ဟေးဒီးစ်

ဂရိဒဏ္ဍာရီလာ နတ်ဘုရား
(Hades မှ ပြန်ညွှန်းထားသည်)

ဟေးဒီးစ်နတ်မင်း (/ˈhdz/; ရှေးဟောင်းဂရိ: ᾍδης သို့မဟုတ် Άͅδης, Háidēs)သည် ရှေးဂရိဒဏ္ဍာရီလာ နတ်ဘုရားများအနက်မှ မြေအောက်ကမ္ဘာကို အစိုးရသော နတ်မင်းဖြစ်သည်။ သူ၏ညီအကိုများဖြစ်သော ဇုစ်ပိုဆိုက်ဒန် တို့နှင့်ပေါင်းပြီး ဖခင် ခရိုနပ်စ် ဆီမှ ထီးနန်းသိမ်းယူပြီး ဇူးစ်ကို နန်းတင်ခဲ့ပြီး ကောင်းကင်ကို အုပ်ချုပ်စေသည်။ ပိုဆိုက်ဒန်ကို ပင်လယ်ပေးကာ ဟေးဒီးစ်က မြေအောက်ကမ္ဘာကို အုပ်ချုပ်သည်။ ဟေးဒီးစ်ကို အနုပညာလက်ရာများတွင် အသက်အရွယ်ရသော အမျိုးသားပုံစံဖြင့် သရုပ်ဖော်ပြီး နံဘေးတွင် ခေါင်းသုံးလုံးနှင့် အစောင့်ခွေးတစ်ကောင်ပါပြီး ဦးခေါင်းတွင် အမှောင်လောကမှ သရဖူကိုဆောင်းထားသည်။ ထိုသရဖူအစွမ်းဖြင့် ဟေးဒီးစ်မှာ ကိုယ်ဖျောက်နိုင်သည်။ ဇုစ်နတ်မင်းနှင့် ရုပ်ချင်းဆင်သော်လည်း ပို၍ ဣန္ဒြေကြီးပြီးလျှင် ခက်ထန်သည်။ ဟေးဒီးစ်မှာ မြေဩဇာကောင်းအောင် ကူညီမှိုင်းမ ပေးနိုင်သဖြင့် လယ်သမားတို့က ကိုးကွယ်ပသကြသည်။

ဟေးဒီးစ်
ဟေးဒီးနှင့် ခေါင်းသုံးလုံးပါသော အစောင့်ခွေး
ဟေးဒီးနှင့် ခေါင်းသုံးလုံးပါသော အစောင့်ခွေး
ကြင်ဖော်ပဲဆဲဖိုနီ
မိဘများခရိုးနပ်စ် နှင့် ရီးယာ
မောင်နှမများဇုစ်၊ ဟက်စရှာ၊ ဟဲ့ရာပိုဆိုက်ဒန် နှင့် ဒစ်မီးတာ
သားသမီးများMacaria, Melinoe and Zagreus
ရောမအခေါ်ပလူတို

မွေးဖွားခြင်း

ဟေးဒီးစ်သည် ခရိုနပ်စ်(Cronus or Kronos) နှင့် ရီးယာ(Rhea) တို့၏ အကြီးဆုံးသားဖြစ်သည်။


ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ