အ.ထ.က(၆)မော်လမြိုင်

အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၊ မော်လမြိုင် သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်းတွင် တည်ရှိသည်။ ယခင် မော်တလိန်းဂျဒ်ဆင်ကျောင်း ဟု အမည်တွင်ခဲ့ပြီး မူလက အေဘီအမ် အမျိုးသမီးကျောင်းအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။[၁]

အ.ထ.က (၆) မော်လမြိုင်
ဖိုင်:BEHS No. 6 Mawlamyine, logo.png
မြစိမ်းဆောင်၊ အ.ထ.က(၆) မော်လမြိုင်
လိပ်စာ
အထက်လမ်းမကြီးနှင့် ထားဝယ်တံတားလမ်းထောင့်၊ မရမ်းကုန်းရပ်ကွက်
မော်လမြိုင်, မွန်ပြည်နယ်
မြန်မာနိုင်ငံ
သတင်းအချက်အလက်
အမျိုးအစားအများဆိုင်
တည်ထောင်၁၈၆၇
တည်ထောင်သူစူစန်ဟာ့စ်ဝဲလ်
ကျောင်းအမှတ်
ကျောင်းအုပ်ကြီးပန်းအောင်, မင်း (လက်ရှိ တာဝန်ထမ်းဆောင်ဆဲ)
အတန်းများKG-၁၀
ကျောင်းသား/သူဦးရေ~၃၀၀၀

သမိုင်းကြောင်း

မော်တလိန်း အမျိုးသမီးကျောင်း (၁၈၆၇-၁၉၄၆)

မော်တလိန်း အမျိုးသမီးကျောင်းသည် ၁၈၆၇ ခုနှစ်တွင် မော်လမြိုင်တွင် စူစန်ဟာ့စ်ဝဲလ် ဆိုသူ အမျိုးသမီးက စတင်တည်ထောင်ခဲ့ပြီး ကိုလိုနီကာလအတွင်း မြန်မာနိုင်ငံတွင် တည်ထောင်ခဲ့သော ပထမဆုံး အေဘီအမ်ကျောင်းများအနက်မှ တစ်ခုဖြစ်သည်။[၂]


မော်တလိန်းဂျဒ်ဆင် အထက်တန်းကျောင်း (၁၉၄၆ ခုနှစ်၊ မေလ)

နောက်ပိုင်းတွင် မော်တလိန်းမိန်းကလေးကျောင်းနှင့် ဂျဒ်ဆင် ယောက်ျားလေး အထက်တန်းကျောင်းနှင့် ပေါင်းစပ်ပြီး မော်တလိန်းဂျဒ်ဆင်ဖြစ်လာသည်။ မော်တလိန်းဂျဒ်ဆင်ဟူ၍ ဖြစ်လာချိန်တွင် ကျောင်းသားကျောင်းသူပေါင်း ၁၄၇၆ ယောက် ရှိခဲ့ပြီး ထိုအချိန်က ကျောင်းအုပ်ကြီးမှာ ဦးအောင်ကြွယ် ဖြစ်သည်။[၃]

အ.ထ.က(၆) မော်လမြိုင် (၁၉၆၅ မှစ၍)

၁၉၆၂ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်း ဖြစ်ပေါ်ပြီးနောက် ဗိုလ်ချုပ်ကြီး နေဝင်း ၏ စစ်အစိုးရက ၁၉၆၅ ခုနှစ် ပြည်သူပိုင်သိမ်းပြီးနောက် ကျောင်း၏အမည်ကို အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ မော်လမြိုင် အဖြစ်သို့ ပြောင်းလဲခဲ့သည်။

ကိုးကားချက်

 

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ