အဇစ် ဇက်ခနို့

အဇစ် ဇာခနို့ (၁၉၆၁ ဘွား) သည် မော်ရိုကိုနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးဖြစ်ပြီး ၂၀၀၃ ခုမှစ၍ နိုင်ငံရေးလောကသို့ဝင်သည်။ အက္ကဝါလုပ်ငန်းစု၏ အမှုဆောင်ချုပ်ဖြစ်ပြီး ၂၀၀၇ ခုမှ ၂၀၂၁ ခုအထိ စိုက်ပျိုးရေးဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ [၁] ၂၀၂၁ ခု၊ စက်တင်ဘာလ ၁၀ ရက်တွင် ဝန်ကြီးချုပ် ဖြစ်လာ၏။ [၂]

ငယ်ဘဝနှင့်ပညာရေး

၁၉၈၆ ခုတွင် ရှားဘရွတ်တက္ကသိုလ် (Université de Sherbrooke) မှ စီမံခန့်ခွဲမှုပညာဖြင့် ဒီပလိုမာဘွဲ့ ရသည်။ [၃]

စီးပွားရေးခြေလှမ်း

ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုင်းတွင် လုပ်ငန်းကြီးဖြစ်သော အက္ကဝါလုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည်။ ဖော်ဘီမဂ္ဂဇင်းက ၂၀၁၃ ခု၊ နိုဝင်ဘာလတွင် အက်ခနို့၌ ဒေါ်လာ ၁.၄ ဘီလီယံခန့် ကြွယ်ဝနိုင်ကြောင်း ခန့်မှန်းသည်။ [၄] အက်ခနို့သည် ဤလုပ်ငန်းကို ဖခင်ထံမှ အမွေဆက်ခံရခြင်း ဖြစ်၏။ ၂၀၂၀ ပြည့်တွင် ဖော်ဘီက အက်ခနို့တွင် အာဖရိက၏ အချမ်းသာဆုံး သန်းကြွယ်သူဌေးများစာရင်း၌ အဆင့် (၁၂) တွင် ထားသည်။ [၅]

နိုင်ငံရေးလောကသို့ ရောက်လာခြင်း

၂၀၀၃-၂၀၀၇ ကာလတွင် ဆုမက်ဆာ့ဒရာ (Souss-Massa-Drâa) ၏ ဒေသကောင်စီဥက္ကဋ္ဌအဖြစ် လုပ်သည်။ ထိုစဉ်က လွတ်လပ်သူတို့၏ပြည်လုံးကျွတ်ထောက်ခံမှုပါတီ (National Rally of Independents) တွင် ပါတီဝင် ဖြစ်၏။ နောက် ၂၀၂၁ ခု၊ ဇန်နဝါရီလ ၂ ရက်တွင် နုတ်ထွက်သည်။ [၆][၇]

လွတ်လပ်ရေးပါတီ (Independence Party) မှ ဝန်ကြီးများ နုတ်ထွက်ကြသည်နောက် ၂၀၁၃ ခု၊ ဩဂုတ်လ ၂၃ ရက်တွင် (၁၄) ယောက်မြောက် မိုဟာမက်ဘုရင်က အက်ခနို့ကို ကြားဖြတ် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်ရာ အောက်တိုဘာလ ၉ ရက်ထိ လုပ်ရသည်။

၂၀၁၆ ခု၊ အောက်တိုဘာလ ၂၉ ရက်တွင် မိခင်ပါတီသို့ ပြန်ဝင်ပြီးနောက် ဥက္ကဋ္ဌနေရာကို လက်ခံရသည်။ ပါတီဥက္ကဋ္ဌဖြစ်သူ ဆလာဟာဒင် မဇွာ (Salaheddine Mezouar) က အရာမှ နုတ်ထွက်သောကြောင့်တည်း။ [၈]

၂၀၂၁ အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၃၉၅ အတွက် ၁၀၂ နေရာရကာ သူ့ပါတီက နိုင်သည်။ စက်တင်ဘာလ ၁၀ ရက်တွင် ဘုရင် မိုဟာမက် (၁၄) က ဝန်ကြီးချုပ်အဖြစ် ခန့်၏။ အက်ခနို့အနေဖြင့် အစိုးရသစ်ဖွဲ့ကာ ဘုရင့်အမှုတော်ကို ပြေကုံအောင် ထမ်းဆောင်ရမည် ဖြစ်သည်။ [၉]

မိသားစုဘဝ

ဆယ်လဝါ အီဒရစ်ဆီ (Salwa Idrissi) နှင့် လက်ထပ်ထားသည်။ အီဒရစ်ဆီသည်လည်း စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး ဈေးဝယ်စင်တာများ ပိုင်၏။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ