အနောက်တောင်တိုင်းစစ်ဌာနချုပ်

ပုသိမ်မြို့အ​ခြေစိုက် တပ်မ​တော်တိုင်းစစ်ဌာနချုပ်

အနောက်တောင်တိုင်းစစ်ဌာနချုပ် (အတိုကောက် နတခ) သည် ပုသိမ်မြို့တွင် အခြေစိုက်သော တိုင်းစစ်ဌာနချုပ် တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် ဝေလင်း (ကြည်း - ၂၉၃၆၉) (စတသ - ၃၉) ဖြစ်သည်။[၁][၂]

အနောက်တောင်တိုင်းစစ်ဌာနချုပ်
နတခ
အနောက်တောင်တိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
အမည်ပြောင်ဒီရေလှိုင်း
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်ချုပ်ဝေလင်း
ဒုတိယတိုင်းမှူးဗိုလ်မှူးကြီး ရဲလင်းအောင်
အဆောင်အယောင်များ
အလံတော်

သမိုင်း

ဖွဲ့စည်းပုံ

အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်တွင် စစ်ဗျူဟာမှူး(၃)ဦး ဦးစီးသည့် စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။

အမှတ်(၁)စစ်ဗျူဟာအဖွဲ့

အမှတ်(၁)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၁)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၄)ရင်းရှိသည်။

  1. ခလရ / ခမရ - (၄)ရင်း

အမှတ်(၂)စစ်ဗျူဟာအဖွဲ့

အမှတ်(၂)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၂)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။

  1. ခလရ/ ခမရ - (၃)ရင်း

အမှတ်(၃)စစ်ဗျူဟာအဖွဲ့

အမှတ်(၃)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၃)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။

  1. ခလရ/ ခမရ - (၃)ရင်း

အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

  • ဗိုလ်မှူးကြီး ကြည်မောင် (ကြည်း - ၃၅၁၆) (၁၁-၁၀-၁၉၆၁ မှ ၁၄-၂-၁၉၆၃)
  • ဗိုလ်မှူးကြီး တင်ဦး (ကြည်း - ၃၆၅၁) (၁၄-၂-၁၉၆၃ မှ ၁၉-၉-၁၉၆၄)
  • ဗိုလ်မှူးကြီး စံကြည် (ကြည်း - ၃၆၂၇) (၁၉-၉-၁၉၆၄ မှ )
  • ဗိုလ်မှူးကြီး သန်းတင် (ကြည်း - ၅၆၀၃) (ဗသက - ၂)
  • ဗိုလ်မှူးကြီး မျိုးအောင် (ကြည်း - ၅၅၈၁)
  • ဗိုလ်မှူးကြီး ထွန်းကြည် (ကြည်း - ၆၂၇၈) (ဗသက - )(၂၄-၉-၁၉၇၆ မှ ၈-၇-၁၉၇၈)
  • ဗိုလ်မှူးကြီး သန်းညွှန့် (ကြည်း - ၆၃၅၆) (၈-၇-၁၉၇၈ မှ ၄-၅-၁၉၇၉)
  • ဗိုလ်မှူးချုပ် စောမောင် (ကြည်း - ၆၁၈၇) (ဗသက - ၆) (၄-၅-၁၉၇၉ မှ ၂၄-၈-၁၉၈၁)
  • ဗိုလ်မှူးချုပ် မြင့်လွင် (ကြည်း - ၆၆၀၈) (၂၄-၈-၁၉၈၁ မှ ၇-၈-၁၉၈၃)
  • ဗိုလ်မှူးချုပ် သန်းရွှေ (ကြည်း - ၆၇၁၀) (ဗသက - ၉) (၇-၈-၁၉၈၃ မှ ၄-၁၁-၁၉၈၅)
  • ဗိုလ်ချုပ် မြင့်အောင် (ကြည်း - ၆၉၁၇) (ဗသက - ၁၂) (၄-၁၁-၁၉၈၅ မှ )
  • ဗိုလ်ချုပ် ညွှန့်တင်
  • ဗိုလ်ချုပ် ရွှေမန်း (ကြည်း - ၁၁၅၃၄) (စတသ - ၁၁)
  • ဗိုလ်ချုပ် ဌေးဦး (ကြည်း - ) (ဗသက - ၄၃)
  • ဗိုလ်ချုပ် ​ကျော်​ဆွေ (ကြည်း - ၁၆၄၉၃) (စတသ - ၂၂)
  • ဗိုလ်ချုပ် တင်​မောင်ဝင်း[၃] (ကြည်း - ၁၇၆၀၆) (ဗသက - ၆၄) (ယခု− ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ်)
  • ဗိုလ်ချုပ် စိုးသိန်း
  • ဗိုလ်ချုပ် လူအေး (ကြည်း - ၁၈၈၂၀) (စတသ - ၂၆)
  • ဗိုလ်ချုပ် တေဇကျော် (ကြည်း - ၂၀၂၇၈) (စတသ - ၂၈) (ယခု- ဒုတိယဗိုလ်ချုပ်ကြီး၊ အမှတ်−၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး)
  • ဗိုလ်ချုပ် ရဲဝင်းဦး (ကြည်း - ၂၁၄၄၀) (ဗသက - ၇၇) (ယခု- ဒုတိယဗိုလ်ချုပ်ကြီး၊ နစကတွဲဖက်အတွင်းရေးမှူးနှင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်)
  • ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ[၄] (ကြည်း - ၂၅၉၈၂) (စတသ - ၃၆) (ယခု- ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး)
  • ဗိုလ်ချုပ်အောင်အောင် (ကြည်း - ၂၅၉၆၀) (စတသ - ၃၆) (နောင် ဒုတိယဗိုလ်ချုပ်ကြီး၊ ယခု - ရှမ်းပြည်နယ်ဝန်ကြီးချုပ်)
  • ဗိုလ်မှူးချုပ်ကြည်ခိုင် (ကြည်း - ၂၇၁၄၀) (စတသ - ၃၇) (ယခင်− တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး)
  • ဗိုလ်ချုပ် ​ဝေလင်း [၅] (ကြည်း - ၂၉၃၆၉) (စတသ - ၃၉) (ယခင် စစ်ဦးစီးဗိုလ်မှူးချုပ်၊ ယခင် အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး)

ကိုးကား


နောက်ထပ်ကြည့်ရန်

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ