အရုဏ်ကျောင်းတော်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ဗုဒ္ဓဘာသာကျောင်းတော်

အရုဏ်ကျောင်းတော် (မြန်မာ: အရုဏရာဇဝရာရာမ ရာဇဝရမဟာဝိဟာရ, ပါဠိ: Aruṇarājavarārāma Rājavaramahāvihāra) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ ဘန်ကောက်ယယ်အရပ်တွင် ရှိသည်။ ကျော့ဗြးယာမြစ်၏ အနောက်ဘက်ကမ်းရှိ သွန်ဘူရီ တွင် တည်ရှိသည်။ ကျောင်းတော်၏ အမည်သည် ဟိန္ဒူနတ်ဘုရား Aruna (အရုဏ) မှ ဆင်းသက်ဖြစ်ပေါ်လာသည်။[၁] တက်နေ၏ အလင်းဖြာခြင်းဟု ခိုင်းနှိုင်းတင်စားသည့် စကားလုံး ဖြစ်သည်။ အရုဏ်ကျောင်းတော်သည် ထိုင်းနိုင်ငံ၏ အထင်ကရနေရာများတွင် အထူးကျော်ကြားသည်။ မနက်ခင်း၏ လင်းရောင်ခြည်တို့သည် ကျောင်းတော်၏ မျက်နှာပြင်များကို အလင်းပြန်ကြသည်။[၂] ကျောင်းတော်သည် အနည်းဆုံး (၁၇) ရာစုကာလကတည်းကတည်ရှိခဲ့သော်လည်း ကျောင်းတော်၏ ခေါင်သည် (၁၉) ရာစုအစောပိုင်းကာလ ရာမဘုရင် (၂) လက်ထက်တွင် တည်ဆောက်ခဲ့သည်။

Wat Arun Ratchawararam
Temple of Dawn
၂၀၁၇ ခုနှစ်၊ ပြင်ဆင်မွမ်းမံပြီးနောက် အာရန်ကျောင်းတော်ကို ညအချိန်တွေ့မြင်ရပုံ
အရုဏ်ကျောင်းတော် သည် ဘန်ကောက်မြို့ တွင် တည်ရှိသည်
အရုဏ်ကျောင်းတော်
ဘန်ကောက်မြို့ရှိ တည်နေရာ
အချက်အလက်များ
ကိုဩဒိနိတ်13°44′37″N 100°29′20″E / 13.74361°N 100.48889°E / 13.74361; 100.48889 100°29′20″E / 13.74361°N 100.48889°E / 13.74361; 100.48889
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံThailand
ဝက်ဘ်ဆိုဒ်watarun.org
ဗိသုကာ
ပြီးစီး၁၆၅၆ခုနှစ် မတိုင်မီက

ခရီးသွားခြင်း

ကျော့ဗြးယာ မြစ်မှ ကျောင်းတော်သို့ အလွယ်တကူ သွားရောက်နိုင်သည်။ ဖယ်ရီရေယာဉ်တို့ဖြင့် မြစ်ကို ဖြတ်သန်း၍ မဟာရဂျ်ဆိပ်ကမ်း (Maharaj) သို့ သွားနိုင်သည်။ နိုင်ငံခြားမှလာရောက်သူများအတွက် ကျောင်းတော်သို့ ဝင်ကြေးသည် ၁၀၀ ဘတ် ကျသင့်သည် (၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလက ကျသင့်ငွေ ဖြစ်သည်)။

ရုပ်ပုံများ

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ