၂၀၀၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

၂၀၀၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် လာအိုနိုင်ငံဗီယင်ကျန်းမြို့၌ ၂၀၀၇ခုနှစ် ဒီဇင်ဘာ ၉ရက်မှ ၁၈ရက်အထိကျင်းပသော ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ လာအိုနိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။ ထိုင်း၊ မြန်မာ၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် ဗီယက်နမ်တို့ပြီးနောက် နဝမမြောက် အိမ်ရှင်နိုင်ငံ ဖြစ်သည်။ ၁၉၆၅ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်ကို လက်ခံကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း ငွေကြေးအခြေအနေကြောင့် မလေးရှားအား ပေးခဲ့ရသည်။ သမ္မတ ချူမူလီဆိုင်ဆိုမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

၂၀၀၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
XXV Southeast Asian Games
ကျင်းပရာမြို့လာအိုနိုင်ငံဗီယင်ကျန်းမြို့
ဆောင်ပုဒ်Generosity Amity Healthy Lifestyle
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ၃၁၀၀
ကစားပွဲအမျိုးအစား၃၇၂(၂၅မျိုး)
ဖွင့်ပွဲအခမ်းအနား၉ ဒီဇင်ဘာ
ပိတ်ပွဲအခမ်းအနား၁၈ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူချူမူလီဆိုင်ဆို
(သမ္မတ)
Athlete's OathMayuly Phanouvong
Judge's OathSomphone Manikham
Torch LighterPhoxay Aphailath
အဓိကအားကစားကွင်းလာအို အမျိုးသားအားကစားကွင်း
ဝက်ဘ်ဆိုဒ်2009 Southeast Asian Games
၂၀၀၇ ၂၀၁၁  >

ဆီးဂိမ်းပွဲ၏ နှစ် ၅၀ ပြည့်ဖြစ်ကာ နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၃၁၀၀ခန့်က အားကစားနည်း ၂၅မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို လာအို အမျိုးသားအားကစားကွင်းသစ်တွင် ကျင်းပခဲ့သည်။ ထိုင်း၊ဗီယက်နမ်၊အင်ဒိုနီးရှားတို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

လက်ခံကျင်းပခြင်း

ကျင်းပရာမြို့များ

၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျင်းအား ၂၀၀၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ကျင်းပရာမြို့အဖြစ် ရွေးချယ်ခဲ့သည်။

ပြင်ဆင်မှုများ

လာအိုဆီးဂိမ်းကော်မတီအား သမ္မတ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့သည်။

အားကစားကွင်းများ

ကွင်းအသစ်အများစုနှင့် ကွင်းဟောင်းအချို့ကို အသုံးပြုခဲ့သည်။ အမျိုးသားအားကစားကွင်းသစ်မှာ ပရိသတ် ၂၅၀၀၀ ဆံ့ပြီး အဓိကပွဲများ ကျင်းပခဲ့သည်။ လာအိုအမျိုးသားတက္ကသိုလ်တွင် အားကစားသမားများကို ထားကာ အားကစားရွာအဖြစ် အသုံးပြုထားသည်။

စုစုပေါင်းနေရာ ၂၇ ခု အသုံးပြုခဲ့သည်။

မြို့အားကစားကွင်းကစားနည်းများ
ဗီယင်ကျန်းမြို့New National Sport Complex
New Laos National Stadiumဖွင့်ပွဲ၊ ပိတ်ပွဲ၊ ပြေးခုန်ပစ်နှင့် ဘောလုံး (အမျိုးသား)
Aquatics stadiumAquatics (Swimming, Diving, Water polo), Finswimming
Archery rangeArchery
Gymnasium 1Badminton
Beech Volleyball StadiumVolleyball (Beech)
Gymnasium 2Volleyball (Indoor)
Shooting rangeShooting
Tennis courtTennis
National University of Laos
University StadiumFootball (Women)
Olympasia GymnasiumBoxing
Convention hallTable tennis
Booyong GymnasiumTaekwondo, Wrestling
Petanque courtPetanque
Lao international Trade Exhibition and Convention Center
Hall 1Sepak takraw
Hall 2Wushu
Hall 3Pencak silat
Beung Kha Nong Sports Centre
Lao-Thai GymnasiumMuay
Gymnasium 1Shuttlecock
Others
That Luang, Lan Xang Avenue, Samsenethai, Thadeua km10, T4, Kaysone RoadCycling (Individual time trial)
Done Noune Tri Square, Ban Keun, return (Men: Thalath Market, Women: Pakkhanhoung)Cycling (Mass start)
Dane SongCycling (Mountain bike: Downhill)
Tad SoneCycling (Mountain bike: Cross country)
Don Chan Palace HotelBilliards and snooker
Chao Anouvong StadiumFootball (Men and Women)
Chao Anouvong GymnasiumJudo, Karate
SEA Games Golf CourseGolf
Pornsawan SchoolWeightlifting

အခက်အခဲများ

လာအိုနိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့်အညီ ရွက်လှေ၊ ၃မျိုးဆင့်အားကစားနည်း စသည့်အားကစားနည်းများကို ကျင်းပနိုင်ခြင်းမရှိပေ။ ထို့အပြင် အားကစားအဆင့်အတန်း နိမ့်ပါးခြင်းကြောင့် အားကစားနည်းများကို လျှော့ချခဲ့ရသည်။ ဖိလစ်ပိုင်နိုင်ငံအပါအဝင် နိုင်ငံအချို့က အားကစားပြိုင်ပွဲများကိုခွဲ၍ လက်ခံကျင်းပရန် ကမ်းလှမ်းခဲ့သော်လည်း လာအိုနိုင်ငံက ငြင်းဆိုခဲ့သည်။ တရုတ်၊ ဗီယက်နမ်၊ ဂျပန်နှင့် အခြားသော အာဆီယံတိုင်းပြည်များမှ ကူညီမှုများကိုသာ လက်ခံခဲ့ပြီး အားကစားအဆောက်အဦးများ တည်ဆောက်ခဲ့သည်။

ပြိုင်ပွဲအထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၂၀၀၉အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ မဲခေါင်မြစ်ကမ်းဘေးရှိ လာအိုနိုင်ငံ အထိမ်းအမှတ်ဖြစ်သော ဖသတ်လောင် ဖြစ်သည်။ ၎င်းအောက်ရှိ လိုင်း ၃ လိုင်းမှာ မဲခေါင်မြစ် ဖြစ်သည်။ အပေါ်ပိုင်းတွင် ဆီးဂိမ်းလိုဂို ပါရှိသည်။

ဖသတ်လောင်

လာဘ်ကောင်

၂၀၀၉အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ လာအိုရိုးရာဝတ်စုံ ဝတ်ဆင်ထားသော ဆင်နှစ်ကောင် ဖြစ်သည်။ အထီးမှာ ချန်ပ၊ အမမှာ ချန်ပီး ဖြစ်သည်။ ဆင် ၂ ကောင်မှာ အိမ်ရှင်လာအိုကို ကိုယ်စားပြုသည်။ (လာအိုရှေးနိုင်ငံဖြစ်သော "လန်ဆင်း"၏ အဓိပ္ပာယ်မှာ ဆင်များစွာ၏နိုင်ငံဟု ရသည်)

သီချင်း

သီချင်း ၃၃ ပုဒ်ရှိသည်။

ပွဲများနှင့်အားကစား

ဖွင့်ပွဲအခမ်းအနား

ဖွင့်ပွဲအခမ်းအနားတွင်​တွေ့ရ​သော မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်

၉ ဒီဇင်ဘာ ၂၀၀၉ ဒေသစံတော်ချိန် ၆ နာရီ ၁၀ မိနစ်တွင် လာအိုအမျိုးသားအားကစားကွင်းအသစ်တွင် ကျင်းပခဲ့သည်။ သမ္မတနှင့် ဧည့်သည်တော်များ ကြွရောက်လာမှုနှင့်အတူ အမှတ်စဉ်ရေတွက်မှုနှင့် စတင်ခဲ့သည်။ လာအိုရဲတပ်ဖွဲ့ ဘင်ခရာတပ်ဖွဲ့၊ နိုင်ငံတော်အလံကိုင်တပ်ဖွဲ့များနှင့်အတူ ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများ ဝင်ရောက်လာသည်။ လာအိုဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး သမ္မတမှ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်တွင် မီးရှုးတိုင် ထွန်းညှိကာ ဖျော်ဖြေရေးအစီအစဉ်များဖြင့် အခမ်းအနားပြီးဆုံးခဲ့သည်။

ပိတ်ပွဲအခမ်းအနား

၁၈ ဒီဇင်ဘာ ၂၀၀၉ ဒေသစံတော်ချိန် ၆ နာရီ ၁၀ မိနစ်တွင် လာအိုအမျိုးသားအားကစားကွင်းအသစ်တွင် ကျင်းပခဲ့သည်။ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ ကြွရောက်လာမှုနှင့်အတူ အမှတ်စဉ်ရေတွက်မှုနှင့် စတင်ခဲ့သည်။ ပွဲအပြီးတွင် ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံအား အလံလွှဲပြောင်းပေးခဲ့သည်။

ပါဝင်သည့် နိုင်ငံများ

အားကစားနည်းများ

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ​ရေကူး
    • ဝါတာပိုလို
    • Finswimming
  • မြားပစ်
  • ပြေးခုန်ပစ်
  • ကြက်တောင်ရိုက်
  • ဘီလိယက်နှင့် စနူကာ
  • လက်​ဝှေ့
  • စက်ဘီးစီး
  • ​ဘောလုံး
  • ​ဂေါက်သီးရိုက်
  • ဂျူဒို
  • ကရာ​တေး
  • ​မွေထိုင်း
  • ပန်ကြပ်ဆီလပ်
  • ပီတန်း
  • ပိုက်​ကျော်ခြင်း
  • ​Shuttlecock
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
  • ​ဘော်လီ​ဘော
  • အ​လေးမ
  • နပန်း
  • ဝူရှုး

ဆုတံဆိပ်ဇယား

Key

  *   အိမ်ရှင်

၂၀၀၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့် NOCရွှေငွေကြေးစုစုပေါင်း
 ထိုင်း၈၆၈၃၉၇၂၆၆
 ဗီယက်နမ်၈၃၇၅၅၇၂၁၅
 အင်ဒိုနီးရှား၄၃၅၃၇၄၁၇၀
 မလေးရှား၄၀၄၀၅၉၁၃၉
 ဖိလစ်ပိုင်၃၈၃၅၅၁၁၂၄
 စင်ကာပူ၃၃၃၀၃၅၉၈
 လာအို*၃၃၂၅၅၂၁၁၀
 မြန်မာ၁၂၂၂၃၇၇၁
 ကမ္ဘောဒီးယား၁၀၂၇၄၀
၁၀  ဘရူနိုင်း၁၀
၁၁  အရှေ့တီမော
စုစုပေါင်း (11 NOCs)၃၇၂၃၇၄၅၀၀၁၂၄၆

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ