အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် အာဆီယံနိုင်ငံများအကြား ၂ နှစ်တစ်ကြိမ် ကျင်းပသည့် အားကစားပွဲတော် ဖြစ်သည်။ ပြိုင်ပွဲဝင် မသန်စွမ်းသူများတွင် သွက်ချာပါဒ၊ လေဖြန်း၊ခြေ၊ လက်မသန်စွမ်း၊ အမြင်၊ အကြားချို့တဲ့ခြင်း စသည့် မသန်စွမ်းမှုအမျိုးမျိုး ခံစားနေရသူများ ပါဝင်သည်။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်း အားကစားအဖွဲ့ချုပ်၊ အာရှ မသန်စွမ်းအားကစားအဖွဲ့ချုပ်များ၏ ကြီးကြပ်မှုအောက်တွင် အာဆီယံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည်။

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ
ASEAN Para Games (APG)
အာဆီယံမသန်စွမ်း အားကစားအဖွဲ့ချုပ်၏ အမှတ်တံဆိပ်

အာဆီယံမသန်စွမ်း အားကစားအဖွဲ့ချုပ်၏ အလံ​တော်
ပထမအကြိမ်၂၀၀၁ ကွာလာလမ်ပူ
Occur every၂နှစ်
နောက်ဆုံးတစ်ခေါက်
ကျင်းပခဲ့သည့် ပြိုင်ပွဲ
၂၀၂၂ ဖနွမ်းပင်
ရည်မှန်းချက်အရှေ့တောင်အာရှဒေသရှိ မသန်စွမ်းသူများ၏ အားကစားကဏ္ဍအတွက် ရည်ရွယ်၍ ကျင်းပခြင်း
ဌာနချုပ်မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့
ဥက္ကဋ္ဌOsoth Bhavilai
ဝက်ဘ်ဆိုက်aseanparasports.org

သမိုင်းကြောင်း

၂၀၀၀ ပြည့်နှစ် မေလတွင် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပသော မလေးရှားနိုင်ငံလုံးဆိုင်ရာ မသန်စွမ်း အားကစားပြိုင်ပွဲသို့ ကြွရောက်လာသော အာဆီယံနိုင်ငံများမှ ဧည့်သည့်တော်များသည် အာဆီယံမသန်စွမ်းအားကစားပွဲနှင့် ပတ်သက်၍ အစည်းအဝေးလုပ်ကြသည်။ မလေးရှား မသန်စွမ်းအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌမှ အားကစားပွဲတော်ကျင်းပရန် ရည်ရွယ်ချက်များကို တင်ပြခဲ့သည်။ မသန်စွမ်းအားကစားပွဲတော်ကို အရှေ့တောင်အာရှ အားကစားပွဲတော်ပြီးတိုင်း ကျင်းပမည်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြား ချစ်ကြည်မှု ပိုမိုတိုးမြှင့်ရန်နှင့် မသန်သော်လည်းစွမ်းသောသူတို့၏ အရည်အသွေးကို မြှင့်တင်ပေးရန်ဖြစ်သည်။

အာဆီယံ ၁၀ နိုင်ငံမှာ မူလအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်။၂၀၀၁ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် အားလုံးသဘောတူညီခဲ့ပြီး အောက်တိုဘာ ၂၃ တွင် အရှေ့တောင်အာရှ မသန်စွမ်း အားကစားအဖွဲ့ချုပ် စတင်ပေါ်ပေါက်လာသည်။ ထိုအဖွဲ့အမည်ရွေးချယ်သည့် ထိုင်း မသန်စွမ်းအားကစား ကော်မတီ ဥက္ကဋ္ဌမှာ အဖွဲ့၏ပထမဆုံး ဥက္ကဋ္ဌဖြစ်လာသည်။

ပထမဆုံးအားကစားပွဲတော်ကို ၂၀၀၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည်။ အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ အားကစားသမား ၇၀၀ မှ အားကစားနည်း ၂ မျိုးတွင် ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၀၃ ဗီယက်နမ်ပွဲတော်တွင် အရှေ့တီမောကို အရံနိုင်ငံအဖြစ် ထည့်သွင်းခဲ့သည်။

အထိမ်းအမှတ်တံဆိပ်

အထိမ်းအမှတ်တံဆိပ်မှာ အာဆီယံအလံ၏ အမှတ်အသားကိုယူထားသည်။ ထိပ်တွင် ၁၉၉၄ မှ ၂၀၀၄ အထိ မသန်စွမ်းအမှတ်တံဆိပ်ဖြစ်သော အမှတ်အသား ၃ ခုပါသည်။ အာဆီယံအမှတ်တံဆိပ်ကို အောင်မြင်မှုပန်း ၂ ခက် (ပုန်းညှက်ပန်း) မှ ဝန်းရံထားသည်။ ထိုတံဆိပ်ကို ၂၀၀၈ မှစ၍သုံးခဲ့သည်။ ယခင်တံဆိပ်မှာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံကို အနီရောင်ဖြင့် ရေးဆွဲထားပြီး ပါဝင်သော ၁၁ နိုင်ငံကို ကိုယ်စားပြုသော ကွင်း ၁၁ ကွင်း ဖြစ်သည်။

ယခင်အလံ

ပါဝင်သောနိုင်ငံများ

အမျိုးသားပါရာလမ်းပစ်ကော်မတီ အမည်များတရားဝင်အမည်များစတင်ဝင်ရောက် ယှဉ်ပြိုင်သည့်နှစ်IOC ကုဒ်အခြားကုဒ်များ
 ဘရူနိုင်းနေဂါရာဘရုနိုင်းဒါရုစလမ်
၂၀၀၁
BRU
BRN (ISO)
 ကမ္ဘောဒီးယားကမ္ဘောဒီးယား ဘုရင့်နိုင်ငံ
၂၀၀၁
CAM
KHM (၁၉၇၂–၁၉၇၆, ISO)
 အင်ဒိုနီးရှားအင်ဒိုနီးရှား သမ္မတနိုင်ငံ
၂၀၀၁
INA
IHO (၁၉၅၂), IDN (FIFA, ISO)
 လာအိုလာအိုပြည်သူ့ဒီမိုကရတစ်သမ္မတနိုင်ငံတော်
၂၀၀၁
LAO
 မလေးရှားမလေးရှားဖက်ဒရယ်နိုင်ငံ
၂၀၀၁
MAS
MAL (၁၉၅၂ − ၁၉၈၈), MYS (ISO)
 မြန်မာပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ
၂၀၀၁
MYA
BIR (၁၉၄၈ – ၁၉၈၈), MMR (ISO)
 ဖိလစ်ပိုင်ဖိလစ်ပိုင်သမ္မတနိုင်ငံ
၂၀၀၁
PHI'
PHL (ISO)
 စင်ကာပူစင်ကာပူသမ္မတနိုင်ငံ
၂၀၀၁
SGP
SIN (၁၉၅၉ – ၂၀၁၆)
 ထိုင်းထိုင်းဘုရင့်နိုင်ငံ
၂၀၀၁
THA
 အရှေ့တီမောတီမောလက်စ်​တေဒီမိုကရက်တစ်သမ္မတနိုင်ငံ
၂၀၀၃
TLS
IOA (၂၀၀၀)
 ဗီယက်နမ်ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
၂၀၀၁
VIE
VET (၁၉၆၄), VNM (၁၉၆၈–၁၉၇၆, ISO)

ပွဲတော်များ

၂၀၀၁ ခုနှစ်မှ၂၀၂၃ ခုနှစ်အထိ နိုင်ငံ ၈ နိုင်ငံမှ ၁၂ ကြိမ် လက်ခံကျင်းပပြီး ဖြစ်သည်။ ၂၀၀၉ ပွဲတော်ကို လာအိုတွင် ကျင်းပရန်ရှိသော်လည်း ဘဏ္ဍာရေးအခြေအနေအရ မလေးရှားမှ လက်ခံကျင်းပခဲ့သည်။

မလေးရှားမှ ၃ ကြိမ် (၂၀၀၁၊ ၂၀၀၉၊ ၂၀၁၇)၊ အင်ဒိုနီးရှားမှ ၂ ကြိမ် (၂၀၁၁၊ ၂၀၂၂)၊ ဖိလစ်ပိုင်မှ ၁ ကြိမ် (၂၀၀၅)၊ ဗီယက်နမ်မှ ၁ ကြိမ် (၂၀၀၃)၊ ထိုင်းမှ ၁ ကြိမ် (၂၀၀၈)၊ မြန်မာမှ ၁ ကြိမ် (၂၀၁၄)၊ စင်ကာပူမှ ၁ ကြိမ် (၂၀၁၅)၊ က​မ္ဘောဒီးယားမှ ၁ကြိမ် (၂၀၂၃) တို့ ဖြစ်သည်။

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပသည့်မြို့များ
ပွဲလာဘ်ကောင်ကျင်းပရာမြို့မှတ်ချက်
၂၀၀၁
သမင်ကြွက်
ကွာလာလမ်ပူ
၂၀၀၃
ရွှေဆိတ်
ဟနွိုင်း
၂၀၀၅
ဝေလငါးမန်း
မနီလာ
၂၀၀၈
ချိုးငှက်
နခွန်ရက်ချာစီမာ
၂၀၀၉
သမင်ကြွက်
ကွာလာလမ်ပူ
၂၀၀၉ခုနှစ်ပွဲတော်ကို လာအိုနိုင်ငံအားကျင်းပခွင့် ပေးခဲ့သော်လည်း ဘဏ္ဍာရေးအခြေအနေကြောင့် မလေးရှားနိုင်ငံကို လွှဲပြောင်းပေးခဲ့သည်။
၂၀၁၁
ကွန်မန်ဒိုနဂါး(ဖွတ်)
ဆူရက်ခါတာ
၂၀၁၄
ဇီးကွက်
နေပြည်တော်
၂၀၁၅
ခြင်္သေ့
စင်ကာပူ
၂၀၁၇
မလေးရှားကျား
ကွာလာလမ်ပူ
၂၀၂၀
ဖျက်သိမ်း
၂၀၂၂
​​တောင်ဆိတ်
ဆူရတ်ခါတာမြို့
၂၀၂၃
ယုန်
 ကမ္ဘောဒီးယားဖနွမ်းပင်မြို့
၂၀၂၆
~
 ထိုင်းနဂရရာဇသီမာမြို့

အားကစားနည်းများ

၂၀၀၁ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ မသန်စွမ်းသူများအတွက် ဖန်တီးထားသော အားကစားနည်းများအနက် (၂၀)နည်းကို ယှဉ်ပြိုင်ခဲ့ကြသည်။

  • ပြေးခုန်ပစ်
  • powerlifting
  • ဂျူဒို
  • စစ်တုရင်
  • မြားပစ်
  • စက်ဘီးစီး
  • Target Shooting
  • ဘီးတပ်ကုလားထိုင် ဓားသိုင်း
  • ရွက်လှေ
  • ရေကူး
  • ကြက်တောင်ရိုက်
  • ဘော့စီးယား
  • ဘိုးလင်း (၁၀)
  • ဘောလုံး (၅)
  • ဘောလုံး (၇)
  • Goalball
  • စားပွဲတင်တင်းနစ်
  • ဘီးတပ်ကုလားထိုင် ဘက်စကတ်ဘော
  • အထိုင်ဘော်လီဘော

ဆုတံဆိပ်ဇယား

၂၀၂၂ ခုနှစ် အင်ဒိုနီးရှားရှားပွဲတော်အထိ စုစုပေါင်း ဆုတံဆိပ် ၉၄၉၅ ခု ချီးမြှင့်နိုင်ခဲ့သည်။

 အဆင့် NPCရွှေငွေကြေးစုစုပေါင်း
 ထိုင်း၁၁၅၄၈၁၄၆၂၅၂၅၉၃
 အင်ဒိုနီးရှား၇၀၂၅၆၂၄၄၀၁၇၀၄
 မလေးရှား၆၉၁၆၁၉၅၀၀၁၈၁၀
 ဗီယက်နမ်၅၆၈၅၃၄၅၁၁၁၆၁၃
 မြန်မာ၁၉၅၁၄၄၁၆၁၅၀၀
 ဖိလစ်ပိုင်၁၇၄၂၁၅၂၅၈၆၄၇
 စင်ကာပူ၁၁၈၁၀၃၁၀၆၃၂၇
 ဘရူနိုင်း၃၈၄၃၆၅၁၄၆
 ကမ္ဘောဒီးယား၁၄၃၈၃၆၈၈
၁၀  အရှေ့တီမော၁၃၂၄
၁၁  လာအို၁၉၂၄၄၃
Total (11 NPCs)၃၆၆၁၃၀၉၅၂၇၃၉၉၄၉၅

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ