အနိမိတ္တပဉှာသုတ်
[၁]နိစ္စနိမိတ်အစရှိသော အလုံးစုံသော နိမိတ်တို့ကို နှလုံးမသွင်းခြင်း, နိစ္စနိမိတ် စသည်မှ ကင်းဆိတ်သောစိတ်၏ တည်ကြည်ခြင်းသို့ရောက်နေသော ရဟန်းကို “အနိမိတ္တစေတောပဏိဓိရဟန်း” ဟု ဆိုအပ်၏။ ငါ့ရှင်တို့ အနိမိတ္တစေတောပဏိဓိဖြင့် နေသော ငါ့အား နိစ္စနိမိတ်အစရှိသည်သို့ အစဉ်လျောက်သော ဝိညာဏ်ဖြစ်၏။ ထိုအခါ ဘုရားရှင်သည် တန်ခိုးတော်ဖြင့် ကြွလာတော်မူပြီး ငါ့အား “ဗြာဟ္မဏဖြစ်သော မောဂ္ဂလ္လာန် အနိမိတ္တစေတောပဏိဓိကို မမေ့လေနှင့်၊ အနိမိတ္တစေတောပဏိဓိ၌ စိတ် ကိုကောင်းစွာထားလော့၊ စိတ်ကို တည်ကြည်အောင်ပြုလော့၊ စိတ်ကို ကောင်းစွာထား လော့” ဟု မိန့်တော်မူပါသည်။
ငါ့ရှင်တို့ ငါသည် တပါးသော နောက်အခါ၌ နိစ္စနိမိတ်အစရှိသော အလုံးစုံ သော နိမိတ်တို့ကို နှလုံးမသွင်းခြင်းကြောင့် နိစ္စနိမိတ် အစရှိသည်မှ ကင်းဆိတ်သော စေတောသမာဓိသို့ ရောက်၍နေ၏။ ငါ့ရှင်တို့ မြတ်စွာဘုရား ချီးမြှောက်တော်မူခြင်းကြောင့် ထူးမြတ်သော အသိဉာဏ်ရှိသူအဖြစ်သို့ ရောက်သောတပည့်ဟု “အမှန် အတိုင်း ပြောဆို လိုသူသည် ငါ့ကိုသာလျှင် ပြောဆိုရာ၏” ဟု အရှင်မောဂ္ဂလ္လာန် မထေရ်က ရဟန်းတို့အား ဟောတော်မူသည့်သုတ်။[၂]