၃၁-ဘုံ

ဤဩကာသလောကကြီးတွင် သတ္တဝါတို့၏နေထိုင်ရာဘုံဌာနမှာ သုံးဆယ့်တစ်ဘုံ ရှိသည်။

၃၁ ဘုံ ပြပုံ

၃၁-ဘုံ

ဘုရားရှိခိုးအမျိုးမျိုးစာအုပ်များတွင် အားလုံးနီးပါးသော အမျှဝေခြင်းများ၌ ၃၁-ဘုံသည် ပါဝင်လေ့ရှိသည်။ သို့သော် ၃၁-ဘုံနှင့်ပတ်သက်၍ သာမန်သိရှိခြင်းထက် အသေအချာသိရှိကြမည် ဆိုပါက ပိုမိုအကျိုးရှိနိုင်ပေသည်ဟု ယုံကြည်ပါသဖြင့် ၃၁-ဘုံ သိကောင်းစရာအကြောင်း ကို ရေးသားဖော်ပြရခြင်း ဖြစ်သည်။

ဤဩကာသလောကကြီးတွင် သတ္တဝါတို့၏နေထိုင်ရာဘုံဌာနမှာ သုံးဆယ့်တစ်ဘုံ ရှိသည်။ ဗြဟ္မာဘုံ နှစ်ဆယ်နတ်ဘုံ ခြောက်ဘုံလူ့ဘုံ တစ်ဘုံအပါယ် လေးဘုံ တို့ဖြစ်သည်။ ထိုသုံးဆယ့်တစ်ဘုံတည်းဟူသော ဩကာသလောကကြီးသည် အာသဝေါကုန်ခန်းပြီးသော ရဟန္တာမဖြစ်သေးသမျှ ထက်အောက်ပြောင်းပြန် ဗလောင်ဆန်အောင် ကျင်လည်ရဦးမည့် ဘုံဌာနများဖြစ်သည်။

မြတ်စွာဘုရား ဟောကြားထားသော နခသိခသုတ်ကိုထောက်ရှုခြင်းအားဖြင့် လူ့ဘုံမှစုတေ၍ သေလွန်ကြကုန်သောသူတို့တွင် လူ့ဘုံသို့ရောက်ရှိသောသူမှာ မြတ်စွာဘုရား၏ လက်သဲခွံပေါ်၌ရှိသော မြေမှုန့် ပမာဏမျှသာရှိ၍ အပယ်လေးဘုံသို့ကျရောက်သောသူတို့မှာ ဂင်္ဂါမြစ်လွင်ပြင်ရှိ မြေမှုန့်ပမာဏ ရှိသည်။ လူ့ဘဝမှစုတေ၍ လူပြန်ဖြစ်သော ပမာဏ နှင့် အပါယ်လေးဘုံသို့ကျရောက်သောသူတို့၏ ပမာဏ နှိုင်းဆ၍မရအောင် ကွာခြားလှပါသည်။ လူတစ်ထောင်သေ၍တစ်ယောက်မျှလောက်ပင် လူပြန်ဖြစ်ဖို့ရာ မလွယ်ကူချေ။

ဗြဟ္မာဘုံ နှစ်ဆယ်

ဗြဟ္မပါရိသဇ္ဖာဗြဟ္မပုရောဟိတာမဟာဗြဟ္မာပရိတ္တာဘာအပ္ပမာဏာဘာအာဘဿရာပရိတ္တာသုဘာအပ္မမာဏာသုဘာသုဘကိဏှာဝေဟပ္ဖိုလ်အသညသတ်အဝိဟာအတပ္မါသုဒဿာသုဒဿီအကနိဋ္ဌအာကာသာနဉ္စာ ယတနဝိညာဏဉ္စာယတနအာကိဉ္စ ညာယတနနေဝသည နာသညာယတန

နတ်ပြည် ခြောက်ထပ်

စတုမဟာရာဇ်တာဝတိံသာယာမာတုသိတာနိမ္မာနရတိပရနိမ္မိတဝသဝတ္တီ

လူ့ဘုံ တစ်ဘုံ

လူ့ဘုံ

အပါယ် လေးဘုံ

ငရဲတိရစ္ဆာန်ပြိတ္တာအသူရကာယ် [၁][၂]

ကျမ်းကိုး

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ