Windows Vista

Windows Vista (codenamed Longhorn[၇]) သည် မိုက်ခရိုဆော့ဖ်၏ ကွန်ပျူတာ လည်ပတ်ရေးစနစ်တစ်ခုဖြစ်ပြီး ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် စတင်ထုတ်လုပ်ခဲ့ပြီး[၈] မိုက်ခရိုဆော့ဖ် ဝဘ်ဆိုဒ်မှ ဒေါင်းလုပ်ဆွဲနိုင်အောင် လုပ်ဆောင်ပေးခဲ့သည်။[၉] Windows Vista အား ပွဲထုတ်ချိန်သည် ယခင် အအောင်မြင်ဆုံးနှင့် နှစ်အရှည်ဆုံး ရပ်တည်လာခဲ့သည့် Windows XP ထုတ်လုပ်ခဲ့ချိန်အပြီး ၅ နှစ်အကြာမှ စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။Windows Vista တွင် ပါဝင်လာသော feature အသစ်များမှာ update GUI နှင့် visual style, Windows Search တို့ဖြစ်ကြသည်။ Windows Vista တွင် .NET Framework ဗာရှင်း 3.0 ပါဝင်လာခဲ့သည်။ မိုက်ခရိုဆော့ဖ်သည် Windows Vista အား ထုတ်လုပ်ခဲ့သည် ရည်မှန်းချက်မှာ Windows စက်လည်ပတ်ရေးစနစ်၏ လုံခြုံရေးကို အဆင့်မြှင့်တင်ရန် ဖြစ်သည်။[၁၀] ဆယ်စုနှစ်တစ်ခုစာခန့် ရပ်တည်လာခဲ့သည့် Windows XP ၏ လုံခြုံရေး ယိုပေါက်များကို ပြန်လည်ပြုပြင်ရန် လိုအပ်လာခဲ့သည်။ အသုံးပြုသူများ၏အကြိုက်တွေ့မှုသည် Windows XP ထက် နည်းပါးခဲ့သည်ဟုဆိုသည်။ ကာလအတော်ကြာ အသုံးပြုလာခဲ့သော Windows XP အသုံးပြုသူများသည်Windows Vista ၏ GUI အသစ်နှင့် မရင်းနှီးခဲ့ကြပေ။[၁၁] သို့သော်လည်း Windows Vista အား ထုတ်လုပ်ပြီး ၂၄ လတာကာလအတွင်း အသုံးပြုသူ ၂၀၀ မီလီယံခန့်ထိ ရှိခဲ့သည်။[၁၂][၁၃] မိုက်ခရိုဆော့ဖ်သည် Windows Vista အတွက် ပင်မထောက်ပံ့ပေးမှုအား ဧပြီ ၁၀၊ ၂၀၁၂ ခုနှစ်တွင် ရပ်တန့်ခဲ့သည်။[၁၄]ထပ်တိုး ထောက်ပံ့ပေးမှုသည် ၁၁ ဧပြီ ၂၀၁၇ တွင် ကုန်ဆုံးမည်ဖြစ်သည်။

Windows Vista
Windows NT စက်မောင်းစနစ်၏ ဗားရှင်းတစ်ခု
Screenshot of Windows Vista Ultimate, showing its desktop, taskbar, Start menu, Windows Sidebar, Welcome Center and glass effects of Windows Aero
ဖန်တီးသူMicrosoft
ရင်းမြစ်အမျိုးအစားClosed source / Shared source[၁]
အသုံးပြုသူထံသို့
ဖြန့်ချီခြင်း
၈ နိုဝင်ဘာ ၂၀၀၆; ၁၇ နှစ် အကြာက (၂၀၀၆-၁၁-08)[၂]
ရရှိနိုင်မှု၃၀ ဇန်နဝါရီ ၂၀၀၇; ၁၇ နှစ် အကြာက (၂၀၀၇-၀၁-30)[၃]
နောက်ဆုံးဖြန့်ချီခြင်းService Pack 2 (6.0.6002)[၄] / ၂၆ မေ ၂၀၀၉; ၁၄ နှစ် အကြာက (၂၀၀၉-၀၅-26)[၅]
အဆင့်မြှင့်တင်မှုနည်းလမ်းWindows Update, Windows Server Update Services, SCCM
ပလက်ဖောင်းများIA-32 and x86-64
ကာနဲလ် အမျိုးအစားHybrid
လိုင်စင်Proprietary commercial software
ယခင်အမျိုးအစားWindows XP (2001)
နောက်ထွက်အမျိုးအစားWindows 7 (2009)
အထောက်အပံ့ပေးမှု အခြေအနေ
Mainstream support ended on 10 April 2012
Extended support until 11 April 2017[၆]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ