အနက်ရောင်

အနက်ဆုံး အရောင်

အနက်ရောင်သည် မြင်နိုင်သောအလင်းမှ အလုံးစုံ ကွယ်ပျောက်သည့်ရလဒ် သို့မဟုတ် အဖြူရောင်၏ ဆန့်ကျင်ဘက်အရောင် ဖြစ်သည်။ အနက်ရောင်အား မှောင်မည်းမှုကို ကိုယ်စားပြသည့် အသွင်လက္ခဏာအဖြစ် အသုံးပြုကြသည်။[၂] အဖြူရောင်နှင့် အနက်ရောင်ကို ကောင်းမှုနှင့် မကောင်းမှုအဖြစ် ဖော်ပြရာတွင် တခါတရံ အသုံးပြုကြသည်။[၂] အနက်ရောင်သည် လေးနက်မှုနှင့် အခွင့်အာဏာအတွက်လည်း ကိုယ်စားပြုဖော်ပြလေ့ရှိပြီး တရားသူကြီးများမှ အသုံးပြုသည်ကို တွေ့ရသည်။

အနက်ရောင်
 
About these coordinates     ရောင်စဉ်တန်း ကိုဩဒိနိတ်များ
Hex triplet#000000
sRGBB (r, g, b)(0, 0, 0)
HSV (h, s, v)(0°, 0%, 0%)
CIELChuv (L, C, h)(0, 0, 0°)
ရင်းမြစ်HTML/CSS[၁]
B: Normalized to [0–255] (byte)
H: Normalized to [0–100] (hundred)

အနက်ရောင်ကို ရှေးခေတ်အီဂျစ်လူမျိုးများနှင့် ဂရိလူမျိုးများက မြေအောက်ကမ္ဘာ၏ အရောင်အဖြစ် အသုံးပြုခဲ့ကြသည်။[၃] ရောမအင်ပါယာလက်ထက်တွင် အနက်ရောင်သည် ပူဆွေးသောကရောက်ခြင်းအတွက် အရောင်ဖြစ်လာခဲ့ပြီး ရာစုနှစ်ပေါင်းများစွာ အနက်ရောင်သည် သေဆုံးခြင်း၊ နတ်ဆိုး၊ စုန်းကဝေများနှင့် မှော်အတတ်ပညာများနှင့် ဆက်နွယ်မှု ရှိခဲ့သည်။[၄] ၁၄ ရာစုနှစ်တွင် ဥရောပ၌ အနက်ရောင်အား သစ္စာစောင့်သိခြင်း၊ ဓမ္မကျမ်းဆရာများ၊ တရားသူကြီးများနှင့် အစိုးရပုဂ္ဂိုလ်တို့က ဝတ်ဆင်ခဲ့ကြသည်။ ၁၉ ရာစုနှစ်တွင် အင်္ဂလိပ်လူမျိုး စိတ်ကူးယဉ်အချစ်ကဗျာဆရာများ၊ စီးပွားရေးသမားများ၊ အစိုးရအရာရှိများက ဝတ်ဆင်ခဲ့ကြသည်။ ၂၀ ရာစုနှစ်တွင် အနက်ရောင်သည် အဆင့်မြင့် ဖက်ရှင်အရောင်တခု ဖြစ်လာခဲ့သည်။[၂] ဥရောပနှင့် မြောက်အမေရိကတိုက်ရှိ စစ်တမ်းများအရ အနက်ရောင်သည် ဝမ်းနည်းပူဆွေးခြင်း၊ အဆုံးသတ်၊ လျို့ဝှက်ချက်၊ မှော်ပညာ၊ အင်အား၊ ကြမ်းတမ်းမှု၊ မကောင်းမှု။ ကြောက်ရွံ့မှုနှင့် အလှတရားတို့ကို အများဆုံး ဆက်နွယ်သည်ကို တွေ့ရှိရသည်။[၅]

အနက်ရောင်သည် စာအုပ်များ၊ သတင်းစာများနှင့် စာရွက်စာတမ်းများတွင် ဖတ်ရှုရန်အလွယ်ကူဆုံးအရောင်ဖြစ်သောကြောင့် အသုံးအများဆုံး မှင်အရောင်အဖြစ် အသုံးပြုကြသည်။ ထို့နည်းတူစွာ ကွန်ပျူတာဆခရင်များတွင်လည်း အဖြူရောင်နောက်ခံဖြင့် အနက်ရောင်စာသားများကို အသုံးပြုလေ့ရှိသည်။[၆] ၂၀၁၉ ခုနှစ် စက်တင်ဘာလအရ အနက်ဆုံးအရောင်ရှိသောအရာဝတ္ထုကို မက်ဆာချူးဆက် စက်မှုတက္ကသိုလ်မှ အင်ဂျင်နီယာများက ကာဗွန်နာနိုပြွန်ချောင်းမှ ဖန်တီးပြုလုပ်ခဲ့သည်။[၇]


ကိုးကား


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ