၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်

၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် သည် မြန်မာနိုင်ငံရန်ကုန်မြို့ တွင် ၁၉၆၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၁၃ ရက်​နေ့အထိ ကျင်းပခဲ့​သော ပဉ္စမအကြိမ်​မြောက် အ​ရှေ့​တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲဖြစ်သည်။

၁၉၆၉ အ​ရှေ့​တောင်အာရှကျွန်းဆွယ် အားကစားပွဲ​တော်
5th Southeast Asian Penisular Games
ကျင်းပရာမြို့မြန်မာနိုင်ငံ ရန်ကုန်မြို့
ပါဝင်သော နိုင်ငံများ၆ နိုင်ငံ
ကစားပွဲအမျိုးအစားအားကစား ၁၅ မျိုး
ဖွင့်ပွဲအခမ်းအနား၆ ဒီဇင်ဘာ
ပိတ်ပွဲအခမ်းအနား၁၃ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဦးနေဝင်း
ဝန်ကြီးချုပ်
အခမ်းအနားကျင်းပရာ အားကစားကွင်းဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း
၁၉၆၇ ၁၉၇၁  >

ထိုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိသော်လည်း ဗီယက်နမ်စစ်ပွဲကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ငြင်းဆန်ခဲ့သည်။ မြန်မာနိုင်ငံသည် ဒုတိယအကြိမ်ပွဲ​တော်ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ယခုအားကစားပွဲ​တော်သည် မြန်မာနိုင်ငံအ​နေဖြင့် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုအချိန်၌ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ၏ အငယ်ဆုံးအဖွဲ့ဝင် နိုင်ငံဖြစ်နေသော စင်ကာပူနိုင်ငံသည် အားကစားပြိုင်ပွဲ၏အမည်ကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (Southeast Asian Games) ဟု ပြောင်းလဲရန် အကြံပြုခဲ့သည်။

ထိုစဉ်က နိုင်ငံ​တော်ဝန်ကြီးချုပ်နှင့် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး​နေဝင်းမှ ဗိုလ်ချုပ်​အောင်ဆန်းအားကစားကွင်းတွင် အားကစားပွဲ​တော်အား ဖွင့်လှစ်​ပေးခဲ့သည်။

နိုင်ငံအသီးသီးမှ ဝင်​ရောက်ယှဉ်ပြိုင်သူ ၉၂၀ဦးရှိခဲ့သည်။ မြန်မာ၊ ထိုင်းနှင့် စင်ကာပူတို့မှ နိုင်ငံအလိုက် ပထမ၊ဒုတိယနှင့် တတိယရရှိခဲ့သည်။

ပွဲများနှင့်အားကစား

ပါဝင်သောနိုင်ငံများ

အားကစားနည်းများ

အားကစားနည်း​ပေါင်း ၁၅မျိုးပါဝင်ခဲ့သည်။

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
  • ပြေးခုန်ပစ်
  • ကြက်တောင်ရိုက်
  • ဘတ်စကက်ဘော
  • လက်​ဝှေ့
  • စက်ဘီးစီး
  • ​ဘောလုံး
  • ကျွမ်းဘား
  • ဂျူဒို
  • ​သေနတ်ပစ်
  • ရွက်​လှေ
  • စားပွဲတင် တင်းနစ်
  • တင်းနစ်
  • ​ဘော်လီ​ဘော
  • အ​လေးမ

ဆုတံဆိပ် ဇယား

  *   အိမ်ရှင်နိုင်ငံ

၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့် NOCရွှေငွေကြေးစုစုပေါင်း
 မြန်မာ*၅၇၄၆၄၆၁၄၉
 ထိုင်း၃၂၃၂၄၅၁၀၉
 စင်ကာပူ၃၁၃၉၂၃၉၃
 မလေးရှား၁၆၂၄၃၉၇၉
​တောင်ဗီယက်နမ်၂၂
 လာအို
စုစုပေါင်း (၆နိုင်ငံ)၁၄၅၁၄၆၁၆၄၄၅၅
ရင်းမြစ် Archived 28 February 2018 at the Wayback Machine.

ကိုးကား


ယခင်က
၁၉၆၇
ဘန်​ကောက်
ပဉ္စမအကြိမ် အ​​ရှေ့​တောင်အာရှကျွန်းဆွယ် အားကစားပွဲ​တော်
၁၉၆၉
ရန်ကုန်
ဆက်ခံသူ
၁၉၇၁
ကွာလာလမ်ပူ
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ