ဥပရာဇာ

ဥပရာဇာ(IPA: [ṵpəjàzà]; ခမာ: ឧបរាជ - Ouparach; ထိုင်း: อุปราช - RTGSUpparat; လာအို: ອຸປຮາດ - Oupahat)သည် မြန်မာ၊​ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံများရှိ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြ​သော မင်းဆက်များတွင် ထားရှိခဲ့​သော ​တော်ဝင်ရာထူးဖြစ်သည်။

မြန်မာ

တိုင်းပြည်၏ ဒုတိယဘုရင်ဖြစ်ကာ မဟာဥပရာဇာအနောက်ရပအိမ်ရှေ့မင်း ဟု အပြည့်အစုံ​ခေါ်သည်။ မင်းညီမင်းသားများတွင် အမြင့်ဆုံးအဆင့်ရှိ​သော မင်းသားကို ခန့်​လေ့ရှိသည်။

သို့​သော် ဤ​နေရာမှာ မိဖုရား​ခေါင်ကြီး၏ အကြီးဆုံးသားကို ဆိုလိုခြင်းမဟုတ်​ပေ။ဥပရာဇာမှာ ​နောင်တွင် ဘုရင်ဖြစ်လာမည်ဟုမဆိုနိုင်​ပေ။

ကမ္ဘောဒီးယား

ဥပရာချ် (အင်္ဂလိပ်: Ouparachခမာ: ឧបរាជ)သည် သင်္သကရိုက်ဘာသာနှင့် ပါဠိဘာသာတို့မှ ဆင်းသက်လာပြီး ဒုတိယဘုရင်ဟု အဓိပ္ပာယ်ရသည်။ ဘုရင်ပြီး​နောက် အာဏာရှိသူဖြစ်သည်။ အမည်အပြည့်အစုံမှာ Samdach Preah Ouparach (ခမာ: សម្តេចព្រះឧបរាជ) သို့မဟုတ် Samdach Preah Moha Ouparach (ခမာ: សម្តេចព្រះមហាឧបរាជ្យ)ဖြစ်သည်။ [၁]

ဆိုင်ယမ်တိုင်းပြည်-ထိုင်းနိုင်ငံ

ဥပရတ် (အင်္ဂလိပ်: Uparatထိုင်း: อุปราช; RTGSUpparat)သည် ဆိုင်ယမ်တိုင်းပြည်၏ ဒုတိယဘုရင်ဖြစ်ခဲ့သည်။ ထို​နေရာကို အဆင့်အမြင့်ဆုံးမင်းသားကို ​ပေး​လေ့ရှိသည်။ဥပမာ- ဘုရင်၏ညီငယ် (သို့မဟုတ်) သား​တော်ကြီးများဖြစ်သည်။၁၈၈၅ခုနှစ်မတိုင်မီအထိ ချက္ကရီမင်းဆက်မှန်သမျှသည် ဥပရာဇာခန့်​လေ့ရှိသည်။ဥပရတ်သည် အရှေ့နန်းတော်တွင် ရုံးစိုက်​လေ့ရှိသည်။ ချူလာ​လောင်ကွန်းဘုရင်လက်ထက်တွင် သူ၏ဝမ်းကွဲ၊ဥပရာဇာဖြစ်​သော ဘိုဗွန် ဗီချိုင်ချန်​ကွယ်လွန်ပြီး​နောက် ဥပရတ်နေရာကို ဖျက်သိမ်းခဲ့သည်။ ထို့​နောက် သူ၏သားအကြီးဆုံးကို အိမ်​ရှေ့မင်း ခန့်အပ်ခဲ့သည်။ သို့​သော် ဥပရတ်မဟုတ်​ပေ။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ