးခဲ့သည်နေ့-နေရာ - တို့တွင်လည်းကြေညာပေးခဲ့သည်။  တမန်တော်မြတ်(ဆွ) ဝဖှားသ် ဖြစ်ချိန် အဘူဘက်ရ် နှင့် အလီ(အစ) သည် ရစူလ်(ဆွ) အား ဂွစ်လ် ပေးရန်အလုပ်များနေချိန် အန်ဆွာရ် အမည်ရ အဆွ်ဟားဗ် တစ်စုကလည်း စကီဖှာ ဆိုသည့်နေရာတွင် ခလီဖှာ ရွေးချယ်ရန်အတွက်စုဝေးနေကြသည်။ ထိုသတင်း အဘူဘက်ရ် နားပေါက်သောအခါ အွမ်မရ် နှင့်အတူထိုနေရာသို့လိုက်သွားကြလေသည် ၊ အလီ(အစ) သည်ကား ကိုယ်တော်မြတ်(ဆွ) ကို ဂွစ်လ် ပေးရန်တစ်ဦးတည်းအလုပ်ရှုပ်ကျန်နေခဲ့ရသည်။ စကီဖှာ တွင်အငြင်းအခုံများဖြစ်ပြီးနောက်ဆုံး အွမ်မရ် ၏စကားများအနိုင်ရကာအဘူဘက်ရ် ကိုတင်မြှောက် ဘိုင်အသ် လုပ်လိုက်ကြသည်။ သာရီးခေသွဗရီ ၏သမိုင်းစာမျက်နှာများအရထိုနေရာ၌အုပ်စုတစ်စုက အလီ(အစ) ကိုထောက်ခံခဲ့ကြသည်။ သမိုင်းဖော်ပြချက်များအရ ကိုယ်တော်မြတ်၏သမီးတော်ဖှာသွေမာ(စအ) သက်ရှိထင်ရှားရှိနေစဉ်ကာလတစ်လျှောက် အလီ(အစ) အား အဘူဘက်ရ် ကိုဘိုင်အသ်လုပ်ရန်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ကြပေ။ အဘူဘက်ရ် လက်ထက်တွင် မွတ်စလင်မ် စစ်တပ်သည် တမန်တော်ဟုလိမ်ညာကြွေးကျော်သူတို့ကိုမနှိမ်နင်းနိုင်ခဲ့ပေ၊ဒုတိယ ခလီဖှာ အွမ်မရ် လက်ထက်၌ မွတ်စလင်မ် တို့သည် ရှားမ်-စီးရီးယားနှင့် အီရန် ကိုသိမ်းပိုက်နိုင်ခဲ့သည်။ ဒုတိယ ခလီဖှာ သည်အဖြစ်အပျက်တစ်ခု၌ ဒဏ်ရာအပြင်းအထန်ရပြီးနောက်တတိယခလီဖှာ ရွေးချယ်ရန်အတွက် ၆ ဦးကော်မတီကိုဖွဲ့စည်းခဲ့သည်။၎င်းအဖွဲ့တွင် အွတ်စမါန် ၊ အဗ်ဒွရ်ရဟ်မါန်နှင့် အလီ(အစ) တို့သုံးဦးကိုလည်းထည့်သွင်းခဲ့သည်။ အကယ်၍မဲညီနေခဲ့သော် အဗ်ဒွရ်ရဟ်မါန် ကထောက်ခံသူသည် ခလီဖှာဖြစ်ရမည်ဟုလည်းဆိုပြန်သည် ၊ အဗ်ဒွရ်ရဟ်မါန် သည် အလီ(အစ) အားသတ်မှတ်ချက်သုံးချက်ဖြင့်ခေလာဖှသ် ကိုလက်ခံရန်အကြံပြုခဲ့သည် ၁- တမန်တော်၏စွန်နသ်အတိုင်းလိုက်နာရမည် ၂- ကုရ်အာန် အတိုင်းလိုက်နာဆောင်ရွက်ရမည် ၃- ပထမ နှင့်ဒုတိယ ခလီဖှာ တို့၏အုပ်ချုပ်ပုံထုံးတမ်းအစဉ်အလာများအတိုင်းလိုက်နာဆောင်ရွက်ရမည်၊ အလီ(အစ) သည်အချက် ၃ ကိုလက်မခံခဲ့ပေ၊ အွတ်စမါန် ကလက်ခံခဲ့သဖြင့် ခေလာဖှသ် ကိုရရှိသွားခဲ့သည်။ ပထမ ဒုတိယ တတိယ ခလီဖှာ များခေတ်တစ်လျှောက်လုံး အလီ(အစ)သည်မည်သည့် အစ္စလာမ့်စစ်ပွဲများမှပါဝင်ပတ်သက်ခဲ့ခြင်းမရှိခဲ့ပေ။ အွတ်စမါန်၏ ခေလာဖှသ် သက်တမ်းသည် ၁၂ ခန့်နှစ်ကြာမြင့်ခဲ့ပြီး အလီ(အစ)၏ ခေလာဖှသ် ကာလမှာ ၅ နှစ်နီးပါးကြာမြင့်ခဲ့သည်။.

အိုမိုင်ယာ တို့၏ခေလာဖှသ် ကာလ

အဘူစိုဖှီယါန် ၏သား မာအ်ဝေယာ သည် အွမ်မရ် နှင့် အွတ်စမါန် ၏ခေလာဖှသ် အချိန်တွင် ရှာမ် ၏မြို့စားဖြစ်သည်။ တတိယ ခလီဖှာ အသတ်ခံရပြီးနောက် အွတ်စမါန် ၏သွေးကြွေးကိုရယူရမည်ဟူသည့်ခေါင်းစဉ်ဖြင့် အလီနှင့်စစ်ခင်းခဲ့လေသည်၊ မာအ်ဝေယာ ၏အကြံပေးဝန်ကြီးဖြစ်သူ အမ်ရိုအားစ် က ကျမ်းမြတ်ကုရ်အာန် ကိုလှံထိပ်တင်ရန်အကြံပေးခဲ့သည် ဤနည်းလမ်းဖြင့် အလီ (အစ) ၏တပ်သားများစစ်တိုက်ခြင်းမှရပ်တန့်သွားအောင်လည်းလုပ်နိုင်ခဲ့ကြသည်။ အနေအထားက ဟကမ်မီယသ် ဘက်ဦးတည်လာပြီဖြစ်၏ ဆိုလိုသည်မှာနှစ်ဖက်စလုံးမှပုဂ္ဂိုလ်တစ်ဦးစီဆွေးနွေးရန်တွေဆုံရမည်ဖြစ်ပြီး တစ်ဦးမှာ အမ်ရိုအားစ် ဖြစ်ပြီး တစ်ဖက်မှ အဘူမူစာအရှ်အရီ ဖြစ်သည်။ဆွေးနွေးမှု၏ရလဒ်မှာနှစ်ဖက်စလုံးမှခေါင်းဆောင်များကို ခေလာဖှသ် အရိုက်အရာမှဖယ်ရှားရမည်ဖြစ်သည် သို့သော် အဘူမူစာအရှ်အရီ က အလီ(အစ) ကို ခေလာဖှသ် မှဖယ်ရှားလိုက်ပြီဖြစ်ကြောင်းကြေညာပြီးချိန်တွင် အမ်ရိုအားစ်က မာအ်ဝေယာ သည် ခလီဖှာ ဖြစ်သည်ဟုကြေညာလိုက်လေ၏။ ဤအခြေအနေမှာပင်ရပ်တန့်နေခဲ့ပြီး မာအ်ဝေယာ သည် အလီ (အစ) သက်ရှိထင်ရှားရှိနေစဉ်ကာလတစ်လျှောက် ခလီဖှာ အဖြစ်ရပ်တည်နေလေတော့သည်။ အလီ(အစ) ရှဟီးဒ် ဖြစ်ပြီးနောက်သားတော် ဟစန်(အစ) ခေလာဖှသ် အချိန်သို့ရောက်ရှိလာခဲ့ပြီ၊အေမာမ်(အစ) သည် မာအ်ဝေယာ နှင့်စစ်ခင်းရန်ဦးတည်ခဲ့သော်လည်း ငြိမ်းချမ်းရေးစာချုပ်သာ ချုပ်ဆိုဖြစ်ခဲ့သည်။ဤနေရာတွင်အမြင်များတင်ပြမှုများကွာဟမှုရှိသည် တစ်မျိုးမှာ အေမာမ် ကိုယ်တိုင်ကစစ်ကိုမလိုလားဟုဆိုကာနောက်တစ်မျိုးမှာ အေမာမ် (အစ) သည်ရွေးချယ်စရာမရှိသဖြင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ရသည်ဟုဆိုသည်။ ပသို့ဆိုစေစာချုပ်ပါအချက်တစ်ချက်မှာ မာအ်ဝေယာ သည်မိမိ၏နောက် ခေလာဖှသ် ကိုဆက်ခံမည့်သူရွေးချယ်သတ်မှတ်ခြင်းမပြုရဟုပါရှိသည်။ သို့သော်စာချုပ်ကိုချိုးဖောက်၍ မာအ်ဝေယာ သည်သူ၏သား ယဇီးဒ် ကို ခေလာဖှသ်အရိုက်အရာခန့်အပ်ခဲ့သည်။ မာအ်ဝေယာ သည်ဟိဂျ်ရီ ၆၀ ခုနှစ်တွင်သေခဲ့ပြီးသူ၏သား ယဇီးဒ် (မလ်အူန်) ခေလာဖှသ် ကိုရယူခဲ့သည်။ ယဇီးဒ် ၏ ခေလာဖှသ် ကာလတွင်အလွန်ခါးသီးသောလုပ်ရပ်များကိုလုပ်ဆောင်ခဲ့သည် ၊ဟိုစိုင်နိဗ်နေအလီ(အစ) ကိုသတ်ဖြတ်ခဲ့ခြင်း ၊ မဒီနာရှိ မွတ်စလင်မ် တို့၏အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးသတ်ဖြတ်ခဲ့ခြင်း ၊ ကာအ်ဘာ ကျောင်းတော်ကိုတိုက်ခိုက်(မီးရှို့) ဖျက်ဆီးခြင်းများလုပ်ခဲ့ခြင်းကြောင့် နာမည်ဆိုးနှင့်ကျော်ကြားသော ခလီဖှာ (မလ်အူန်) ဖြစ်သည်။.

မရ်ဝါနီယါးန် ဇိုဘိုင်ရီယါးန် မွခ်သားရ်

မွခ်သားရ် သည် ဟိဂျ်ရီ ၁ ခုနှစ်တွင် မဒီနာ မြို့၌မွေးဖွားခဲ့သည်။ သူ၏ဖခင်သည် အီရန် ကိုအောင်နိုင်ခဲ့ချိန်ကပထမ ဆုံးဂုဏ်ယူဝံ့ကြွားနိုင်ခဲ့သူဖြစ်ပြီး စစ်ပွဲတစ်ခုတွင်ကျဆုံးခဲ့သည်။ မွခ်သားရ် သည်ငယ်စဉ်က အလီ (အစ) ၏နောက်လိုက်တစ်ဦးဖြစ်သူ ဦးလေးဖြစ်သည့် စအီးဒ် ၏ထိန်းကျောင်းမှုအောက်တွင်ကြီးပြင်းခဲ့ရသည်။ စအီးဒ် သည်အလီ(အစ) ၏ခေလာဖှသ် ကာလတွင် မဒါယိန် မြို့စားအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ အေမာမ်ဟိုစိုင်န် (အစ)အား ကူဖှာ သားတို့ကဖိတ်ကြားသောအခါအေမာမ်(အစ) သည်မိမိ၏ညီအစ်ကိုဝမ်းကွဲတော်သူ မွတ်စလင်မ်ဘင်န်အကီးလ် ကိုအခြေအနေအားလေ့လာရန်စေလွှတ်လိုက်ချိန်၌ အေမာမ် (အစ) အားကူညီရန်ပထမဆုံး ဘိုင်အသ် လုပ်ခဲ့သူမှာ မွခ်သားရ် ဖြစ်သည်။ ဟဇရသ်မွတ်စလင်မ် ရှဟီးဒ် ဖြစ်ပြီးနောက် မွခ်သားရ် ကို ဟဇရသ်မွတ်စလင်မ်အားကူညီသောပုဒ်မဖြင့်ထောင်ချခဲ့သည်၊ ရေဝါယသ် တစ်ခုအရ ကဲရ်ဘလာ စစ်ပွဲဖြစ်ချိန်၌ မွခ်သားရ် သည်ထောင်ထဲ၌ရှိနေခဲ့သည်။ မွခ်သားရ် သည်မိမိနှစ်မ အမျိုးသားနှင့်ပတ်သက်နေခြင်းကြောင့်ထောင်မှလွတ်ခဲ့သည်။ ထို့နောက်ဟေဂျာဇ် သို့သွား၍ အဗ်ဒွလ္လာ အိဗ်နေဇိုဘိုင်းရ် နှင့်ပူးပေါင်းခဲ့သည်၊ ထိုအခြေအနေမှာပင် အဟ်လေဘိုက်သ် နှင့်အမြဲအဆက်အသွယ်ရှိခဲ့သည် အေမာမ်ဟိုစိုင်န် (အစ) ၏ညီဖြစ်သူ မိုဟမ္မဒ်ဒိဗ်နေဟနဖှီယာ ထံအကြိမ်ပေါင်းမနည်းသွားရောက်တွေ့ဆုံခဲ့သည်။ မွခ်သားရ်သည် အေမာမ်စပ်ဂျားဒ်(အစ) ထံ ကဲရ်ဘလာ ၏သွေးကြွေးကိုရယူရန်တိုက်ခိုက်လက်စားချေခွင့်ပေးပါရန် ကြိမ်ဖန်များစွာခွင့်တောင်းသည့်စာများပေးပို့ခဲ့သည်။ သို့သော် အေမာမ် ကခွင့်မပြုခဲ့ပါ ၊ ထို့နောက် မိုဟမ္မဒ်ဒိဗ်နေဟနဖှီယာ ထံသွားရောက်ခွင့်တောင်းပြန်သည်။ ဟနဖှီယာ ကလည်းတိုက်ရိုက်ခွင့်ပြူခဲ့ခြင်းမျိုးမရှိခဲ့ပေ။ သုံးနှစ်ပြည့်ပြီးနောက် ကူဖှာ သို့ မိုဟမ္မဒ်ဒိဗ်နေဟနဖှီယာ ထံမှခွင့်ပြုချက်ရရှိပြီဟူသည့်ကြွေးကျော်ချက်ဖြင့်ပြန်ရောက်လာခဲ့ပြီး ရှီအာ များအားမိမိကို ဘိုင်အသ် လုပ်ရန်ဖိတ်ခေါ်ခဲ့သည်၊ဟနဖှီယာ ထံမှစာတစ်ဆောင်ကိုလည်းမိမိ၏နောက်လိုက်များအားပြသခဲ့သည်။ အချို့သော မွခ်သားရ် ၏နောက်လိုက်များကစာနှင့်ပတ်သက်ပြီးသံသယရှိခဲ့ပြီး စာကိုအတုဟုမှတ်ယူခဲ့ကြသည်။ သို့ပါ၍ မဒီနာ မြို့အေမာမ်စပ်ဂျာဒ် (အစ) ထံသို့သွားရောက်ခဲ့ကြသည် ၊ ထိုအခါ အေမာမ်(အစ) က ကယာမ်-လက်စားချေရန်ထကြွမည့်ကိစ္စ- နှင့်ပတ်သက်ပြီးမိမိ၏ဦးရီးတော် ဟနဖှီယာ ဆီသို့သာဆက်သွယ်ကြပါရန်မိန့်ကြားလိုက်လေသည်။ မွခ်သားရ် ၏နောက်လိုက်ထိုအုပ်စုသည် မကာ မြို့သို့သွားရောက်ကြသောအခါ မိုဟမ္မဒ်ဒိဗ်နေဟနဖှီယာ က မွခ်သားရ် အားကူညီကြရန်မှာကြားလေသည်။မွခ်သားရ်အိဗ်နေအဗူအိုဘိုင်ဒ်စကဖှီ သည် ကဲရ်ဘလာဝါကေယာ ၏သွေးကြွေးကိုရယူသည့်ကယာမ် များ၌စတ္တုထမြောက်ခေါင်းဆောင်ဖြစ်သည်။ ဟိဂျ်ရီ ၆၆ ခုနှစ်တွင် အိဗ်ရာဟီမ်အရှ်သဲရ် ၏အကူအညီဖြင့် ကူဖှာ ကိုသိမ်းပိုက်နိုင် ခဲ့သည်။ အိဗ်ရာဟီမ်အရှ်သဲရ် သည် မွခ်သားရ် စစ်တပ်တစ်ခုလုံး၏ ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ပြီးသူ၏အမိန့်ဖြင့် အိုဘိုင်ဒွလ္လာကိုတိုက်ရန်လာခဲ့သည် ၊ အိုဘိုင်ဒွလ္လာဟိဗ်နေဇေယာဒ် သည်သူ၏ကြီးမားသောစစ်တပ်ဖြင့် စီးရီးယား မှ အီရတ် သို့ ချီတက်လာချိန်တွင် အရှ်သရ် သည် ကူဖှာမှထွက်ခွါလာခဲ့သည် ၊ မွခ်သားရ် ၏ရန်သူများကလည်းထိုအခြေအနေကိုအခွင့်ကောင်းယူပြီး ကူဖှာ ကိုဝိုင်းလိုက်ကြသည် မွခ်သားရ် တော့အညံ့ခံရတော့မည်ဟုသွေးအေးနေကြချိန်တွင် အိဗ်ရာဟီမ်အရှ်သရ် သည် ကူဖှာ သို့ပြန်လှည့်လာပြီး ရန်သူများကိုချေမှုန်းနိုင်ခဲ့သည်။ အေမာမ်ဟိုစိုင်န် (အစ) ကိုစစ်ခင်းခဲ့သည့် ထောင်ပေါင်းများစွာသောရန်သူတို့သည် ကူဖှာ မြို့အတွင်းသေပွဲဝင်ခဲ့ရသည်။ ကဲရ်ဘလာတွင်ရှိခဲ့သည့်ရန်သူမှန်သမျှအသတ်ခံရပြီးကျန်အတော်များများကိုလည်းသုံ့ပန်းအဖြစ်ဖမ်းဆီးနိုင်ခဲ့သည်။ ရန်သူများကိုတိုက်ခိုက်ချေမှုန်းပြီးနောက် အရှ်သရ် သည် အိုဘိုင်ဒွလ္လာ အားတိုက်ခိုက်ရန်ပြန်ထွက်လာခဲ့သည် အိုဘိုင်ဒွလ္လာ သည်လည်း ကူဖှာ နားသို့အလွန်နီးကပ်စွာရောက်ရှိနေပြီဖြစ်၏ ကြီးမားသော ရှားမ်၏စစ်တပ်ကြီးကိုအနိုင်ရခဲ့ပြီးအိဗ်နေဇေယာဒ်၏ခေါင်းကို မွခ်သားရ် အတွက်ပေးပို့ခဲ့သည်။ ရှာမ် စစ်တပ်ကြီးကိုအောင်နိုင်ခဲ့ခြင်းသည် အီရတ် ကိုအုပ်ချုပ်သိမ်းရန် မွခ်သားရ် အတွက်အကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့သည်။ ဟေဂျားဇ် မြို့စား အဗ်ဒွလ္လာဟိဗ်နေဇိုဘိုင်းရ် ကမိမိအတွက် မွခ်သားရ် သည်ကြီးမားသောအန ္တရာယ်ဟုယုံကြည်ထားသည် သို့ပါ၍မိမိ၏ညီအစ်ကိုတော်သူ မွတ်စ်အဗ်အား ကူဖှာ ကိုတိုက်ခိုက်ရန်စေလွှတ်လိုက်သည်။ အရှ်သရ် သည် အိဗ်နေဇေယားဒ်အားကွပ်မျက်ပြီးနောက် မူဆိလ်တွင် မြို့စားအဖြစ်ရှိနေခဲ့ခြင်းကြောင့် မွခ်သားရ် ကိုကူညီဖို့ရာနှောင့်နှေးခဲ့သည် ၊ မွတ်စ်အဗ် သည် ကူဖှာ ကိုသိမ်းပိုက်နိုင်ခဲ့ပြီး ကူဖှာ၏နန်းကိုရက်လေးဆယ်ကြာဝိုင်းရံခဲ့သည် နောက်ဆုံး မွခ်သားရ်သည်နောက်လိုက်ဗိုလ်ပါအနည်းငယ်ဖြင့်တိုက်ပွဲဝင်ခဲ့ရာအင်အားမမျှသဖြင့် မွခ်သားရ် အရေးနိမ့်ခဲ့ရသည်။

အဘ္ဘာစီ ဆိုသည်မှာတမန်တော်မြတ်(ဆွ)၏ဦးလေး အဘ္ဘာစ် မှဆင်းသက်လာသည့်မျိုးနွယ်ကိုခေါ်သည်၊အေမာမ်ဟိုစိုင်န်(အစ) ရှဟီးဒ် ဖြစ်ပြီးနောက် ရှီအာ များထဲမှအုပ်စုတစ်စုသည် မိုဟမ္မဒ်ဒိဗ်နေဟနဖှီယာ ကိုမိမိတို့၏အေမာမ်အဖြစ်သတ်မှတ်ခဲ့ကြသည် ၊ ထိုအုပ်စုကို ကိုင်စာနီယာ ဟုခေါ်သည်။ ဟနဖှီယာ ကွယ်လွန်ပြီးနောက်သူ၏သားဖြစ်သူ ဟာရှင်မ် ကိုအေမာမ် အဖြစ်ယုံကြည်ခဲ့ကြပြန်သည် ၊ ဟာရှင်မ် ကွယ်လွန်ပြီးနောက်အေမာမ် သတ်မှတ်ရေးနှင့်ပတ်သက်ပြီးပဋိပက္ခများပေါ်ပေါက်ခဲ့ကာနောက်ဆုံးတွင် မိုဟမ္မဒ်ဒိဗ်နေအလီယိဗ်နေအဘာစ် အားအေမာမ် အဖြစ်ခန့်အပ်ကြေညာခဲ့ကြသည်။ ဤသို့ဖြင့် အဘာစီ တို့သည် ခေလာဖှသ် လောကထဲသို့ဝင်ရောက်လာခဲ့ကြသည်။ မဲရ်ဝါနီယါးန် ၏အုပ်ချုပ်ရေးအနှောင်းပိုင်းကာလကတည်းက အဘာစီ တို့သည်နေရာဒေသအသီးသီး၌မိမိတို့မျိုးနွယ်အတွက်ကောင်းစွာမဲစွယ်လှုပ်ရှားမှုများပြုလုပ်နိုင်ခဲ့သည် အထူးသဖြင့် ခိုရာစါန် တွင် အရ်ရေသွာမင်န်အာလေမိုဟမ္မဒ် ဆိုသည့် ကြွေးကျော်သံဖြင့်တောင့်တင်းခိုင်မာသောအင်အားစုကြီးတစ်စုကို မရ်ဝါနီယါးန် နှင့်ရှင်ပြိုင်နိုင်ရန် စုစည်းနိုင်ခဲ့သည်။ ၁၃၂ ခုနှစ်တွင် မရ်ဝါနီယါးန် တို့၏အုပ်ချုပ်ရေးအာဏာကျဆုံးခဲ့ပြီး စဖှာဟ် သည်ပထမဆုံးအဘာစီ ခလီဖှာ အဖြစ်နေရာယူခဲ့သည်။ ၎င်း၏နောက်ပိုင်းတွင် မန်စူရ် မှခေလာဖှသ် ကိုရယူခဲ့သည် သူသည်အင်ကြီးသူတစ်ဦးဖြစ်ပြီးပုန်ကန်ထကြွမှုများကိုကောင်းစွာနှိမ်နင်းနိုင်ခဲ့သည်။ အလဝီ များကလည်းအလွန်လျင်မြန်စွာတော်လှန်ပုန်ကန်မှုများပြုလုပ်ခဲ့သည်။ မန်စူရ် သည်နန်းစိုက်ရာမြို့တော်ကို ဘဂ်ဒါဒ် သို့ပြောင်းရွှေ့ခဲ့သည်။ဟာရူန်ရရှီးဒ် သည်အဘာစီ ခလီဖှာ များအကြားအင်အားအကြီးမားဆုံး ခလီဖှာ ဖြစ်သည်။ ၎င်း၏ခေတ်ကာလတွင်အဘာစီ မင်းဆက်အုပ်ချုပ်ရေးသည်အထွတ်အထိပ်သို့ရောက်ခဲ့သည်၊ သို့သော် ဟာရူန် သေပြီးနောက်ဒေသအသီးသီး၌ တိုက်ရိုက်အုပ်ချုပ်ရေးများပေါ်ပေါက်လာခဲ့သည်။ ပမာအားဖြင့် မာအ်မူန် ၏ခေလာဖှသ် ကာလတွင် ခိုရာစာန်၌ သူ့သားဖြစ်သူ၏ သွာဟီရ်ရီယားန် အုပ်ချုပ်ရေးပေါ်ပေါက်ခဲ့သည်။ အဘာစီ တို့သည်နှစ်ငါးရာကျော် စိုးစံခဲ့ပြီး ၎င်းတို့၏အုပ်ချုပ်ရေးအာဏာတွင်အနိမ့်အမြင့်များရှိခဲ့သည် ၊ ၁၂ ပါးအေမာမ်ကိုလက်ခံသောရှီအာများလည်းဖြစ်သည့်အာလေဘိုဝိုင်း ၏ခေတ်တွင်ထိန်းချုပ်မှုများအကြားရှိနေခဲ့ပြီးအားနည်းခဲ့သည် ၊ ဟာရူန်ရရှီးဒ် ၏ခေတ်တွင်အုပ်ချုပ်ရေးအာဏာသည်အလွန်အားကောင်းခဲ့သည်။ နောက်ဆုံး ၆၅၆ ခုနှစ်တွင် မဂိုလ် များက ဘဂ်ဒါဒ် ကိုချီတက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ အဘာစီ မင်းဆက်တို့၏ ခေလာဖှသ် လည်းအဆုံးသတ်ခဲ့ရသည်။.

အစ္စလာမ် ပြန့်ပွားခဲ့ခြင်း နှင့် အစ္စလာမ့်အုပ်ချုပ်ရေးများ

ခလီဖှာ များ၏ခေတ်ကာလ                                                          မိုဟမ္မဒ်(ဆွ) လက်ထက် အစ္စလာမ် ပြန့်ပွားမှု ၆၂၂-၆၃၂ ခိုလဖှာယေရာရှေဒီးန် လက်ထက် အစ္စလာမ် ပြန့်ပွားမှု ၆၃၂-၆၆၁ ခိုလဖှာယေ အိုမိုင်ယာ လက်ထက် အစ္စလာမ် ပြန့်ပွားမှု ၆၆၁-၇၅၀

အစ္စလာမ့်တမန်တော်မြတ်ကြီး (ဆွ) သည် မကာမှ မဒီနာ သို့ ဟိဂျ်ရသ် ပြုခြင်းဖြင့် အစ္စလာမ့်နိုင်ငံရေးကိုအုပ်မြစ်ချနိုင်ခဲ့သည်။ မိမိ၏ရန်သူများမှခုခံကာကွယ်ခြင်း အထူးသဖြင့် မကာဟ် မြို့၏ရန်သူများရှေ့တွင်မားမားမတ်မတ်ရပ်တည်ခဲ့သည်။ အစ္စလာမ် ၏ပညတ်တော်များကိုထိန်းသိမ်းစောင့်ရှောက်ရန် အတွက်စစ်ပွဲများလည်းဆင်နွဲခဲ့ရသည်၊ မကာဟ် သားတို့နှင့် ဟိုဒိုင်ဗီယာငြိမ်းချမ်းရေးစာချုပ်၏နောက်ဆက်တွဲတွင် မကာဟ် မြို့အားသွေးစွန်းခြင်းမရှိဘဲအောင်နိုင်ခဲ့သည်။ ထို့နောက်အိမ်နီးချင်း အင်ပါယာ များသို့စာများပေးပို့ပြီးအစ္စလာမ် သို့ဖိတ်ခေါ်ခဲ့သည်။ တမန်တော်မြတ်(ဆွ) ဝဖှားသ် ဖြစ်ပြီးနောက်ပထမ ခလီဖှာ သည် တမန်တော်ကြွေးကျော်မှုများနှင့်ပတ်သက်၍စစ်ပွဲများခင်းခဲ့သည်။ သူ၏လက်ထက်တွင် ရောမ၊စီးရီးယားကိုအောင်နိုင်ခြင်းနှင့် ပါလစ်္စတိုင်း ကိုလည်းမွတ်စလင်တို့လက်ဝယ်သိမ်းပိုက်နိုင်မှုများရှိခဲ့သည်။ ဒုတိယ ခလီဖှာ လက်ထက်တွင် ဒမရှ်က် နှင့် ယဲရ်မူက် ကိုအောင်နိုင်ခဲ့သည်။ ဟဲရ်ကီလ် သည် ဒမရှ်က် ကိုလွှတ်၍ အစ္စသာန်ဘူးလ် သို့တိမ်းရှောင်ထွက်ပြေးခဲ့သည် ၊ တဖြေးဖြေးနှင့် ရှာမ်တစ်ခုလုံး မွတ်စလင်မ် တို့လက်ဝယ်ကျရောက်လာခဲ့သည်။ ဘိုက်သွလ်မိုကဒပ်္စ သည်ထိုအချိန်က (အီလီယာအ်)အမည်ရှိခဲ့သည်၊ အွမ်မရ် သည် ရှာမ် သို့ခရီးထွက်ချိန် မစီးဟီးအကြီးအကဲခေါင်းဆောင်မှ လွှဲအပ်ပေးခဲ့သည်။ ထို့နောက် အွမ်မရ် သည် အီဂျိဘ် နှင့် အာဖရီးကားမြောက်ပိုင်းဘက်သို့နယ်ချဲ့ခဲ့သည်။ တမန်တော်မြတ်ကြီး(ဆွ)လက်ထက်တွင်အနောက် အရဗ် ကျွန်းစွယ်တစ်ခုလုံး မွတ်စလင်မ် တို့လက်ဝယ်ကျရောက်ခဲ့သည်။ အဘူဘက်ရ် ခေတ်တွင် ကျွန်းစွယ်တစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့သည်။ အွမ်မရ် ၏လက်ထက်တွင် မာဝရာအွန်နဟ်ရ် မြောက်ပိုင်းပင်လယ်အီရန်၊ အီရတ်၊ စီးရီးယား၊ အီဂျိဘ်၊ လီဘီး တို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။ အွတ်စမါန် ၏ခေတ်တွင် အာရာမြစ်ငယ်ကာစဘီးန် မြစ်ကမ်းတစ်လျှောက်မှ ပင်လယ်နက် အထိ၊အာစဝါန် အနောက်ပိုင်း၊လီဘီး ၏ကျယ်ဝန်းသောမြစ်ကမ်းဒေသများကိုသိမ်းပိုက်နိုင်ခဲ့သည်။[၂၃] အစ္စလာမ်မစ် အင်ပါယာသည်အရှေ့ဘက်ခြမ်းတွင် စီးစ်သားန် နှင့် ခိုရာစါန် အထိ၊ အီရန် အနောက်မြောက်ပိုင်းတွင် အာဇရ်ဘိုင်ဂျာန်နှင့်အရ်မနစ်္စသာန် အပါအဝင်၊ အနောက်ပိုင်းတွင် ရှာမားသ် ဟုအမည်တွင်သော ဆိုလိုသည်မှာ ဂျော်ဒန်၊ စီးရီးယား၊ ပါလစ်္စတိုင်း၊ လက်ဘနွန်၊ အီဂျိဘ် အထိရှိခဲ့သည်။ ဤနေရာဒေသ များသည်အရင်က မြောက်ပိုင်းရောမ တို့အောက်တွင်ရှိခဲ့သည်။ ၎င်းနေရာဒေသရှိလူတို့သည်အချို့မှာ အရဗ် ဖြစ်ပြီးအချို့မှာ ရောမလူမျိုးများဖြစ်ကြသည်။ အစ္စလာမ် စိုးမိုးပြီးနောက်ပိုင်းထိုနေရာဒေသများ၌ အရဗ်ယဉ်ကျေးမှုများလွှမ်းမိုးခဲ့သည်။ အိုမိုင်ယာ တို့၏ခေတ်တွင်အာဖရီးကားမြောက်ပိုင်းတွင်အနောက်ဘက်အထိ အန်ဒလီးစ်ကိုပါ သိမ်းပိုက်စိုးမိုးနိုင်ခဲသည်။.

အစ္စပါနီယား

အာဖရီးကားမြောက်ပိုင်း

ယီမင် နှင့် ဟေဂျားဇ်

အီဂျိဘ် နှင့် စီးရီးယား

အဘူအိုဘိုင်ဒါဂျရ်ရာဟ် သည်ခလီဖှာ ၏စေလွှတ်မှုဖြင့် စီးရီးယား ကိုအောင်နိုင်ခဲ့သည်။ အဘူဘက်ရ် သည်ကာလအတန်ကြာပြီးနောက် ခါလိဒ်ဒိဗ်နေဝလီးဒ် ကို အဘူစိုဖှီယါန် သူ၏သာများဖြစ်သော ယဇီးဒ် နှင့် မအာဝေယာ၊ဆွဟာဘာ အချို့တို့နှင့်အတူအကူအညီပေးရန်အတွက်စေလွှတ်လိုက်သည်။ နောက်ဆုံး ၅၁၃ ခုနှစ်တွင် ယရ်မူက် စစ် ပွဲ၌ ရောမ စစ်သားများ မွတ်စလင်မ် တို့အားစစ်ရှုံးပြီး ရောမ ၏စည်ကားသောမြို့ရိုးတံခါးကြီးများ မွတ်စလင်မ် တို့အတွက်ပွင့်ခဲ့သည်။ အွမ်မရ် ၏ခေလာဖှသ် နောက်ဆုံးအချိန်တွင် အမ်ရိုအားစ် ၏ဦးဆောင်မှုဖြင့် အီဂျိဘ် ကိုသိမ်းပိုက်နိုင်ခဲ့သည်။.

အစ္စလာမ် လွှမ်းမိုးလာပြီးနောက် အီရန်

စါစါနီယါးန် တို့၏ခေတ်ကာလတွင် အီရန် ၏အခြေအနေသည်များစွာမတည်ငြိမ်မှုများရှိခဲ့သည်။ ခွပ်စရိုပရ်ဝီးဇ် ၏လုပ်ရပ်များကြောင့်ပို၍မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့သည် ၊ ဟိုင်ရာ ၏အာဏာပိုင်အသတ်ခံရခြင်း ဟိုင်ရာတံတိုင်းပြိုပျက်ခြင်းများသည် အရဗ် တို့ကိုထိုးစစ်ဆင်ရန်လှုပ်ဆော်ပေးလိုက်သလိုဖြစ်သွားခဲ့သည်။ ဟိဂျ်ရီ ၁၂ ခုနှစ်တွင် မွတ်စန်နာဘင်န်မခ်ရဘာရှိုင်ဘာနီ က အီရန် ကိုစတင်တိုက်ခိုက်ခဲ့သည်။ ၎င်းနောက် အဘူအိုဘိုင်ဒိဗ်နေစကဖှီ ကစစ်ပွဲကိုဦးဆောင်ခဲ့သည်၊ သူသည်လည်း ဂျပ်စ်ရ် စစ်ပွဲ၌ကျခဲ့သည်၊၎င်းနောက် စအဒ်ဒိဗ်နေအဗီဝကားစ် သည် အီရန်ကိုဆက်တိုက်ရန်အတွက်တာဝန်ယူခဲ့သည်။ စအဒ် သည် ဟိဂျ်ရီ ၁၆ ခုနှစ်တွင် အီရန် အထင်ကရစစ်ဗိုလ်ကြီးရွတ်စ်သမ် ကိုချေမှုန်းနိုင်ခဲ့သည်။ နောအ်မါန်နိဗ်နေမက်္ကရန် ၏ဦးဆောင်မှုဖြင့် ဟိဂျ်ရီ ၂၁ ခုနှစ်တွင် အီရန် ကိုအပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ဟိဂျ်ရီ ၃၁ ခုနှစ်တွင် ယဇ်ဒ်ဂရ် သေဆုံးပြီးနောက် အီရန် သည် အရဗ် တို့၏လက်အောက်သို့အပြီးအပိုင်ကျရောက်သွားခဲ့သည်။.

ဆက်နွယ်သောအကြောင်းအရာများ

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ