အ.ထ.က(၁)ပုဇွန်တောင်

အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပုဇွန်တောင်သည် ရန်ကုန်တိုင်းဒေသကြီးဗိုလ်တထောင်ခရိုင်ရှိ ပုဇွန်တောင်မြို့နယ် ၄၅ လမ်းနှင့် လမ်း ၅၀ကြား အနော်ရထာလမ်းမပေါ်  တွင် တည်ရှိသည်။ဤကျောင်း၏ အဆောက်အအုံသည် နှစ် ၁၀၀ကျော် သက်တမ်းရှိ၍  ရန်ကုန်မြို့၏ ထူးခြားသော မြို့ပြ အမွေအနှစ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားသည်။

အ.ထ.က (၁) ပုဇွန်တောင်

သမိုင်းအကျဉ်း

အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပုဇွန်တောင် ၏ မူလအဆောက်အအုံအား  ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် (အဆောက်အအုံဟောင်း) အပါအဝင် ရန်ကုန်မြို့ ရှိ အဆောက်အအုံများစွာ လှူဒါန်းခဲ့သော အလှူရှင်ဖြစ်သည့် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင် ပရဟိတသမား ဒေါက်တာ အက်စ် ရာမာနာသန်း ရက်ဒီးယား (Dr. S. Ramanatha Reddiar) က ဆောက်လုပ်လှူဒါန်းသည်။[၁] အဆောက်အအုံကို အလှူရှင်ကိုယ်တိုင် ၁၉၁၇ မေလ ၃၁ တွင် အုတ်မြစ်ချကာ ၁၉၁၈ ဇွန် ၂၀ တွင် ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်း၏ မူလအမည်မှာ အက်စ် သမ်ဘာရာ ရက်ဒီးယာ အထက်တန်းကျောင်း(S. Thambara Reddiar High School) ဖြစ်သည်။ လွတ်လပ်ပြီးခေတ်တွင် ပုဇွန်တောင် အထက်တန်းကျောင်းအဖြစ် အမည်ပြောင်းသည်။ယင်းနောက် အ.ထ.က (၁) ပုဇွန်တောင် အဖြစ် ထပ်မံပြောင်းလဲသည်။

၂၀၁၈ ဒီဇင်ဘာ ၂၀ တွင်  ၂၆ ခုမြောက် အပြာရောင်ကမ္ဗည်းပြားကို တပ်ဆင်သည်။ [၂]

ကိုးကား

 

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ