အန်းဟွေးပြည်နယ်

အန်းဟွေး(Ānhuī) (安徽) ပြည်နယ် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံပြည်နယ်တစ်ခု ဖြစ်သည်။ ယန်စီမြစ် နှင့် ဟွိုင်မြစ် တို့၏ မြစ်ဝကျွန်းပေါ်ဒေသ များဖြင့် ပါဝင်ဖွဲ့စည်းထားပြီး တရုတ်နိုင်ငံ၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ အရှေ့ဘက်တွင် ကျန်းစူးပြည်နယ်၊ အရှေ့တောင်ဘက်တွင် ကျဲ့ကျန်းပြည်နယ်၊ တောင်ဘက်တွင် ကျန်းရှီးပြည်နယ်၊ အနောက်တောင်ဘက်တွင် ဟူပေပြည်နယ်၊ အနောက်မြောက်ဘက်တွင် ဟဲနန်ပြည်နယ်၊ မြောက်ဘက်တွင် ရှန်းတုန်းပြည်နယ် တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ပြည်နယ် ၏ မြို့တော်မှာ ဟဲဖေးမြို့ (Hefei) ဖြစ်သည်။

အန်းဟွေးပြည်နယ်
Anhui Province
တရုတ်ဘာသာဖြင့် :安徽省
ဖျင်းယင်းဖြင့်Ānhuī Shěng
အတိုကောက်အမည်:   (pinyin: Wǎn)
အန်းဟွေးပြည်နယ် is highlighted on this map
အမည်ရင်းမြစ်安 ān - အန်းချင့် (Anqing)
徽 huī - ဟွေကျိုး (Huizhou)
အုပ်ချုပ်ရေးအမျိုးအစားပြည်နယ်
မြို့တော်
(နှင့် အကြီးဆုံးမြို့)
ဟဲဖေးမြို့
ကွန်မြူနစ်ပါတီ အကြီးအကဲကျန်းပေါင်ရွှန့်
ပြည်နယ်အုပ်ချုပ်ရေးမှူးဝမ်စန်းယွင်
ဧရိယာ၁၃၉,၄၀၀ စတုရန်းကီလိုမီတာ
 - လတ္တီကျု29° 24' to 34° 57' N
 - လောင်ဂျီကျု114° 53' to 119° 39' E
လူဦးရေ (၂၀၁၀)
 - သိပ်သည်းမှု
၅၉,၅၀၀,၅၁၀ (၈)
၄၄၀
ဂျီဒီပီ (၂၀၁၀)
 - လူတစ်ဦးချင်း
ယွမ်ငွေ ၁.၂၂ ထရီလီယံ (US$ ၁၈၁.၁ ဘီလီယံ) (၁၄)
CNY ၁၄,၃၉၁ (၂၆)
HDI (၂၀၀၈)၀.၇၅၀ (medium) (၂၆)
ကိုးကွယ်ယုံကြည်မှုများအစ္စလာမ်ဘာသာဗုဒ္ဓဘာသာ
တိုင်းရင်းသားလူမျိုးများဟန့်လူမျိုး - 99%
ဟွေးလူမျိုး - 0.6%
ဒေသသုံးဘာသာစကားများတရုတ်၊ ဟွေ
ခရိုင်ကြီး(Prefecture)အဆင့်၁၇ ခု
ခရိုင်ငယ်(County)အဆင့်၁၀၅ ခု
မြို့နယ်(Township)အဆင့်*၁၈၄၅ ခု
ISO 3166-2CN-34
အင်တာနက် စာမျက်နှာ
www.ah.gov.cn
Source for population and GDP data:
《中国统计年鉴—2005》 China Statistical Yearbook 2005
ISBN 7503747382
Source for nationalities data:
《2000年人口普查中国民族人口资料》 Tabulation on nationalities of 2000 population census of China
ISBN 7105054255
*As at December 31, 2004
Template ■ Discussion ■ WikiProject China
အန်းဟွေးပြည်နယ်၊ တုန်းကျိမြို့။


အန်းဟွေးဟူသောအမည်သည် အန်းဟွေးပြည်နယ်တောင်ပိုင်းတွင် တည်ရှိသော မြို့ကြီး နှစ်မြို့ ဖြစ်သည့် အန်းချင့်မြို့ (Anqing) နှင့် ဟွေကျိုးမြို့ (Huizhou) တို့၏ အမည်များကို ပေါင်းစပ်ခေါ်ဝေါ်ရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ [၁] အန်းဟွေးပြည်နယ်အတွက် အတိုကောက် တရုတ်စာလုံးမှာ ဝမ် "皖" (Wǎn) ဟု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အန်းဟွေးပြည်နယ်ဒေသသည် ရှေးယခင်က ဝမ်တိုင်းပြည်၊ ဝမ်တောင်ထွတ် နှင့် ဝမ်မြစ် တို့ တည်ရှိရာဖြစ်သောကြောင့်တည်း။

အဓိကမြို့ကြီးများ

  • ဟဲဖေးမြို့ - Hefei
  • အန်းချင့်မြို့ - Anqing
  • ဟွမ်ဆန်းမြို့ - Huangshan City
  • ထုံလင်မြို့ - Tongling
  • မာအန်းဆန်းမြို့ - Ma'anshan
  • ဟွိုင်နန်မြို့ - Huainan
  • ပုံ့ပုမြို့ - Bengbu
  • ပေါ်ကျိုးမြို့ - Bozhou

အုပ်ချုပ်ရေးခရိုင်များ

အန်းဟွေးပြည်နယ်ကို ခရိုင်ကြီး (prefecture-level divisions) (၁၇)ခု ဖြင့်ဖွဲ့စည်းထားသည်။

Mapစဉ်ရုံးစိုက်ရာမြို့တရုတ်စာဖြင့်အသံထွက်ဖြင့်ခရိုင်ကြီးအမည်လူဦးရေ (၂၀၁၀ခုနှစ်)
— ခရိုင်ကြီးများနှင့် မြို့တော်များ —
ဟဲဖေးမြို့合肥市Héféi ShìLuyang District7,457,000
အန်းချင့်မြို့安庆市Ānqìng ShìYingjiang District5,311,000
ပုံ့ပုမြို့蚌埠市Bèngbù ShìLongzihu District3,164,000
ပေါ်ကျိုးမြို့亳州市Bózhōu ShìQiaocheng District4,851,000
ချီကျိုးမြို့池州市Chízhōu ShìGuichi District1,403,000
ချူကျိုးမြို့滁州市Chúzhōu ShìLangya District3,938,000
ဖုယန်မြို့阜阳市Fǔyáng ShìYingzhou District7,600,000
ဟွိုင်ပေမြို့淮北市Huáiběi ShìLieshan District2,114,000
၁၀ဟွိုင်နန်မြို့淮南市Huáinán ShìTianjia'an District2,334,000
၁၁ဟွမ်ဆန်းမြို့黄山市Huángshān ShìTunxi District1,359,000
၁၂လုအန်းမြို့六安市Lù'ān ShìJin'an District5,612,000
၁၃မာအန်းဆန်းမြို့马鞍山市Mǎ'ānshān ShìYushan District2,304,000
၁၄စုကျိုးမြို့宿州市Sùzhōu ShìYongqiao District5,353,000
၁၅ထုံလင်မြို့铜陵市Tónglíng ShìTongguanshan District724,000
၁၆ဝူဟူမြို့芜湖市Wúhú ShìJinghu District3,443,000
၁၇ရွှမ်းချန်မြို့宣城市Xuānchéng ShìXuanzhou District2,533,000

အထက်ပါ ခရိုင်ကြီး (Prefecture) (၁၇)ခုကို ခရိုင်ငယ် (County) (၁၀၅)ခု အဖြစ် ထပ်မံခွဲခြမ်းသည်။ ၎င်းခရိုင်ငယ်များကို တစ်ဖန်ထပ်မံ၍ မြို့နယ် (Township) (၁၈၄၅)ခု ခွဲခြမ်းထားပြန်သည်။

လူဦးရေနှင့်လူမျိုးများ

ဟန့် ခေါ် တရုတ်လူမျိုးမှာ အများစုဖြစ်သည်။ ဟွေးလူမျိုး (Hui) နှင့် ရှဲ့လူမျိုး (She) တို့မှာ ဒုတိယ လူဦးရေအများဆုံး ဖြစ်သည်။

အန်းဟွေးပြည်နယ်သည် ကျားမဦးရေအချိုး အလွန်မြင့်မားသော ပြည်နယ်တစ်ခု ဖြစ်သည်။ ၂၀၀၉ခုနှစ်၊ ဗြိတိသျှဆေးပညာဂျာနယ် (British Medical Journal)၏ အဆိုအရ အသက်(၁)နှစ်မှ (၄)နှစ်အရွယ် ကလေးများ၏ ကျားမဦးရေအချိုးမှာ မိန်းကလေး (၁၀၀) တွင် ယောက်ျားလေး (၁၃၈)ယောက် ဖြစ်နေသဖြင့် တရုတ်နိုင်ငံတွင် ကျားမဦးရေအချိုး အမြင့်မားဆုံးပြည်နယ် ဖြစ်ကြောင်း ဖော်ပြထားသည်။ [၂]

ထင်ရှားသောပုဂ္ဂိုလ်များ

  • ဟူကျင်ထောင်း - Hu Jintao
  • ကျွမ်းဇီ - Zhuang Zi
  • လျိုအန်း - Liu An
  • ကျူးယွမ်ကျန်း - Zhu Yuanzhang(Hongwu Emperor)
  • ဆောင်ဆောင်း - Cao Cao
  • လျိုမင်ချွမ်း - Liu Mingchuan
  • ပေါင်းကျင့် - Bao Zheng
  • ကျန့်ထျန်းယို - Zhan Tianyou
  • ချင်တုရှို့ - Chen Duxiu
  • ဟူရှီး - Hu Shi
  • ချင်နင်ယန် - Chen Ning Yang
  • ကျင်းကျင် - Jin Jing
  • ခဲ့ချင်ရှီး - Ke Qingshi

တက္ကသိုလ်၊လိပ်များ

  • [[]]Anhui Agricultural University ၊ ဟဲဖေးမြို့
  • [[]]Anhui Normal University ၊ ဝူးဟူမြို့
  • [[]]Anhui University ၊ ဟဲဖေးမြို့
  • [[]]Anhui University of Finance and Economics ၊ ပွင့်ပုမြို့
  • [[]]Anhui University of Technology ၊ မာအန်းရှန်းမြို့
  • [[]]Hefei University of Technology ၊ ဟဲဖေးမြို့
  • [[]]Anhui University of Technology and Science ၊ ဝူးဟူမြို့
  • [[]]University of Science & Technology of China ၊ ဟဲဖေးမြို့
  • [[]]Anhui University of Traditional Chinese Medicine
  • [[]] Anhui University of Science & Technology ၊ ဟွိုင်းနန်မြို့
  • [[]]Wannan Medical College ၊ ဝူးဟူမြို့
  • [[]]Huainan Institute of Technology ၊ ဟွိုင်းနန်မြို့
  • [[]]Correspondence College of Computer of China
  • [[]]Chizhou University ၊ ချီကျိုးမြို့
  • [[]]Chuzhou Normal Academy ၊ ချူကျိုးမြို့
  • [[]]Anhui Sanlian College ၊ ဟဲဖေးမြို့
  • [[]]Electronic Engineering College of Hefei ၊ ဟဲဖေးမြို့
  • [[]]Huaibei Coal Industry Normal College ၊ ဟွိုင်းပေမြို့
  • [[]]Anqing Teachers College ၊ အန်းချင့်မြို့
  • [[]]Hefei Normal University ၊ ဟဲဖေးမြို့

ကိုးကား

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ