အီးဂဲလ်စ်

အီးဂဲလ်စ် (အီးဂါးလ်စ်) (အင်္ဂလိပ်: The Eagles) သည် အမေရိကန် ရော့ခ် ဂီတတီးဝိုင်းတစ်ခုဖြစ်၍ လော့စ်အိန်ဂျယ်လိစ်မြို့၌ ၁၉၇၁တွင် ဖွဲ့စည်းခဲ့သည်။ တည်ထောင်ခဲ့သောအဖွဲ့ဝင်များမှာ ဂလန်း ဖရေး(Glenn Frey - ဂစ်တာနှင့် သီဆို) ၊ ဒါန် ဟန်လီ (ဒရမ်နှင့် သီဆို) ၊ ဘားနီ လိဒန် (Bernie Leadon - ဂစ်တာနှင့် သီဆို) ၊ ရန်ဒီ မိုင်းစ်နာ (Randy Meisner - ဘေ့စ်ဂစ်တာနှင့် သီဆို) တို့ဖြစ်ကြသည်။ အဆင့်(၁)ရ သီချင်း ငါးပုဒ်၊ အခွေ (၆)ခွေ၊ ဂရမ်မီဆု ခြောက်ဆု၊ အမေရိကန်ဂီတဆု ငါးခုနှင့်အတူ အီးဂဲလ်စ်အဖွဲ့သည် ၁၉၇၀နှစ်များ၏ အအောင်မြင်ဆုံးဂီတလုပ်ဆောင်မှုများထဲက တစ်ခုဖြစ်သည်။ ၎င်းတို့၏ တေးအယ်လ်ဘမ်များ အကောင်းဆုံး သီချင်းများ (Their Greatest Hits) (1971–1975) နှင့် ဟိုတယ် ကယ်လီဖောနီးယား (Hotel California) တို့သည် ပထမနှင့် တတိယ အဆင့်ရှိသော အခွေများဖြစ်ကာ အမေရိကတွင် ရောင်းအားအကောင်းဆုံး အခွေများထဲ၌ပါဝင်ပြီး (၃၈)သန်းကျော် နှင့် (၂၆)သန်းကျော်ရောင်းရသော အယ်လ်ဘမ်များလည်းဖြစ်၏ ။ [၁] အီးဂဲလ်စ်အဖွဲ့သည် အမေရိကတစ်နိုင်ငံတည်း၌ပင် ရောင်းချရမှု သန်း(၁၀၀)ကျော်အပါအဝင် စုစုပေါင်းရောင်းအား သန်း(၂၀၀)ကျော်ရောင်းချခဲ့ရသောကြောင့် ကမ္ဘာ့ရောင်းအားအကောင်းဆုံး တီးဝိုင်းတစ်ဝိုင်းလည်းဖြစ်သည်။[၂][၃] ရိုးလင်းစတုန်း၏ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး အနုပညာရှင်အဆိုတော် (၁၀၀)တွင် အဆင့် (၇၅)သတ်မှတ်ခံရသည်။[၄]

အီးဂဲလ်စ်
၂၀၀၈ ခုနှစ် Long Road Out of Eden ဖျော်ဖြေရေးပွဲ၌ တင်ဆက်နေသော အီးဂဲလ်စ် (ဘယ်မှညာသို့) : Glenn Frey, Don Henley, Joe Walsh, Timothy B. Schmit (နောက်တွင် ဖျော်ဖြေရေးခရီးစဉ်ပွဲအတွက် ဒရမ်တီးသူ Scott F. Crago)
ကိုယ်ရေး အချက်အလက်များ
မူလတိုင်းပြည်အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်လော့စ်အိန်ဂျယ်လိစ်မြို့
ဂီတဟန်
  • ရော့ခ်
  • ကန်းထရီး ရော့ခ်
  • ဆော့ဖ် ရော့ခ်
  • ဖော့်ခ် ရော့ခ်
တက်ကြွသည့်နှစ်များ
  • ၁၉၇၁–၁၉၈၀
  • ၁၉၉၄–၂၀၁၆
  • ၂၀၁၇–လက်ရှိ
တေးသံသွင်း ကုမ္ပဏီ
  • Asylum
  • Geffen
  • Polydor
  • Lost Highway
ပူးတွဲ ပါဝင်မှု
  • Linda Ronstadt
  • J. D. Souther
  • Jackson Browne
  • James Gang
  • Barnstorm
  • Poco
  • Longbranch Pennywhistle
  • the Flying Burrito Brothers
ဝက်ဘ်ဆိုက်eagles.com
လက်ရှိအဖွဲ့ဝင်များ
  • Don Henley
  • Joe Walsh
  • Timothy B. Schmit
အဖွဲ့ဝင်ဟောင်းများ
  • Glenn Frey
  • Bernie Leadon
  • Randy Meisner
  • Don Felder

စဦးအခွေ အီးဂဲလ်စ်(Eagles -၁၉၇၂) ၏ သာသာယာယာပဲ (Take It Easy) ၊ စုန်းမလို မိန်းမ(Witchy Woman) ၊ သက်သက်သာသာ ငြိမ်းငြိမ်းချမ်းချမ်း (Peaceful Easy Feeling) စသည့်သီချင်းသုံးပုဒ်သည် ထိပ်တန်းသီချင်း (၄၀)၌ပါဝင်လာခဲ့၏ ။ ထင်ရာစိုင်း (Desperado) (၁၉၇၃) အခွေမှာ အောင်မြင်မှုအရ နည်းပါးသော်လည်း ထိုထဲကသီချင်းနှစ်ပုဒ် Desperado နှင့် အရက်ခိုးငွေ့တွေကြားက နေ့သစ် (Tequila Sunrise) တို့သည် ဤတီးဝိုင်း၏ လူကြိုက်အများဆုံး တေးနှစ်ပုဒ်ဖြစ်လာခဲ့သည်။ ၁၉၇၄ ထွက် On the Border အခွေသည် ဂစ်တာသမား ဒါန်ဖက်လ်ဒါ ကိုဆောင်ကြဉ်းလာနိုင်ခဲ့၍ ထိုထဲက သီချင်းနှစ်ပုဒ်ဖြစ်သည့် Already Gone နှင့် Best of My Love တို့သည် ထိပ်တန်းသီချင်း (၄၀)တွင် ပါဝင်လာနိုင်ခဲ့သည်။

၁၉၇၅၌ ထွက်ရှိသော ညတွေထဲက တစ်ည (One of These Nights) အယ်လ်ဘမ်တွင် ထိပ်တန်းသီချင်း(၁၀) အဆင့်တွင် သုံးပုဒ်ပါဝင်ခဲ့၍ ထိုသီချင်းများမှာ One of These Nights ၊ Lyin' Eyes ၊ Take It to the Limit တို့ဖြစ်သည်။ ဂစ်တာသမားနှင့် အဆိုတော် ဂျိုး ဝက်လ်ရှ်သည် တီးဝိုင်းသို ၁၉၇၅တွင် လာရောက်ပူးပေါင်းခဲ့ပြီး လိဒွန်နေရာကို အစားထိုးခဲ့သည်။ အီးဂဲလ်စ်သည် ထိုအောင်မြင်မှုကို ဆက်လက်ထိန်းခဲ့ကာ ၁၉၇၆နှောင်းပိုင်းတွင် စီးပွားရေးအခြေအနေအထွတ်အထိပ်သို့ရောက်ရှိလာပြီး ဟိုတယ် ကယ်လီဖောနီးယား ကိုထုတ်ဝေနိုင်ခဲ့သည်။ ယူအက်စ်တစ်နိုင်ငံတည်းတွင်ပင် (၂၆)သန်းကျော်ရောင်းချခဲ့ရပြီး ကမ္ဘာအနှံ့အပြား၌ (၄၂)သန်းကျော် ရောင်းချခဲ့ရသည်။ ထိုအခွေမှ ပေါက်သီချင်း နှစ်ပုဒ်ပါသည်။ ထိုနှစ်ပုဒ်စလုံးသည် နံပါတ်တစ်ရသောသီချင်းများလည်းဖြစ်၏ ။ New Kid in Town နှင့် Hotel California တို့ဖြစ်ကြသည်။ မိုင်းစ်နာသည် အဖွဲ့မှ ၁၉၇၇တွင် ထွက်ခွာ၍ တင်မသီ ဘီ. ရှမစ်နှင့် အစားထိုးခဲ့သည်။ ၁၉၇၉၌ ရေရှည်၌ဝယ် (The Long Run) အယ်လ်ဘမ်ကိုဖြန့်ချိခဲ့ရာ သုံးပုဒ်သည် ထိပ်တန်း(၁၀)သီချင်းစာရင်း၌ပါဝင်ခဲ့သည်။ နှလုံးသားဝေဒနာ ည (Heartache Tonight) ၊ The Long Run ၊ I Can't Tell You Why တို့ဖြစ်ပြီး ထိုအထဲက ဦးဆောင်ပထမသီချင်းသည် ဇယားထိပ်သို့ရောက်ခဲ့သည်။

အီးဂဲလ်စ်အဖွဲ့ ၁၉၈၀ ဇူလိုင်လတွင် ကွဲခဲ့ကြသည်။ သို့သော် ၁၉၉၄ ၌ ငရဲမီးများ အေးခဲသွား (Hell Freezes Over) အခွေအတွက် ပြန်လည်ပေါင်းစည်းခဲ့ကြကာ ထိုအခွေသည် တိုက်ရိုက်အသံသွင်းနှင့် စတူဒီယိုအသံသွင်း ရောနှောထားသော အခွေလည်းဖြစ်သည်။ ညီညီညွတ်ညွတ်ဖြင့် လှည့်လည်ဖျော်ဖြေကြသည်။ ၁၉၉၈တွင် ရော့ခ်အန်ရိုးလ်ဂုဏ်ပြုချီးမြှောက်မှု (Rock and Roll Hall of Fame) ခံရသည်။ ၂၀၀၇တွင် ဧဒင်ဥယျာဉ်ဆီမှ လမ်းမ(Long Road Out of Eden )ကိုဖြန့်ချိခဲ့သည်။ ၂၈နှစ်ကြာမှ ထွက်ရှိလာသော စတူဒီယိုတေးအယ်လ်ဘမ်ဖြစ်သည်။ ခြောက်ကြိမ်မြောက် အဆင့်တစ်ရသော အီးဂဲလ်စ်အဖွဲ့၏ တေးအခွေလည်းဖြစ်၍ ထိုသီချင်းခေါင်းစဉ်ဖြင့်ပင် အခွေကိုရောင်းအားမြှင့်ရန် ဖျော်ဖြေရေးခရီးစဉ်ပွဲများ ပြုလုပ်ခဲ့ကြလေသည်။ ၂၀၁၃၌ History of the Eagles ဖျော်ဖြေရေးခရီးစဉ်ပွဲများကို ကျယ်ပြန်စွာဆောင်ရွက်ခဲ့ကြရာ History of the Eagles အမည်ဖြင့် တီးဝိုင်းရုပ်သံမှတ်တမ်းကို ထုတ်ဝေခဲ့၏

ဖရေးသည် ၂၀၁၆တွင် ဆုံးပါး၍ တစ်နှစ်ခန့်နားခဲ့ကြသည်။ ဖရေး၏ သီချင်းများဆိုရန် Vince Gill နှင့် Deacon Frey တို့နှင့်အတူ အီးဂဲလ်စ်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းသည်မှာ ၂၀၁၇တွင်ဖြစ်သည်။[၅]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ