၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၁၉၉၅ခုနှစ် ဒီဇင်ဘာလ ၉ရက်နေ့မှ ၁၇ရက်နေ့အထိ ကျင်းပခဲ့သော ၁၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖြစ်သည်။ မြို့တော်ဘန်ကောက်တွင် မကျင်းပဘဲ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သမိုင်းတစ်လျှောက် နိုင်ငံတစ်နိုင်ငံ၏ မြို့တော်တွင် မဟုတ်ဘဲ ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ချင်းမိုင်မြို့မှာ ဘန်ကောက်ပြီးနောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် ထိုင်းနိုင်ငံ၏ ဒုတိယမြောက်မြို့ဖြစ်လာသည်။

၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
XVIII Southeast Asian Games
ကျင်းပရာမြို့ထိုင်းနိုင်ငံ ချင်းမိုင်မြို့
ပါဝင်သော နိုင်ငံများ၁၀
ပါဝင်ဆင်နွဲသော အားကစားသမားများ၃၂၆၂
ဖွင့်ပွဲအခမ်းအနား၉ ဒီဇင်ဘာ
ပိတ်ပွဲအခမ်းအနား၁၇ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဝသိလာလောင်ကွန်း
ထိုင်းဘုရင့်နိုင်ငံ၏ အိမ်ရှေ့မင်းသား
အခမ်းအနားကျင်းပရာ အားကစားကွင်းနှစ် ၇၀၀ပြည့် အားကစားကွင်း
၁၉၉၃ ၁၉၉၇  >

ထိုင်းနိုင်ငံသည် ပထမအကြိမ်စတုတ္ထအကြိမ်သတ္တမအကြိမ်နှင့် ၁၃ကြိမ် အားကစားပွဲတော်များကို လေးကြိမ်တိုင်တိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု အားကစားပွဲတော်သည် ထိုင်းနိုင်ငံအနေဖြင့် ပဉ္စမမြောက် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအဖြစ် အမည်ပြောင်းပြီးနောက် ဒုတိယမြောက် လက်ခံကျင်းပခြင်း ဖြစ်သည်။

ထိုစဉ်က ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်းသား ဝသိလာလောင်ကွန်းက အားကစားပွဲတော်ကို ဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အားကစားပြိုင်ပွဲတွင် ပြန်လည်ပါဝင်လာခဲ့၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် အဖြစ် အဖွဲ့ဝင် ၁၀နိုင်ငံလုံး ပါဝင်ယှဉ်ပြိုင်သည့် ပွဲတော်လည်းဖြစ်သည်။

နိုင်ငံ အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ အားကစားသမား ၃၂၆၂ယောက်ရှိခဲ့သည်။ အားကစားနည်းပေါင်း ၂၈မျိုးဖြင့် ကျင်းပခဲ့သည်။ အိမ်ရှင် ထိုင်းနိုင်ငံ၊အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယတို့ ရရှိခဲ့သည်။ဤအားကစားပွဲတော်သည် အရှေ့တောင်နိုင်ငံများ၏ အားကစားအဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မြင့်မားလာစေသော အားကစားပြိုင်ပွဲလည်း ဖြစ်သည်။[၁]

လက်ခံကျင်းပခြင်း

ကြိုတင်ပြင်ဆင်မှုများ

၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။

အားကစားကွင်းများ

၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေရာ ၂၃နေရာတွင် ကျင်းပခဲ့သည်။၁၉နေရာမှာ ချင်းမိုင်မြို့တွင်ဖြစ်ကာ ၃မျိုးကို ချောင်ဘူရီ၊ ၁မျိုးကို လန်ဖောင်းတို့တွင် ကျင်းပခဲ့သည်။ပြိုင်ပွဲ၏ အဓိက လက်ခံကျင်းပရာ အားကစားကွင်းဖြစ်သော နှစ်၇၀၀ပြည့် အားကစားကွင်းကို တည်ဆောက်ခဲ့သည်။ တစ်ချိန်တည်းတွင် ချင်းမိုင် မြို့တည် နှစ် ၇၀၀ပြည့်ချိန်နှင့် တိုက်ဆိုင်နေ၍ နှစ်၇၀၀ပြည့် အားကစားကွင်းဟု အမည်ပေးခဲ့သည်။

နှစ် ၇၀၀ပြည့် အားကစားကွင်း
ပြည်နယ်ကျင်းပရာ နေရာအားကစားနည်းများ
ချင်းမိုင်ပြည်နယ်နှစ် ၇၀၀ပြည့် အားကစားကွန်းပလတ်စ်
အဓိက အားကစားကွင်းဖွင့်ပွဲ၊ ပိတ်ပွဲ၊ ပြေးခုန်ပစ်၊ ဘောလုံး
ရေကူးကန်ရေပိုင်းဆိုင်ရာ အားကစားနည်းများ
Gymnasium 1ဘော်လီဘော
Gymnasium 2ဘတ်စကက်ဘော
Gymnasium 3ကြက်တောင်ရိုက်၊ ပိုက်ကျော်ခြင်း
သေနတ်ပစ်ကွင်းသေနတ်ပစ်
တင်းနစ်ကွင်းတင်းနစ်
Velodromeစက်ဘီးစီး
အခြားနေရာများ
ချင်းမိုင်-လန်ဖောင် ဂေါက်ကွင်းဂေါက်သီးရိုက်
ချင်းမိုင် တက္ကသိုလ်မြားပစ်၊ စားပွဲတင်တင်းနစ်
လန်နာပိုလီ နည်းပညာကျောင်းတိုက်ကွမ်ဒို
Mae Joe Institute of Agricultural TechnologyGymnastic, ဟော်ကီ
Mae Kuang Damလှေလှော်
မွန့်ဖောင့် ကောလိပ်ဂျူဒို
Municipal Sport Complexရက်ဘီ၊ အလေးမ
Pack Squadron Riding Groundမြင်းစီး
Pang Suan Kaew Hotelဘိလိယက်နှင့် စနူကာ
ပါယပ် တက္ကသိုလ်လက်ဝှေ့
Wattanothai Payap SchoolFencing
ချောင်ဘူရီ
Ambassador Jomtien HotelSquash
Dong Tan Beach-Sattahip Bayရွက်လှေ
Star Bowlဘိုလင်း
လန်ဖောင်းLamphun Sport Complexဘောလုံး၊ ပန်ကြတ်ဆီလပ်

ပြိုင်ပွဲ အထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ဘိုဆန် ( Bo Sang )ထီး တစ်လတ်၏ ပုံဖြစ်သည်။ ထိုအရာမှာ ချင်းမိုင်မြို့အား အားကစားပြိုင်ပွဲကို လက်ခံကျင်းပရာမြို့ အဖြစ် ထင်ဟပ်စေသည်။ ထိုထီး၏ ပုံမှာ ပြေးနေသော အားကစားသမား တစ်ဦး၏ ပုံစံဖော်ထားသည်။ ထိုအားကစားသမားမှာ ပြိုင်ပွဲဝင် အားကစားသမားများ၏ ရဲစွမ်းသတ္တိနှင့် ဆုံးဖြတ်ချက်ကို ဖော်ပြသည့်အပြင် ပြိုင်ပွဲဝင် အားကစားသမားများကိုလည်း ကိုယ်စားပြုသည်။ ထီး၏ အရောင်များဖြစ်သော အပြာ၊ အဝါ၊အနီ၊အနက်နှင့် အစိမ်းရောင်တို့သည် အိုလံပစ် အားကစားပွဲတော်၏ အမှတ်သင်္ကေတမှ အရောင်များဖြစ်ကာ ပြိုင်ပွဲဝင် အားကစားသမားများ၏ အားကစားစိတ်ဓာတ်ကို ပြသသည်။ကွင်း ၆ကွင်းမှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ မူလ၆နိုင်ငံနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကိုယ်စားပြုသည်။ဤကွင်း ၆ကွင်းပါသော အမှတ်တံဆိပ်မှာ အားကစားပြိုင်ပွဲများ စတင်ကျင်းပခဲ့ရာ ၁၉၅၉ခုနှစ်မှ စ၍ ယခု ၁၉၉၇ ဂျကာတာပွဲတော်ကျင်းပသည့် ၁၉၉၇ခုနှစ်အထိ ထည့်သွင်း အသုံးပြုခဲ့သည်။၁၉၉၉ ဘန်ဒါဆရီ ဘီဂါဝမ်ပွဲတော် မှစ၍ ကွင်း ၁၀ကွင်း ပါသော အမှတ်တံဆိပ်ကို စတင် အသုံးပြုခဲ့သည်။

လာဘ်ကောင်

၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ထိုင်းကြောင် ဖြစ်သည်။ အမည်မှာ ဆာဝါ့စဒီ (Sawasdee) (ထိုင်း: สวัสดี) ဖြစ်သည်။ လာဘ်ကောင်၏ လက်ထဲတွင် ဘိုဆန်ထီးကို ကိုင်ထားကာ လက်အုပ်ချီထားသည်။ ထိုင်းကြောင်မှာ ထိုင်းမျိုးရင်း ကြောင်များစွာထဲမှ တစ်မျိုး အပါအဝင်ဖြစ်သည်။ လာဘ်ကောင်အဖြစ်နှင့် သူ၏ အမည်ဖြစ်သော ဆာဝါ့စဒီမှာ ထိုင်းဘာသာစကား တွင် နှုတ်ခွန်းဆက်စကား၏ အသံထွက်ဖြစ်သည်။(မြန်မာပြည်တွင် မင်္ဂလာပါ အတိုင်းဖြစ်သည်) ၎င်း၏ ထီးမှာ ပြိုင်ပွဲကို လက်ခံကျင်းပရာ ချင်းမိုင်ဒေသကို ကိုယ်စားပြုသည်။ ထိုဒေသမှ ရွာတစ်ရွာဖြစ်သော ဘိုဆန်ရွာ သည် လက်လုပ် ရိုးရာထီးတစ်မျိုးကြောင့် ထိုင်းနိုင်ငံတစ်ဝန်း ကျော်ကြားသည်။

ပွဲများနှင့်အားကစား

ဖွင့်ပွဲ အခမ်းအနား

၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲ အခမ်းအနားကို ၁၉၉၅ခုနှစ် ဒီဇင်ဘာလ ၉ရက်နေ့က ချင်းမိုင်မြို့ရှိ နှစ်၇၀၀ပြည့် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထိုပွဲသို့ ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား ဝသိလာလောင်ကွန်းထိုင်းနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီ နှင့် ၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များ၊ အရေးကြီး ပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒေသတွင်း အားကစားအဖွဲ့ချုပ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အိမ်ရှေ့မင်းသား ဝသိလာ လောင်ကွန်းက အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

ပိတ်ပွဲ အခမ်းအနား

၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားကို ၁၉၉၅ခုနှစ် ဒီဇင်ဘာလ ၁၇ရက်နေ့က ချင်းမိုင်မြို့ရှိ နှစ် ၇၀၀ပြည့် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထိုပွဲသို့ ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား ဝသိလာလောင်ကွန်းထိုင်းနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီ နှင့် ၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များ၊ အရေးကြီး ပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒေသတွင်း အားကစားအဖွဲ့ချုပ်များမှ ကိုယ်စားလှယ်များ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အိမ်ရှေ့မင်းသား ဝသိလာ လောင်ကွန်းက အားကစားပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။

ထို့နောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အလံကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ၁၉၉၇ ဂျကာတာပွဲတော်ကို လက်ခံကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံမှ ကိုယ်စားလှယ်များအား လွှဲပြောင်း ပေးအပ်ခဲ့သည်။

ပါဝင်သည့် နိုင်ငံများ

အားကစားနည်းများ

  • ရေပိုင်းဆိုင်ရာ အားကစားနည်းများ
  • မြားပစ်
  • ပြေးခုန်ပစ်
  • ကြက်တောင်ရိုက်
  • ဘတ်စကက်ဘော
  • ဘီလိယက်နှင့် စနူကာ
  • ဘိုလင်း
  • လက်ဝှေ့
  • စက်ဘီးစီး
  • မြင်းစီး

ဓားသိုင်း

  • ဘောလုံး
  • ဂေါက်သီးရိုက်
  • ကျွမ်းဘား
  • ဟော်ကီ
  • ဂျူဒို
  • ပန်ကြတ်ဆီလပ်
  • လှေလှော်
  • ရက်ဘီ
  • ရွက်လှေ
  • ပိုက်ကျော်ခြင်း
  • သေနတ်ပစ်
  • စကွက်ရှ်
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
  • ဘော်လီဘော
  • Waterskiing
  • အလေးမ

ဆုတံဆိပ်ဇယား

၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၃၈ခု၊ ငွေတံဆိပ် ၃၃၁ခု၊ ကြေးတံဆိပ် ၄၁၆ခု၊ စုစုပေါင်း တံဆိပ် ၁၀၈၅ခုကို ချီးမြှင့်နိုင်ခဲ့သည်။ အိမ်ရှင် ထိုင်းနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တစ်လျှောက် အမြင့်မားဆုံး အောင်မြင်မှုကို ရရှိခဲ့သည်။[၂]

Key

  *   အိမ်ရှင်နိုင်ငံ

၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့် NOCရွှေငွေကြေးစုစုပေါင်း
 ထိုင်း*၁၅၇၉၈၉၁၃၄၆
 အင်ဒိုနီးရှား၇၇၆၇၇၇၂၂၁
 ဖိလစ်ပိုင်၃၃၄၈၆၂၁၄၃
 မလေးရှား၃၁၄၉၆၉၁၄၉
 စင်ကာပူ၂၆၂၇၄၂၉၅
 ဗီယက်နမ်၁၀၁၈၂၄၅၂
 မြန်မာ၂၁၃၇၆၂
 ဘရူနိုင်း
 လာအို
၁၀  ကမ္ဘောဒီးယား
Total (10 NOCs)၃၃၈၃၃၁၄၁၆၁၀၈၅

ကိုးကား

ယခင်က
၁၉၉၃
စင်ကာပူ
၁၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၁၉၉၅
ချင်းမိုင်
ဆက်ခံသူ
၁၉၉၇
ဂျာကာတာ
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ