ကီတုန်းဆက်စပ်အက်ဆစ်ဓာတ်များခြင်း

Ketoacidosis ကို ကီတုန်းဆက်စပ် အက်ဆ်ဓာတ်များခြင်းဟု ဘာသာပြန်ဆိုသည်။ ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်းသည် ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲ ခံစားရခြင်း ဖြစ်သည်။ ကိုယ်ခန္ဓာအတွင်း အင်ဆူလင် မရှိသလောက် နည်းပါးသွားသော အခြေအနေနှင့် အင်ဆူလင်နှင့် ပြောင်းပြန်အစွမ်းသတ္တိရှိသော ဟိုမုန်းများ ထွက်လာသည့် အခြေအနေတွင် ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်း (ဒီကေအေ) ကို ဖြစ်စေသည်။ ဆီးချိုအမျိုးအစား-၁ တွင် ပိုမို အဖြစ်များသည်။ ဆီးချိုအမျိုးအစား-၂ တွင် အချို့အခြေအနေများတွင် ဖြစ်နိုင်သည်။

ကီတုန်းပစ္စည်းထုတ်လုပ်မှု

အင်ဆူလင်းနည်းသောအခါတွင် အသည်းမှ ကီတုန်းပစ္စည်း (ketone bodies) များကို ထုတ်လုပ်သည်။ ကီတုန်းပစ္စည်းသည် အဆီ၏ ဖြိုခွဲရာမှ ဖြစ်ပေါ်လာသော ဘေးထွက်ပစ္စည်းတစ်ခု ဖြစ်သည်။ အစပိုင်း၌ ကီတုန်းပစ္စည်းများ ထွက်ပေါ်လာခြင်း ကီတို့စစ် (ketosis) အဆင့်မျှသာ ရှိသေးရာ ဤအဆင့်မှာ အန္တရာယ် မရှိသေးပါ။ သို့သော် အများအပြား ထွက်လာသော အခါ သွေးအတွင်း အက်ဆစ်ဓာတ်ကို များစေသည်။ ဤအဆင့်ကိုမှ ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်းဟု ခေါ်သည်။


ရောဂါလက္ခဏာများ

  • ကယောင်ကတမ်းဖြစ်ခြင်း
  • ဗိုက်နာဗိုက်အောင့်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • တုပ်ကွေးမိသကဲ့သို့ ဖြစ်ခြင်း
  • မလှုပ်ချင်မရှားချင်ခြင်း
  • အားကုန်ခမ်းခြင်း
  • လေငတ်သလို ရှိုက်ရှိုက်ပြီး ရှူခြင်း (အသက်ရှူမဝခြင်း)
  • သတိလစ် -ကိုမာဖြစ်ခြင်း
  • သေဆုံးခြင်း

ကုသမှု

ရေဓာတ်ပြန်လည် ဖြည့်တင်းပေးပြီး အင်ဆူလင်ပါ တွဲပေးရမည်။ လူနာသည် အရေးပေါ်ဌာနတွင် အင်ဆူလင်၊ ဂလူးကို့စ် နှင့် အရည်ဖြည့်သွင်းပေးခြင်း စသည့် ကုသမှုမျိုး ခံယူရန် လိုအပ်သည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ