ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးအသင်း

၁၉၆ဝ ပြည့်နှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် နော်ဝေ၊ဆွစ်ဇာလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ ပေါ်တူဂယ်၊ ဩစတီးယားနှင့်ဗြိတိန်နိုင်ငံတို့သည် ဥရောပ စီးပွား ရေးအဖွဲ့ ဥရောပဘုံဈေးအဖွဲ့နှင့် ဆက်သွယ်၍ ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးဒေသတစ်ခုကို ဖန်တီးရန်အတွက် စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ကြသည်။ယင်းစာချုပ်အရ ၁၉၆ဝ ပြည့်နှစ် မေလ ၃ရက်နေ့တွင် ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးအသင်း(အီးအက်ဖတီအေ)ဟူ၍ ပေါ်ပေါက်လာပြီး အထက်ပါနိုင်ငံ ခုနစ်နိုင်ငံတို့သည်အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။ ၁၉၆၁ ခုနှစ် မတ်လ ၂၇ရက်နေ့တွင် ဖင်လန်နိုင်ငံသည် ယင်းအသင်းနှင့် ပူးပေါင်းဆောင်ရွက်လာသည်။

ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးအသင်း၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အကောက် ခွန်မဲ့ လွတ်လပ်စွာကူးသန်းရောင်းဝယ် နိုင်ရေးပင်ဖြစ်သည်။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက် နေ့မှစ၍ အဖွဲ့ဝင်နိုင်ငံအချင်းချင်းအကောက်အခွန်မဲ့ကူးသန်းရောင်းဝယ်ရေးကို စတင်အကောင်အထည် ဖော်ခဲ့သည်။သို့သော် အကောက်အခွန်မဲ့ ကူးသန်းရောင်းဝယ်ရေးတွင် စက်မှုကုန်ပစ္စည်းများသာ အကျုံးဝင်၍ လယ်ယာကုန် ပစ္စည်းများမပါဝင်ချေ။

ဥရောပ လွတ်လပ်စွာ ကုန်သွယ်ရေး အသင်းတွင်အထွေထွေ လုပ်ငန်းများကို စီမံခန့်ခွဲ ဆောင်ရွက်ရန် အတွက်ကောင်စီအဖွဲ့ရှိသည်။ အဖွဲ့ဝင်နိုင်ငံတိုင်းမှ ကိုယ်စားလှယ်တစ်ဦးကျစီသည် ကောင်စီဥက္ကဋ္ဌ အဖြစ် ခြောက်လတစ်ကြိမ်အလှည့်ကျဆောင်ရွက်ရသည်။ ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေး အသင်း၏ဌာနချုပ်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ထားရှိသည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ