၂၀၁၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် အင်ဒိုနီးရှားနိုင်ငံ၊ ဖလန်းပင်မြို့နှင့် ဂျာကာတာမြို့တို့၌ ၂၀၁၁ခုနှစ် နိုဝင်ဘာ ၁၁ရက်မှ ၂၂ရက်အထိကျင်းပသော ၂၆ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၇၉၁၉၈၇၁၉၉၇ပွဲတော်များကို အိမ်ရှင်အဖြစ် ၃ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၁ခုနှစ်တွင် စတုတ္ထအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ဆူစီလို ဘမ်ဘန် ယူဟိုယိုနိုမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
XXVI Southeast Asian Games
ကျင်းပရာမြို့အင်ဒိုနီးရှားနိုင်ငံ ဖလန်းပင်မြို့နှင့် ဂျာကာတာမြို့
ဆောင်ပုဒ်United and Rising
(အင်ဒိုနီးရှား: Bersatu dan Bangkit)
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ၄၉၆၅
ကစားပွဲအမျိုးအစား၅၄၅ (၄၂မျိုး)[၁]
ဖွင့်ပွဲအခမ်းအနား၁၁ နိုဝင်ဘာ
ပိတ်ပွဲအခမ်းအနား၂၂ နိုဝင်ဘာ[၂]
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဆူစီလို ဘမ်ဘန် ယူဟိုယိုနို
အင်ဒိုနီးရှား သမ္မတ
Athlete's OathDedeh Erawati
Judge's OathEko Sunarto
Torch LighterSusi Susanti
အခမ်းအနားကျင်းပရာ အားကစားကွင်းဂျီလိုရာ ဆရီဝီဂျေယာ အားကစားကွင်း
ဝက်ဘ်ဆိုဒ်2011 Southeast Asian Games
၂၀၀၉ ၂၀၁၃  >

နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၄၉၆၅ခန့်က အားကစားနည်း ၄၂မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဂျီလိုရာ ဆရီဝီဂျေယာ အားကစားကွင်းတွင် ကျင်းပခဲ့သည်။ အင်ဒိုနီးရှား၊ထိုင်း၊ဗီယက်နမ်တို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

အင်ဒိုနီးရှားအ​နေဖြင့် ယခင် ၃ ကြိမ်ကို မြို့တော်ဂျာကာတာတွင် ကျင်းပခဲ့ပြီး ယခုဖလန်းပင်မြို့သည် အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ သမိုင်းတွင် မြို့တော်မဟုတ်ဘဲ ကျင်းပသည့် တတိယမြောက်မြို့ ဖြစ်လာသည်။ ၁၉၉၅ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် နခွန် ရက်ချဆီမာတို့၌ မြို့တော်မဟုတ်ဘဲ ပထမဆုံးနှင့် ဒုတိယအကြိမ် ကျင်းပခဲ့သည်။

လက်ခံကျင်းပခြင်း

ကျင်းပရာမြို့

ဂျာကာတာ
Co-hosts of 2011 Southeast Asian Games

တောင်စူမားတြား၏မြို့တော် ဖလန်းပင်သည် အဓိကပွဲစဉ်များ ကျင်းပရာမြို့ဖြစ်သည်။ မြို့တော်ဂျာကာတာသည် ဒုတိယမြို့ဖြစ်သည်။ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့်အတူ အားကစားနည်း ၂၂ မျိုးကို ဖလန်းပင်၊ ကျန်ရှိသော ၂၀ ကို ဂျာကာတာတွင် ကျင်းပခဲ့သည်။

အစပိုင်းတွင် အစိုးရက ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကျင်းပရန် နေရာလေးနေရာကို စဉ်းစားခဲ့သည်။ ဂျာကာတာ၊ အနောက်ဂျာဗား၊ ဂျာဗားအလယ်ပိုင်းနှင့် တောင်စူမားတြား တို့ လေးနေရာအနက် နောက်ဆုံးတွင် ဂျာကာတာနှင့် တောင်စူမားတြားတွင်သာ ကျင်းပခဲ့သည်။

ကြိုတင်ပြင်ဆင်မှုများ

အင်ဒိုနီးရှားအိုလံပစ်ကောင်စီသည် အင်ဒိုနီးရှားဆီးဂိမ်းကော်မတီ ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၃၈.၇ မီလီယံကို ၂၀၁၀ ဘဏ္ဍာနှစ်၊ ၂၃၀ မီလီယံကို ၂၀၁၁ ဘဏ္ဍာနှစ်တွင် သုံးစွဲခဲ့ကာ ပညာရေးဘတ်ဂျက်နှင့် စပွန်ဆာများမှ နောက်ထပ်ငွေများလည်း သုံးခဲ့သည်။

အားကစားကွင်းများ

ဖလန်းပင်[၃]

ဂျကာဘာရင်အားကစားကွင်း(ရေအားကစားနည်းများကျင်းပ)
ကွင်းအားကစားဆိုင်ရာ
Dempo ခန်းမကျွမ်းဘား(အေရိုးဗစ်)
Dempo အားကစားရွာအလေးမ
Gedung Serbaguna Jakabaringနပန်း
Jakabaring အားကစားရွာရေး(ရေကူး၊ ရေငုပ်၊ စည်းချက်ကျရေကူး)၊ အားကစားသမား၊

ဘေ့စ်ဘော၊ဘောလုံးပြိုင်ပွဲ၊finswimming၊pétanque၊ စကိတ်စီးခြင်း၊ သေနတ်ပစ်၊ softball၊
တင်းနစ်နှင့် ပျော့ပျောင်းသောတင်းနစ်၊ ဘောလီဘော(ကမ်းခြေ)၊ မြို့ရိုးတောင်တက်၊ ရေနှင်းလျှောစီး

Jakabaring ဘိလိယက်ကွင်းCue Sport
Jayakarta ဟိုတယ်စစ်တုရင်
Lumban Tirta ကွင်းဝါတာပိုလို
Ranau ကျွမ်းဘားခန်းမကျွမ်းဘား(အနုပညာနှင့်စည်းချက်အက)
SPC Jakabaringပိုက်ကျော်ခြင်း
Swarna Dwipa ဟိုတယ်တံတား
တက္ကသိုလ် Sriwijaya

(Fieldhouse နှင့် Sriwijaya အားကစားခန်းမ)

လက်ဝှေ့၊ဘော်လီဘော(မိုးလုံလေလုံ)

ဂျာကာတာ

ပန်ကြပ်ဆီလတ်အားကစားပွဲ
ကွင်းအားကစားဆိုင်ရာ
Ancol Dreamlandစက်ဘီး(သင်း)၊ရွက်လှေ
Arthayasa Stables and Country Clubမြင်းစီး
Bowling Jaya Ancolဘိုးလင်း
Gelanggang Remaja Tanjung Priokဗိုဗွီနမ်
Gelora bung Karnoဘောလုံးပြိုင်ပွဲ
Gunung massParagliding
Gunung Pancarစက်ဘီး
Jagorawi country ကလပ်ဂေါက်သီး၊မြက်ခင်းဖလား
အိုင် CipuleCanoeing/kayaking၊လှေလှော်၊ရိုးရာလှေပြိုင်ပွဲ
Lebak Bulus ကွင်းဘောလုံးပြိုင်ပွဲ
Kelapa Gading ဂျူဗဟိုဂျူဒို
Kelapa Gading အားကစားကုန်တိုက်ဘတ်စကက်ဘော
Padepokan Pencak Silatပန်ကြပ်ဆီလတ်
POPKI အားကစားခန်းမဖူဆယ်၊တိုက်ကွမ်ဒို
Putri ကျွန်းရေကူး
Senayan အားကစားရွာ

Istora Senayan၊Lapangan ABC Tennis indoor

မြားပစ်၊ကြက်တောင်၊ကရာတေး၊wushu
Soemantri Brodjonegoro ကွင်းစားပွဲတင်တင်းနစ်
Subang လမ်းစက်ဘီး(road face)
အင်ဒိုနီးရှားတက္ကသိုလ်fencing
Rawamangun Velodromeစက်ဘီး(track)
Ciracas အားကစားခန်းမKenpo
အားကစားရွာ

ဂျာကာဘရင်၊ဖလမ်းပင်တို့သည်အားကစားရွာများဖြစ်သည်။

ပြိုင်ပွဲအထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၂၀၁၁အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ဂဠုန်ပုံဖြစ်သည်။ ဂဠုန်မှာ သန်မာခြင်း၊ နှင့်သူ၏တောင်ပံများမှာ ကြီးကြယ်ခြင်းနှင့် ဘုန်းတန်ခိုးတို့ဖြစ်သည်။ အစိမ်းရောင်သည် ကျွန်းစုများ၏ စိမ်းလန်းမှု၊ အပြာရောင်သည် နူဆန်တာရာပင်လယ်၊ အနီရောင်သည် သတ္တိနှင့် ထက်သန်မှုတို့ ပေးသည်။ ကွင်း ၁၁ ကွင်းမှာ SEAGF အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံ ဖြစ်သည်။

လာဘ်ကောင်

မိုဒို၊မိုဒီ

၂၀၁၁အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်​ကောင်မှာ ကွန်မန်ဒိုနဂါး(ဖွတ်) မိုဒိုနှင့်မူဒီ ဖြစ်သည်။ ၎င်းတို့သည် အင်ဒိုနီးရှားရိုးရာဝတ်စုံများကို ဝတ်ဆင်ထားသည်။

သီချင်း

အယိုအင်ဒိုသည် official theme song ဖြစ်သည်။

ပွဲများနှင့်အားကစား

ဖွင့်ပွဲအခမ်းအနား

အင်ဒိုနီးရှားအားကစားသမားများချီတက်လာစဉ်
မီးရှုးတိုင်ထွန်းညှိပြီးနောက်

၂၀၁၁ နိုဝင်ဘာ၁၁ ညတွင် ဂျီလိုရာဆရီဝီဂျေယာ အားကစားကွင်း၌ ကျင်းပခဲ့သည်။ ဤဖွင့်ပွဲသည် စပိုက်ဒါကင်မရာ (ကောင်းကင်ကြိုးဖြင့်ပြေးကာ ရိုက်သော)၊ LED စခရင်နှင့် ကားပတ်စတိတ်(ကွင်းအလယ်ရှိ ပိတ်သားအဖြူကို ပရိုဂျက်တာဖြင့်ထိုးခြင်း) တို့ကို စတင်အသုံးပြုခဲ့သည်။

ပိတ်ပွဲအခမ်းအနား

ပိတ်ပွဲကို နိုဝင်ဘာ ၂၂ ၌ ဂျီလိုရာဆရီဝီဂျေယာ အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထိုပွဲတွင် နောက် ၂၇ ကြိမ်မြောက် ဆီးဂိမ်းကို လက်ခံကျင်းပမည့် မြန်မာပြည်မှ အားကစားဝန်ကြီး ဦးတင့်ဆန်းမှ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်အလံကို လက်ခံရယူခဲ့သည်။ ထိုပွဲတွင် မြန်မာယဉ်ကျေးမှုအဖွဲ့မှ အကြိုဖျော်ဖြေရေးအနေဖြင့် အပျိုတော်ယိမ်း၊ စည်းလုံးလို့နေသွေးချင်းတို့ရဲ့မြေနှင့် စည်တိုအကများ ဖျော်ဖြေခဲ့သည်။

ပါဝင်သည့် နိုင်ငံများ

အားကစားနည်းများ

အားကစားနည်းပေါင်း ၄၃ မျိုး ထည့်သွင်းကျင်းပခဲ့သည်။

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ​Finswimming
    • ​ရေကူး
    • ​Synchronised swimming
    • ​Open Water Swimming
    • ဝါတာပိုလို
  • မြားပစ်
  • ပြေးခုန်ပစ်
  • ကြက်တောင်ရိုက်
  • ​ဘေ့စ်​ဘော
  • ဘတ်စကက်​ဘော
  • ဘီလိယက်နှင့် စနူကာ
  • လက်​ဝှေ့
  • ဘိုလင်း
  • ​Bridge
  • ကနူး​လှေ
  • ​စစ်တုရင်
  • စက်ဘီးစီး
    • ​BMX
    • ​Mountain
    • ​Road
    • ​Track
  • မြင်းစီး
  • ဓားသိုင်း
  • ​ဘောလုံး
  • ​ဖူဆယ်
  • ​ဂေါက်သီးရိုက်
  • ကျွမ်းဘား
  • ဂျူဒို
  • ကရာ​တေး
  • ​ကမ်ပို
  • ​​လေထီးခုန်
  • ပန်ကြပ်ဆီလပ်
  • ပီတန်း
  • Roller Skating
  • ​လှေ​လှော်
  • ရွက်​လှေ
  • ပိုက်​ကျော်ခြင်း
  • ​သေနတ်ပစ်
  • Softball
  • ​Soft Tennis
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
  • ရိုးရာ​လှေ
  • ၃မျိုးဆင့် အားကစား
  • ​ဘော်လီ​ဘော
  • ​ဗိုဗီနမ်
  • Wall Climbing
  • ​​ရေလွှာလှိုင်းစီး
  • အ​လေးမ
  • နပန်း
  • ဝူရှုး

ဆုတံဆိပ်ဇယား

Key

  *   အိမ်ရှင်

၂၀၁၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့် NOCရွှေငွေကြေးစုစုပေါင်း
 အင်ဒိုနီးရှား*၁၈၂၁၅၁၁၄၃၄၇၆
 ထိုင်း၁၀၉၁၀၁၁၁၉၃၂၉
 ဗီယက်နမ်၉၆၉၂၁၀၀၂၈၈
 မလေးရှား၅၈၆၀၈၁၁၈၉
 စင်ကာပူ၄၂၄၅၇၄၁၆၁
 ဖိလစ်ပိုင်၃၇၅၅၇၇၁၆၉
 မြန်မာ၁၆၂၇၃၇၈၀
 လာအို၁၂၂၄၃၉
 ကမ္ဘောဒီးယား၁၁၂၄၃၉
၁၀  အရှေ့တီမော
၁၁  ဘရူနိုင်း၁၁
စုစုပေါင်း (11 NOCs)၅၅၄၄၄၉၇၀၄၁၈၀၇

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ