အယ်လ်စီဒီ

အယ်လ်စီဒီ(အင်္ဂလိပ်: LCD)ဆိုသည်မှာ အရည်ပုံဆောင်ခဲများ၏ဂုဏ်သတ္တိကို အသုံးပြုကာ ပြုလုပ်ထားသော ရုပ်ပုံပြစက်အပြားကိုသော်လည်းကောင်း၊ အခြားလျှပ်စစ်ရုပ်ပုံပြစက်များကိုသော်လည်းကောင်း ဆိုလိုသည်။ အယ်လ်စီဒီဆိုသည်မှာ အင်္ဂလိပ်လို Liquid-crystal Display ၏ အတိုကောက် ဖြစ်သည်။ အရည်ပုံဆောင်ခဲရုပ်ပုံပြစက်ဟု အဓိပ္ပာယ်ရသည်။ အယ်လ်စီဒီ(အရည်ပုံဆောင်ခဲရုပ်ပုံပြစက်)ဆိုသည့်အမည်အတိုင်း အဓိကအားဖြင့် အရည်လည်းမဟုတ်၊ ပုံဆောင်ခဲ(အခဲ)လည်းမဟုတ်၊ အရည်နှင့်အခဲနှစ်ခုကြား အခြေအနေတွင် ရှိသော အရာတစ်ခုနှင့် တည်ဆောက်ထားသည်။ ထိုအရာ၏ ထူးခြားသည့် အသွင်ကြောင့် အလင်းနှင့် လျှပ်စစ်ရဲ့ သေးငယ်သည့် ပြောင်းလဲမှုများကို သိလွယ်ပြီး ပြောင်းလဲမှုအလိုက် တုံ့ပြန်မှုပေးသည်။ လျှပ်စစ်သံလိုက်လှိုင်း၏ အကျိုးသက်ရောက်မှုအောက်တွင် ပြန်လည်နေရာယူတန်းစီနိုင်ပြီး ဖောက်ထွင်းမမြင်နိုင်သည့် အခြေအနေကြား ပြောင်းလဲနိုင်သည်။ ဤဂုဏ်သတ္တိကို အခြေခံ၍ အယ်လ်စီဒီကို ဖန်တီးထားခြင်း ဖြစ်သည်။

အယ်လ်စီဒီရုပ်မြင်သံကြား

တည်ဆောက်ပုံ

အယ်လ်စီဒီကို ပြုလုပ်ရန် လွယ်ကူသည်။ ယေဘုယျအားဖြင့် အရွယ်အစားတူညီသည့် ညီညာပြန့်ပြူးနေသော ဖန်ပြင်နှစ်ခုကြားတွင် ၁၀ မှ ၁၅ မီလီမီတာ အထူရှိသော ၎င်းအရည်မဟုတ်၊ အခဲမဟုတ်သည့်အရာကို ထည့်ထားသည်။ ၎င်းဖန်ပြင်၏ အနားပတ်လည်ကို အလုံပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် အယ်လ်စီဒီတစ်ခု ဖြစ်လာသည်။ ၎င်း၏အထူသည် သမားရိုးကျတီဗီ၏ ၁/၂၀ မှ ၁/၃၀ သာ ရှိသည်။ အလေးချိန်က ၈၀% မှ ၉၀% အထိ ပိုပေါ့သွားသည်။ ထို့ပြင် ဖန်သားပြင်ကြီးချင်သလောက် အယ်လ်စီဒီကိုလည်း ကြီးအောင်ပြုလုပ်နိုင်သည်။

အားသာချက်

လျှပ်စစ်သုံးစွဲမှုသက်သာခြင်း

အယ်လ်စီဒီ၏ အားသာချက်တစ်ခုမှာ လျှပ်စစ်သုံးစွဲမှု သက်သာခြင်း ဖြစ်သည်။ သမားရိုးကျတီဗီလောက် လျှပ်စစ်စွမ်းအင် မလိုချေ။ ဓာတ်ခဲနှင့်ပင် အယ်လ်စီဒီကို ဖွင့်ကြည့်နိုင်သည်။ အရွယ်အစားနံပါတ် ၅ ရှိသော ဓာတ်ခဲလေးလုံးကို ဆက်ထားရုံနှင့် ၁၀ နာရီကြာ အယ်လ်စီဒီဖြင့် ရုပ်ရှင်ကြည့်နိုင်သည်။

အသွင်အပြင်ကောင်းမွန်ခြင်း

အသွင်အပြင်ကောင်းမွန်ခြင်းဆိုရာတွင်

  • ပေါ့ပါးခြင်း
  • လိုရာဖန်သားပြင်အရွယ်အစားရနိုင်ခြင်း
  • နေရာယူမှုနည်းခြင်း စသည်ဖြင့် ခွဲခြားနိုင်သည်။
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ